21.9.2017ရက်နေ့
မော်လူး
မော်လူးဒေသ ၊အား/ကာ ကော်မတီ ဖလား အမျိုးသား/သမီး အလွတ်တန်းဘော့လုံးပြိုင်ပွဲ ယနေ့စတင်ကျင်းပပြုလုပ်......
၂၀၁၇ခုနှစ် ၊ မော်လူးဒေသ ၊အား/ကာ ကော်မတီ ဖလား အမျိုးသား/သမီး အလွတ်တန်းဘော့လုံးပြိုင်ပွဲ ယနေ့စတင်ကျင်းပပြုလုပ်သည်။
အခမ်းအနားအစီအစဉ်များမှာ.....
၁။ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူခြင်း။
၂။ဘင်ခရာတပ်ဖွဲ့ နေရာယူခြင်း။
၃။စစ်ကြောင်းမှူးမှ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌထံသတင်းပို့ခြင်း။
၃။နိုင်ငံတော်အလံအား အလေးပြုခြင်း။
၎။မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌအား အလေးပြုခြင်း။
၅။ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌမှ အမှာစကား ပြောကြားခြင်း။
၆။မော်လူးဒေသအား/ကာကော်မတီ ဥက္ကဌမှ အမှာစကားပြောကြားခြင်း။
၇။အားကစားသမားများသစ္စာအဓိဓာန်ရွတ်ဆိုခြင်း။
၈။အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခြင်း။
၉။ယနေ့ယှဉ်ပြိုင်မည့် အသင်း၂သင်းကွင်းအတွင်းနေရာယူခြင်း။
၁၀။ပန်းစီးဆက်အမျိုးသမီးများနေရာယူခြင်း။
၁၁။တာဝန်ရှိသူများမှလိုက်လံနှုတ်ဆက်ခြင်း။
၁၃။အမျိုးသမီးများမှပန်းစီးဆက်ခြင်း။
၁၄။ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌမှ ဘော့လုံးကန်၍ဖွင့်လှစ်ပေးခြင်း။
တို့ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်သည့်အသင်းများမှာ မော်လူးဒေသမှ အသင်းပေါင်း
၂၈သင်းဖြစ်သည်။ယနေ့စတင်ယှဉ်ပြိုင်ကစားသည့်အသင်းမှာ ALL STAR အသင်းနှင့် သူရောင်း(ခ)အသင်းတို့ဖြစ်သည်။
ယနေ့ ကွင်းဖွင့်ပွဲအား ညနေ၃း၀၀နာရီစတင်ပြီး မော်လူးဒေသမှ အားကစားဝါသနာရှင်များ ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့
ဝင်များ ၊အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း ၁၀၀၀ကျော်တက်ရောက်ကြောင်းသတင်းရရှိသည်။
#မော်လူးပုံရိပ်
0 comments:
Post a Comment