ခေါင်းလောင်းသံ တညံညံနဲ့ ရွာအဝင်တန်းစီကလေ ....
ခေါင်းလောင်းအဟောင်းတလုံးကို ရေထဲချထား
၂၁ ရက်နေ့မှာ အိပ်မက်အရဆိုပြီး ချထားတဲ့နေရာက ပြန်ဆယ်
ဘုန်းကြီးကတံခိုးတွေထွား ဘုန်းတွေကြီး
ဗိုလ်ခင်ညွန့်လဲ ဘာသာရေး ဆရာကြီးဖြစ်လာ
ပြီးတော့ အမျိုးဘာသာသာသနာကို ချီးမြှောက်သူကြီးလုပ်ပြ။
လွယ်လိုက်တာ ......
စစ်အုပ်ချုပ်ရေးတက်ခါစက
မန္တလေးမြို့ မန္တလေးတောင်၏မြောက်ဘက် ကပိုင်အရပ်က ဘုန်းကြီးကျောင်းတကျောင်းရှိ ဘုန်ကြီးတပါးကို ရဟန္တာဆိုပြီးသတင်းလွှင့်၊
လုပ်ဇာတ်တွေနဲ့ ကောင်းကင်က ဈာန်နှင့်ကြွလာတဲ့ဆရာတော်က အဲ့ဒီကပိုင်ဘုန်းကြီးကျောင်းထဲဝင်သွားတယ်ပြော၊ ဆိုင်ကယ်နဲ့လိုက်ကြည့်တဲ့အဖွဲက အဲ့ဒီဘုန်းကြီးကျောင်းကိုဝင်ကြည့်တယ်ပေါ့၊ တခြားဘုန်းကြီးမရှိဘူး အဲ့ဒီဆရာတော်တပါးပဲတွေ့ခဲ့တယ်၊ ဈာန်ပြန်နေတဲ့ ရဟန္တာဆိုတာသေချာတယ်။
အိုး ... စည်ကားလိုက်သမှ ဘတ်စကားတောင်သီးသန့်ပြေးဆွဲယူပေးတယ်၊ ကပိုင်လမ်းက ရဟန္တာလမ်းဆိုပြီး နာမည်ပြောင်း၊ လူတွေကလဲ အထက်ဗမာပြည် အောင်ဗမာပြည်က လာလိုက်ကြတာ ဦးဒဟိုပါပဲ။
နောက်ပိုင်း ဇာတ်လမ်းသိမ်းချင်တော့ ရဟန္တာက တောထဲကြွသွားဆိုတာလိုလို ဟိုလိုလို ဒီလိုလိုနဲ့ တနေရာသွားပြီး အစဖြောက်ထားလိုက်တော့ လူတွေလဲ မေ့သွားရော ပွဲလဲပြီးပြီပေါ့။
မြန်မာပြည်က ဘာသာရေးနှင့်လိမ်စားရင် သိပ်ပြီး လိမ်လို့ကောင်တဲ့ နိုင်ငံကြီးပေါ့။ တခြားမကြည့်နဲ့ သင်္ကန်နဲ့မို့ အပြစ်မပြောရဘူး ငရဲကြီးတတ်တယ်ဆိုတော့ လူတွေက ဘုန်းကငါကိုင်တုတ်ပြီး ဖာသည်မလို့ ဆဲနေလဲ ထိုင်ဝတ်ချနေကြတာပါပဲ။
အဲ့ဒါ ဗုဒ္ဓဘာသာ ပြန်ပွားရေးတဲ့.......။
#ဦးနိုင်ဝင်း
Credit ***
0 comments:
Post a Comment