Pages

Tuesday, 26 July 2016

ပေါင်(၃၀၀)အထိရနိုင်တဲ့ အိုက်ယာလန်ကဘီကီနီဝတ်နပမ်းပွဲ ************************

ပေါင်(၃၀၀)အထိရနိုင်တဲ့ အိုက်ယာလန်ကဘီကီနီဝတ်နပမ်းပွဲ
**********************************************
   

လက်တလော မြောက်အိုင်ယာလန်မှာ ခေတ်စားနေတာကတော့ အမျိုးသမီးသတ်ပုတ်ပွဲပဲ ဖြစ်ပါတယ်။ ဒီ သတ်ပုတ်ပွဲကနေတစ်ဆင့် အနိုင်ရရှိသူတွေဟာ ပေါင်(၃၀၀)အထိ ရနိုင်ပြီး၊ အနိမ့်ဆုံးဝင်ငွေကတော့ ပေါင်(၁၅၀) ဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေဆီမှာ ပါဝင်ဆင်နွှဲလိုသူတွေဟာ အင်တာနက်ကနေတစ်ဆင့် လျှောက်လွှာတင်နိုင်ပြီး သူစိမ်းနဲ့ဖြစ်စေ၊ မိမိရဲ့ အ
ခင်ဆုံး သူငယ်ချင်းနဲ့ ဖြစ်စေ ပါဝင်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။ ပွဲကျင်းပချိန်ကိုတော့ အများအားဖြင့် ညပိုင်းမှာ ပြုလုပ်လေ့ရှိပါတယ်။

ဒါပေမယ့် ပြိုင်ပွဲဝင်သူအမျိုးသမီးတွေဟာ ဘီကီနီကိုသာ ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝေဖန်သူတွေက
ယောက်ျားတွေအတွက် လိင်ဖျော်ဖြေရေးအစီစဉ်သက်သက် ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ပွဲစီစဉ်သူတွေဟာ လိင်အင်္ဂါနဲ့ဆက်စပ်တဲ့ကန်ကျောက်မှုမျိုးကို ခွင့်မပြုဘူးလို့ သိရပါတယ်။ သို့သော် အင်တာနက်မှာ ပျံ့နှံ့လာတဲ့ ပုံတွေထဲမှာတော့ အချို့ဟာ အ၀တ်အစား ပြေကျမှုတွေ၊ ကျွတ်ထွက်မှုတွေတောင် ရှိတယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်သူဟာ အခြားပြိုင်ဘက်ရဲ့ ဆံပင်ကို ဆွဲကာ ကြမ်းပြင်ပေါ်အထိ လဲကျအောင် အားထည့်သတ်ပုတ်ရမှာ ဖြစ်ပြီး အမျိုးသားတွေက ၎င်းသတ်ပုတ်ပွဲကို စောင့်ကြည့်အမှတ်ပေးတာဖြစ်တယ်လို့ အကြမ်းဖျဉ်းသိရပါတယ်။ ဒါပေမယ့် ဒီ
သတ်ပုတ်ပွဲတွေဟာ ဥပဒေအရ ခွင့်ပြုထားတဲ့ပွဲတွေ မဟုတ်လို့ ကျင်းပတဲ့နေရာတွေကို လျှို့ဝှက်ထားတယ်လို့ သိရပါ
တယ်။ ပွဲကျင်းပရာနေရာဟာ အခန်းတစ်ခုလည်း ဖြစ်နိုင်ပြီး လူသူကင်းရှင်းတဲ့ ပြင်ပတစ်နေရာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ရိုက်ပုတ်ကုတ်ခြစ်ပြီး ပြိုင်ပွဲဝင်ရတာဖြစ်လို့ Catfight လို့ အမည်ပေးထားပါတယ်။

၎င်းတို့ရဲ့ သတ်ပုတ်ပွဲဗွီဒီဖိုင်ကို အင်တာနက်မှာ အနိမ့်ဆုံး (၁၁)ပေါင်အထိ ပေးဝယ်နေရပြီး၊ ငွေလည်း အလွယ်တကူရနိုင်တဲ့ နည်းလမ်းဖြစ်လို့ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေ အလွန်းများပြားနေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတစ်ယောက်က ၀င်ရောက်မှတ်ချက်ပေးရာမှာ ” ဒီအမျိုးသမီးတွေရဲ့ သတ်ပုတ်ပွဲဗွီဒီယိုဖိုင်ကို အင်တာနက်ပေါ်မှာ ရောင်းချနေတာကို ကြည့်လိုက်ရကတည်းက သူတို့တစ်တွေဟာ အပြာရုပ်ရှင်မှာ ၀င်သရုပ်ဆောင်နေတာနဲ့ မခြားပါဘူး ” လို့ ဝေဖန်ခဲ့ပါတယ်။ အခြားတစ်ယောက်ကတော့ ” ဒါဟာ … တကယ့်ကို ဥပဒေမဲ့လုပ်ရပ် ဖြစ်ပါတယ်” လို့ ဝေဖန်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

0 comments:

Post a Comment