Pages

Friday, 1 January 2016

မော်​လူးသား​တွေအတွက်​​ခေါင်း​လောင်းသံ

အလေ့အကျင့်ကောင်းများ မွေးမြူဖို့လိုပြီ မော်လူး-လေးတန်ရိုး ကျေးရွာချင်းဆက် လမ်းပိုင်းမှာ တွေ့မြင်ရတာလေး တင်လိုက်ပါတယ်။ ကျေးရွာချင်းဆက်လမ်းကို အချို့သောမော်လူးဒေသသားတို့ ထိန်းသိမ်းပြုပြင်နေကြပေမဲ့ တစ်ချို့သောသူများ၏ လုပ်ရပ်မှာ မော်လူးဒေသပုံရိပ်ကို ထိခိုက်နေသဖြင့် သတိထားနိုင်ဖို့ရာ တင်ပေးခြင်းဖြစ်ပါတယ်။ မော်လူး-လေးတန်ရိုးလမ်းပိုင်း ဆီဆိုင်များအလွန်၌ ပုံပါအတိုင်း အမှိုက်များ၊စပါးခွံများ စွန့်ပစ်ထားသည်မှာ မြင်မကောင်းပေ။ ထို့ပြင်စပါးခွံများ မီးရှို့ထားသဖြင့် လမ်းသွားလမ်းလာများအား ကျမ်းမာရေးအရ ထိခိုက်နိုင်စေသည်။ လူသွားလမ်းဘေး စည်းကမ်းမဲ့ အမှိုက်စွန့်ခြင်း၊မီးရှို့ခြင်းများကို အမှိုက်စွန့်ပစ်သောနေရာ စနစ်တကျသတ်မှတ်၍ ဆောင်ရွက်သင့်သည်။ မော်လူးဒေသပတ်ဝန်းကျင် သန့်ရှင်းသာယာအောင် လူတိုင်းမိမိအသိဖြင့် ပါဝင်ကူညီသင့်ပေသည်။ ကျနော်တို့လူမျိုးများ၏ ပြုပြင်သင့်သောအချက်မှာ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းပင်။ ကျေးရွာရှိ စည်ပင်မှလည်း အမှိုက်စွန့်ပစ်နေရာသတ်မှတ်ပြီး၊အမြင်မတော်တွေ့ရသော အမှိုက်များသိမ်းဖို့ရန် ဆောင်ရွက်သင့်ပေသည်။ ကျနော်တို့ဒေသ သန့်ရှင်းသာယာဖို့ရန် ကျနော်တို့ကိုယ်တိုင်ပါဝင်၍လည်း ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်သည်။ "မိမိဒေသ သန့်ရှင်းသာယာဖို့ ဝိုင်းဝန်းကူညီကြပါစို့" ဟု မော်လူးပုံရိပ်မှ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

0 comments:

Post a Comment