Pages

Monday 25 April 2016

အ​ယောင်​​ဆောင်​​တွေမပါတဲ့ ရိုးရှင်းတဲ့ဘ၀နဲ့ ပြည်​​ထောင်​စုဝန်​ကြီး

တစ်ခေတ်တစ်ခါနဲ့တော့ လုံးဝမတူ
===================
မနေ့ည ၇ နာရီလောက်က မိတ်ဆွေတွေက
ထမင်းစားဖိတ်လို့ ရန်ကင်း ကျောက်ကုန်းမှာ
ဖွင့်ထားတဲ့ ROYAL THAI စားသောက်ဆိုင်
ကို သွားခဲ့တယ်။
ဆိုင်က သိပ်ပြီး ခမ်းခမ်းနားနား မရှိလှပါဘူး။
ဈေးကလည်း သင့်ရုံ အလယ်အလတ် လောက်ပါ။
ကျွန်တော်တို့ ထိုင်စားနေတုန်း ကပ်လျက်ဘေးဝိုင်း
ကို အခု အရပ်သားအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး
(စက်မှုဝန်ကြီးဋ္ဌာန) ဦးခင်မောင်ချိုတို့ လင်မယား ၂
ယောက်ထဲ ရောက်လာကြတယ်။
ဝန်ကြီးလင်မယားက မီနူးကြည့်ပြီး စားပွဲထိုးလေးကို
စားစရာမှာနေတာ တွေ့ရတယ်။
တစ်အောင့်နေတော့ ဝန်ကြီးဝိုင်းအတွက် ဟင်းပွဲ ၂
ပွဲ ယူလာတာကို လှမ်းကြည့်လိုက်တော့ ထမင်းနဲ့ အသား
ဟင်းတစ်မျိုးကို တစ်ခါတည်း ထည့်ပေးလိုက်တဲ့ ၃၀၀၀
ကျပ်တန် (ဆိုင်အခေါ် ပုံစား) ဟင်းပွဲလေးပါ။
တခြား ဘာဟင်းပွဲမှ မပါပါဘူး။
လင်မယား ၂ ယောက် တစ်ယောက်တစ်ပန်းကန် စား
နေကြတယ်။
အအေး ၂ ခွက် ထပ်မှာပြီး သောက်တယ် ၊ ပြီးတော့ ငွေ
ရှင်းပြီး ပြန်သွားကြတယ်။
ဒဲ့ဟစ်ဘဝမှာ
အရင်ခေတ်တွေက ဝန်ကြီးတွေ ၊ ဗိုလ်ချုပ်တွေ ၊ အဘ
အခေါ်ခံရသူတွေနဲ့လည်း မကြာခဏ စားသောက်ဆိုင်
တွေမှာ ဆုံခဲ့ဖူးပါတယ်။
VVIP RESERVE ဆိုတဲ့ သီးသန့်အခန်းတွေ ၊ သီး
သန့်စားပွဲတွေပြင်ပြီး တပည့်တပန်း ခရိုနီတွေနဲ့ သိန်း
ကျော်တန် နိုင်ငံခြားအရက်မျိုးစုံပါတဲ့ စားပွဲမျိုးနဲ့တော့
လုံးဝ ကွဲပြားနေတာ သတိပြုမိ လိုက်ပါတယ်။
ဝန်ကြီးဆီက ခွင့်ပြုချက် မတောင်းဘဲ post တင်လိုက်
တာကို နားလည် ခွင့်လွှတ်ပေးပါ။
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်
ဆန်းစုကြည် ဦးဆောင်တဲ့ခေတ်မှာ မြင်သိနေရတာတွေဟာ
တစ်ခေတ်တစ်ခါနဲ့တော့ လုံးဝမတူဘူးဆိုတာ သိစေချင်လို့ပါ

0 comments:

Post a Comment