Pages

Friday 19 August 2016

NLD ကိုယ်စားလှယ်များထံ ပွဲခ သိန်းပေါင်း ၁၈၀၀ ပေးသွင်းရဟု ရေးသားဖော်ပြမှုအတွက် Bullet ဂျာနယ်ကို တရားစွဲဆိုမည်ဟုဆို....

NLD ကိုယ်စားလှယ်များထံ ပွဲခ သိန်းပေါင်း ၁၈၀၀ ပေးသွင်းရဟု ရေးသားဖော်ပြမှုအတွက် Bullet ဂျာနယ်ကို တရားစွဲဆိုမည်ဟုဆို....

--------------------------------------
ရန်ကုန်၊ သြဂုတ် ၁၈

NLD ကိုယ်စားလှယ်များထံ ပွဲခ သိန်းပေါင်း ၁၈၀၀ ပေးသွင်းရဟု Bullet ဂျာနယ်မှ ရေးသားဖော်ပြမှုကို ဥပဒေကြောင်းအရ တရားစွဲဆိုရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

Bullet  အပတ်စဉ်ဂျာနယ်၌ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် နီးစပ်သော လူနေအိမ်များ ပြောင်းရွှေ့ကြေးအဖြစ် သတ္တုကုမ္ပဏီများမှ လျော်ကြေးငွေ ပေးချေရာတွင် အသိသက်သေ လက်မှတ်ထိုးရန် ဖားကန့် NLD ပါတီ အမတ်များကို သိန်း ၁၈၀၀ ပေးခဲ့ရကြောင်း ဖော်ပြထားသည်။

“သိန်း (၁၈၀၀) ဆိုတာ ပြောင်းရွှေ့ရမည့် အိမ်တွေကို လျော်ကြေးပေးဖို့ ကုမ္ပဏီက ဘဏ်အကောင့် ဖွင့်ထားခြင်း ဖြစ်တယ်။ အဲဒီငွေတွေကို လက်ခံခြင်း မရှိဘူး။ အခုလို NLD ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်” ဟု ဦးတင့်စိုးက ပြောသည်။

အဆိုပါ သတ္တုတူးဖော်ရေး ကုမ္ပဏီများထံမှ ရရှိသော ငွေကျပ် သိန်းပေါင်း ၁၈၀၀ ကို ပါတီရုံးခန်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း Bullet ဂျာနယ်မှ ဖော်ပြထားသည်။

“သတ္တုတူးဖော်ရေး ကုမ္ပဏီတွေက နေအိမ်ပြောင်းရွှေ့ကြေးအဖြစ် အိမ် ၇၂ လုံးအတွက် သိန်း ၁၀၈၀၀ ပေးလျော်ဖို့ ရွာသားတွေနဲ့ သဘောတူထားတယ်။ အဲ့ဒီတွေအတွက် ဘဏ်အကောင့်မှာ ကုမ္ပဏီတွေက စုထားခြင်း ဖြစ်တယ်” ဟု ဦးတင့်စိုးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး Bullet ဂျာနယ် ထုတ်ဝေသူ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (ဟောင်း) ဦးလှဆွေထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ  ၎င်း၏ ဖုန်းမှာ စက်ပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပါ။
.
.
credit: kyaw soe oo

0 comments:

Post a Comment