သာသည့်မြေသို့
အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာညှာစုံကျင်းရော့ထင့်
ဖြူ ၀င်းငွေမှုန်လွှာတို့
သင်းပျံ့ခဲ့သူ့ခြံမှာ..။
ငါ့ခြံကြည့်ပြန်တော
မချိပူပွေဖြာခဲ့
မြေပြာမှာနေဇာမတင့်နိုင်ဘူ့
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင်နွယ်ခြုံပုတ်တွေက
ရှုပ်ထွေးကာလိမ်ခွေယှက်
အားပျက်စရာ..။
သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင်ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံစင်ပင်တွေကြားမှာလ
လျှောက်သွားကာပျော်လိုလှပါဘိ
မြရောင်စိုသည်မြက်ခင်းရယ်နဲ့
ညင်းလေခိုသစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ.....။
သို့ လည်းလေ
မသင့်လျော်ပေဘူ့
ငါ့ခြံ မြေဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူ ပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော်သာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင်အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ.....။


0 comments:
Post a Comment