Pages

Sunday 24 September 2017

မော်လူး၊ဘုရားကြီးလမ်းကတ္တရာခင်းခြင်းအား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘုရားကြီးလမ်းနေ ရပ်ကွက်သူ/သားများ၊ ရပ်မိ/ဖများ တွေ့ဆုံ၍ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်........

၂၄.၉.၂၀၁၇ရက်နေ့
မော်လူး။

မော်လူး၊ဘုရားကြီးလမ်းကတ္တရာခင်းခြင်းအား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဘုရားကြီးလမ်းနေ ရပ်ကွက်သူ/သားများ၊ ရပ်မိ/ဖများ တွေ့ဆုံ၍ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်........

၂၀၁၇ဘဏ္ဍာရေးနှစ်၊အင်းတော်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဘုရားကြီးလမ်း (ဦးချောမောင်အိမ်ရှေ့မှ ဦးအောင်ကြီးအိမ်ရှေ့အထိ)ပေ၇၀၀ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်မည်ဖြစ်သည်။

ပေ၇၀၀နှင့်တစ်ဆက်တည်း ကျန်သောလမ်းပိုင်းပေ၄၀၀ ဦးအောင်ကြီးအိမ်ရှေ့မှ ဘုရားကြီးကျောင်းမုခ်ဦးအထိ) ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းရန် ယနေ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သည်။

ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းမည့် ဘုရာကြီးလမ်း(ဦးအောင်ကြီးအိမ်ရှေ့မှ ဘုရားကြီးကျောင်းမုခ်ဦးအထိ)အိမ်ခြေ ၃၅အိမ်ရှိပြီးခန့်မှန်းကုန်ကျငွေ ၂၇သိန်းခွဲခန့် ခန့်မှန်း၍ တစ်အိမ်လျှင်အများဆုံးတစ်သိန်းနှုန်းထည့်ဝင်ကြရန် သဘောတူကြသည်။

ပေ၄၀၀ကိုယ်ထူကိုယ်ထကတ္တရာလမ်းခင်းခြင်းအတွက် ကော်မတီဖွဲ့စည်း၍ ပါဝင်သူများမှာ
ဥက္ကဌ/ ငွေထိန်း ဦးအောင်ကြီး၊ဒုဥက္ကဌ ဦးရဲတင့်၊အတွင်းရေးမှူး ဘကြီးမောင်၊တွဲဘက်အတွင်းရေးမှူးဦးဝင်းမောင်၊စာရင်းစစ် ထားထားနွယ် ၊ခင်ဝင်းဌေး ၊ခင်အုန်းလွင်၊
ရပ်ကွက်မှူးများနှင့်ရပ်ကွက်သူ/သားများ အဖွဲ့ဝင်များအဖြစ် အသီးသီးဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဦးချောမောင်အိမ်ရှေ့မှ ရွှေတိုးအိမ်ရှေ့တံတားထိ ပေ၂၀၀ကတ္တရာလမ်းခင်းရန်လည်း တစ်ဆက်တည်းဆက်လက်ဆွေးနွေးကြသည်။ပေ၂၀၀အတွက် ခန့်မှန်းကုန်ကျငွေ ၁၈သိန်းသတ်မှတ်၍ အိမ်ခြေ(၆)အိမ် မှ ခင်းရန်လည်း
သဘောတူဆုံးဖြတ်ကြသည်။

ဘုရားကြီးလမ်း ရွှေတိုးအိမ် ရှေ့တံတားမှ ဘုရားကြီးကျောင်းမုခ်ဦးအထိ ပေစုစုပေါင်း ၁၃၀၀ ခင်းမည်ဟုသတင်းရရှိပါသည်။
#မော်လူးပုံရိပ်

0 comments:

Post a Comment