Pages

Monday, 21 September 2015

သမိုင်းတရာခံ

&ရောက်တတ်ရာရာ အတွေးများ&
    ~~~~~~~~~~~~~~~~~
           သမိုင်းတရားခံ
        ၂၀၁၅ဟာမြန်မာ့အပြောင်း
အလဲကိုမြင်တွေ့ရမဲ့ခုနှစ်ပဲ။ပြည်သူ
ပြည်သားတွေတကယ့်ကိုမျှော်လင့်
ခဲ့ကြတယ်။အပြောင်းအလဲအတွက်
စိတ်အားထက်သန်ခဲ့ကြတယ်။
       သို့သော်မျိုးစောင့်ကြောင့်တွေ
ဝေသွားစေခဲ့တယ်။ခုတော့မျိုးစောင့်
ချစ်သူတွေဝမ်းသာသွားကြပြီ။
   မြန်မာပြည်မှာတရားဥပဒေစိုးမိုး
မှုမရှိဘူး။ဒါကိုမမေ့ဖို့တော့လိုလိမ့်
မယ်။တရားဥပဒေစိုးမိုးရေးမကောင်း
ရင်ဘယ်ဥပဒေမှသက်ရောက်မှုမရှိ
ဘူး။ဥပဒေစိုးမိုးမှုရှိလာအောင်စနစ်
တစ်ခုကိုပြောင်းကိုပြောင်းမှဖြစ်လိမ့်
မယ်။
         အရှင်ဘုရားတို့မြန်မာပြည်က
အရှင်တို့ရဲ့ဒါယကာဒါယိကာမတွေ
အထွေထွေအကျပ်အတည်းနဲ့ကြုံ့
တွေ့နေရပါတယ်။အရှင်တို့လိုချင်တဲ့
မျိုးစောင့်ရပါပြီ။အပြောင်းအလဲ
အတွက်မျှော်လင့်ခဲ့ပြီးခုချိန်မှာတွေ
ဝေနေကြတဲု့ပြည်သူပြည်သားတွေ
အတွက်အရှင်တို့ဘာလုပ်မလဲ။
       ၂၀၁၅မှာအပြောင်းအလဲအချိုး
အကွေ့ကိုမမြင်ရရင်တော့အရှင်ဘုရား
တို့သမိုင်းတရားခံဖြစ်လိမ့်မယ်။
ပြည်သူပြည်သားတွေအတွက်သနားသဖြင့်မျိုးစောင့်ကိုတောင်း
ဆိုခဲ့ကြတဲ့အရှင်တို့အထွေထွေ
အကျပ်အတည်းနင့်နစ်ပေါင်းများစွာ
ကြုံ့နေရတဲ့မြန်မာပြည်သူပြည်သား
တွေရဲ့ဒုက္ခအဖုံဖုံပြေလျော့အောင်
တွေဝေနေတဲ့စိတ်တွေကိုထက်သန်
လာအောင်လုပ်ဖို့မလိုဘူးလား။
         သမိုင်းမရိုင်းအောင်စိုင်းပြင်း
သင့်ပါပြီဘုရား။
ဘဝအမောတွေပြေကြပါစေ
        ကန်တော့ရိုကျိုးလက်စုံမိုး၍
                          ဘဝခရီးသည်

0 comments:

Post a Comment