Friday, 15 January 2016
Home »
» ရောက်တတ်ရာရာအတွေးများ
ရောက်တတ်ရာရာအတွေးများ
23:08
No comments
စောင့်စားငံ့လင့်နေကြပြီ
~~~~~~~~~~~~~~
လူတို့သဘာဝကသူများ လုပ်
ဆောင်တာကိုကြည့်ပြီးကဖျက်ကယက်
ပြောချင်ကြသူများရှိသလို
ချီးကျူးကြသူတွေလည်းရှိကြပါတယ်။
လူတချို့ကရှေ့ကသွားတတ်ကြ
တယ်။တချို့လူတွေကြတော့ရှေ့က
မသွားတတ်ကြပေမဲ့နောက်ကငြိမ်
ပြီးလိုက်တတ်ကြတယ်။ဒါပေမဲ့လူ
တချို့ကြတော့ရှေ့လည်းမသွားကြ၊
နောက်ကလည်းမလိုက်တတ်ကြ၊
ကန့်လန့်သွားနေကြတယ်။
ခုလည်းလေကျွန်တော်တို့ရွာသူ
ရွာသားတွေကတောင်းဆိုနေကြ
လေရဲ့။စာပေဟောပြောပွဲကျင်းပဖို့
သူတို့တောင်းဆိုနေကြပြီ။ငံ့လင့်နေ
ကြပြီ။အထွေထွေသောဗဟုသုတ
တွေစားသုံးကြဖို့မျှော်လင့်နေကြပြီ။
ကျွန်တော်တို့စားသုံးလိုသူတွေကို
ချကျွေးကြဖို့ပြင်ဆင်နိုင်ပါ့မလား။
ကျွန်တော်တို့ရွာနှင့်ရွာနီးချုပ်စပ်
ကရွာသူရွာသားတွေစာပေဟောပြောပွဲကို
ပြုလုပ်ကျင်းပဖို့တောင်းဆိုနေကြပြီ။
သူတို့အလိုဆန္ဒကိုဖြည့်ဖို့ကျွန်တော့်မှာ
အားအင်ရှိဖို့လိုနေပြီ။ဒါကို
ကျွန်တော်ဖြည့်ဆည်းနိုင်ပါ့မလား။
ဖြည့်တင်းပေးဖ်ု့ကျွန်တော့်မှာအင်
အားလိုနေတာကတော့အမှန်။
အင်း.....လူရွှင်တော် တွေပြော
ကြသလို တောင်းတတုန်းမှာထွက်
ပေါ်လာဆိုသလိုခုချိန်မှာများသိန်း
ထီပေါက်လိုက်ရင်ဘယ်လောက်
ကောင်းမလဲ။ဘယ်သူ့ကိုမှအပူမရှာ
ပဲရွာသူရွာသားတွေမျှော်လင့်နေတဲ့
စာပေဟောပြောပွဲခမ်းနားစွာကျင်း
ပလိုက်ချင်ပါတယ်ကွယ်တို့....။
ဒါပေမဲ့ကျွန်တော်လျှောက်နေပါ
တယ်။တနေ့ရောက်ရမှာပေါ့။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment