Pages

Tuesday 2 August 2016

မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲနှင့် ပတ်သတ်၍…

မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲနှင့် ပတ်သတ်၍…

ဦးစွာပြောချင်တာကတော့
အားသွန်ခွန်စိုက် အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန် ကြိုးစားကစားသွားတဲ့အတွက်…
မြန်မာ အမျိုးသမီး ဘောလုံး အသင်းကို
ချီးကျူး ဂုဏ်ပြုပါ၏…။

--
အမျိုးသမီးပဲ ဖြစ်ဖြစ် …
အမျိုးသားပဲ ဖြစ်ဖြစ်ပါ …
မြန်မာနိုင်ငံသားတွေဆိုတော့ ဘယ်သူနဲ့ပြိုင်ပြိုင် ကိုယ့်နိုင်ငံကို နိုင်စေချင်ကြတာပါပဲ…။အားပေးရမှာပဲ…။

အဲဒီ့မှာ အားပေးမှု …
ပရိတ်သတ်ဟာ ၁၂ယောက်မြောက် ကစားသမားဆိုသည့်အတိုင်း အရေးပါပါတယ်…။ဒါကြောင့် ခြေစွမ်းသိပ်မကွာရင် အိမ်ရှင်အားသာချက်နဲ့ အားပိုရှိပြီး အနိုင်ရလေ့ရှိပါတယ်…။မြန်မာ အမျိုးသမီးအသင်းဟာ ယနေ့ ကိုယ့်မြေ ကိုယ်ရေ ကိုယ့်ပရိတ်ရှေ့မှာ ကစားသွားရာမှာ ၂ဂိုးနဲ့ ရှုံးနေရာကနေ ပရိတ်သတ်အားပေးမှုနဲ့ ကြိုးစားရုန်းကန်မှုကြောင့် ၃ဂိုးပြန်ရခဲ့ပြီး…နိုင်လုနီးနီး အခြေအနေကို ရပြီးမှ ချေပဂိုးပြန်ပေးရကာ…ပယ်နတီ အဆုံးအဖြတ်နဲ့ရှုံးခဲ့ရပါတယ်…။

အဲဒီ့ နိုင်ငံတကာ အဆင့်ပြိုင်ပွဲမှာ
မြန်မာကို ရုပ်ဆိုးစေတဲ့ …အားပေးမှု တချို့ ပေါ်ပေါက်ခဲ့တယ်…။ကွင်းထဲကို ပစ္စည်းတချို့နဲ့ ပစ်ပေါက်ခဲ့တယ်…။ပစ္စည်းအစအနတွေ ကွင်းဘေးတချို့မှာ တွေ့မြင်နေရပါတယ်…။

ဒီလို ဖြစ်ရပ်…ဒီလို အခြေအနေကြောင့် ပြိုင်ပွဲကို ခေတ္တရပ်နားရပါသေးတယ်…။
တကယ်လို့ ပရိတ်သတ်ကို ထိန်းသိမ်းလို့ မရလို့…ပွဲဖြတ်ရမယ်ဆိုရင်လည်း…မြန်မာပဲ ၃-၀ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးရမှာပါ…။ဒါဟာ ပြိုင်ပွဲစည်းကမ်းပါပဲ… ။

ဒီတော့ ကျနော်တို့ရဲ့ အားပေးမှုဟာ…
ကိုယ့်အသင်းကို နိုင်စေရဲ့လား…ရှုံးစေရဲ့လား …သိဖို့လိုပါတယ်…။တကယ်တော့ အဲ့လို အရုပ်ဆိုးစေတဲ့ အပြုအမူဟာ အားပေးမှု မဟုတ်ပါဘူး…။နှောင့်ယှက်မှုပါပဲ…။

ပစ္စည်းတွေနဲ့ ပစ်ပေါက်မှ နိုင်ရမယ့်…ပွဲမှ မဟုတ်တာ…ဒါကို မသိကြလေရော့လား…။ရလဒ်တွေနဲ့ ဆုံးဖြတ်မှာပါ…။ကျနော်တို့ မနိုင်တိုင်း ဒီလို ပစ်ပေါက်နေလို့ နိုင်သွားမှာလား မေးခွန်းထုတ်ကြည့်ပါ…။မနိုင်သွားပါဘူး…။

အဲ့လို အရုပ်ဆိုး အကြမ်းဖက်ဆန်ဆန်…ဖိအားပေးပြီး ရမယ့် အနိုင်မျိုးကလည်း စစ်မှန်တဲ့ အနိုင်မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်…။အမေရိကန်ဆိုရင် အင်အားကြီးနိုင်ငံပါပဲ…။သူအိမ်ကွင်းမှာ ရှုံးတော့ရော…ဘာဖြစ်လဲ…အားပေးတယ်…။အရှုံးကို လက်ခံတာပဲ…။သူတို့ မနိုင်ရကောင်းလားဆိုပြီး စစ်ထတိုက်လို့ မရပါဘူး…။ဒါဟာ အားကစားပြိုင်ပွဲတစ်ခုပါ…။ခြေစွမ်းသာနေရင်တောင် ဘောလုံးပွဲဆိုတာက အများကြီး အလှည့်အပြောင်းတွေရှိနေပါသေးတယ်…။

ကျနော်တို့ ပရိတ်သတ်အနေနဲ့ လုပ်ရမှာ တစ်ခုပဲရှိတယ်…။နည်းလမ်းတကျအားပေးရမယ်…။ရှုံးခြင်းနိုင်ခြင်းနဲ့ မဆိုင်ပါဘူး…။
နိုင်မှ အားပေးရအောင် ဒါဟာ ကလပ်အသင်းတွေမဟုတ်ပါဘူး…။
နိုင်ငံအသင်းဖြစ်နေတဲ့ အတွက်ကြောင့် ရှုံးလဲ သူတို့ တတ်နိုင်သမျှကြိုးစားနေသမျှ ကျနော်တို့အားပေးရမှာ ကျနော်တို့ တာဝန်ပါပဲ…။

အဲ့လို အရုပ်ဆိုးစေတဲ့ အားပေးမှုကို ပြန်ကြည့်ပါ…။လုံခြုံရေးချရတယ်ဆိုတည်းက မြန်မာတွေ လူဆိုးဖြစ်ပါပြီ…။နိုင်ငံတကာပွဲဖြစ်တာကြောင့် နိုင်ငံတကာက မြင်နေရတဲ့ အတွက် နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ မျက်နှာငယ်ရပါပြီ…။နောက်တစ်ကြိမ် အိမ်ရှင်ဖြစ်ဖို့ ရယူတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်ကုန်ပါပြီ…။ဒီတော့ အဲ့လို အားပေးမှုရလဒ်က ဘာဖြစ်သွားလဲ…။

ပစ္စည်းတွေနဲ့ပေါက်လို့ အနိုင်ပေးသလား…။အနိုင်ပေးမှာမို့ ဝိုင်းထုတယ်ဆို အဓိပ္ပာယ်ရှိသေးပေါ့…။

ခွေးနှစ်ကောင် ကိုက်နေတာမဟုတ်ဘူးနော်…စဉ်းစားကြည့်…။ကိုယ့်ခွေးနဲ့တခြားခွေးကိုက်လို့ ကိုယ့်ခွေးဘက်က ခဲနဲ့ဝိုင်းထုလို့ ကိုယ့်ခွေးအသာရတဲ့ ဖြစ်ရပ်ကမှာ အဓိပ္ပာယ်ရှိဦးမယ်…။

ခုဟာ ခွေးခြင်းကိုက်နေတာမဟုတ်ဘူး…။ဒါကို နားလည်ရမယ်…။နိုင်ငံတကာ ပြိုင်ပွဲကြီးနော်…။

ကိုယ့်အားပေးမှုဟာ ကိုယ်နိုင်စေချင်တဲ့ …အသင်း အနိုင်မရနိုင်တဲ့ အပြင်…ပုံရိပ်ဆိုးတွေပဲ ပေးလိုက်သလိုတောင်ဖြစ်နေသွားတယ်လေ…။

ဒါကို နားမလည်တာ မိုက်မဲမှုပါပဲ…။
ဒါကြောင့်…အဲ့လို အရုပ်ဆိုးအောင် အားပေးသူတွေကို ထိန်းသိမ်းသင့်ပါတယ်…။ကွင်းထဲမှာရှိရင်လဲ မမြောက်ပေးနဲ့ပေါ့…။တစ်ယောက်နဲ့တစ်ယောက် ထိန်းကြပေါ့…။

ကစားသမားတွေကိုယ်တိုင် ရှိခိုးပြီး လိုက်တောင်းပန်နေတဲ့ မျက်နှာလေးတွေထောက်ပေါ့…။သူတို့က ပိုတောင်နိုင်ချင်ပါသေးတယ်…။အဲ့လို ခဏဏ ကြုံတွေ့ရပါတယ်…။မာလတို့ မျိုးမင်းထွန်းတို့ ခေတ် ရန်ကုန်မှာ လုပ်တုန်းကလဲ ဒီလိုပါပဲ…။ထိုင်းနဲ့ မကန်ရသေးဘူး …နိုင်သလား ရှုံးသလားတောင် မသိခင်…ပြိုင်ပွဲမစ နိုင်အောင် ဖျက်ဆီးကြပါတယ်…။နောက်ဆုံး အာဏာနဲ့ အင်အား သုံးပြီး ပြိုင်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတယ်…။ဒါတောင် ထိုင်းတွေ ထောင့်ကန်ဘော ကန်ရင်…လှမ်းလှမ်းထုနေပါသေးတယ်…။
အဲ့လို စိတ်ဓတ်ဟာ အားပေးတာ မဟုတ်ပါဘူး…။နှောင့်ယှက်တာ ဖျက်ဆီးတာ ညစ်တာပဲ ဖြစ်ပါတယ်…။

--
ဒိုင်…
---
နာကျင်အချိန်ပို ၄မိနစ်ပေးတာ…၆မိနစ်လောက်ဖြစ်သွားတာ…အပြစ်ပြောစရာတော့ ရှိပါတယ်…။ဒါပေမယ့် ဆုံးဖြတ်ချက် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ…
ရလဒ်က ပြင်လို့မရတော့ပါဘူး…။ဒါကို နားလည်ရပါမယ်…။သူမှားနေရင် အရေးယူဖို့ စွဲချက်တင် ဒါပဲ လုပ်ဖို့ရှိပါတယ်…။ကိုယ်တွေ သောင်းကျန်းတော့ သူ့အပြစ်ကနေ ကိုယ့်အပြစ် ဖြစ်သွားပါတယ်…။

ဒါပေမယ့်…
ကျနော့်အမြင်…ဒိုင်ဖိအားဖြစ်စေမှုပါ…။
ဒီဖိအားကို မြန်မာအသင်းသားတွေပဲပေးလိုက်တာပါ…။

အချိန်ဆွဲတာပဲ…။မလိုအပ်ပဲ…လိမ့်တစ်ခါ လုပ်တယ်…။အဲဒီ့မှာ အချိန်လင့်တယ်…တစ်ခါ…။နောက်တစ်ခါက အနီကဒ်ပြခံရတဲ့…အပြုအမှု…။

လူကျွံဘောကို ဝီစီလှမ်းမှုတ်ရဲ့သားနဲ့ ထပ်ဆွဲပြေးနေတာပဲ…။ပြောမယ်ဆို နည်းလမ်းမမှန်နဲ့ အချိန်ဆွဲမှုပေါ့…။တကယ်ဆို နောက်ပြန်ပေးဆွဲမယ်…။ထောင့်ကန်ဘောစည်းနားဘောလုံးနင်းပြီးဆွဲမယ်…။ဂိုးတည်ကန်ဘောမှာ ဆွဲမယ်…။ဒါမျိုး စည်းဘောင်အတွင်းကစွဲသင့်တာပါ…။မတော်တဆဆွဲရင်း အဝါထိနိုင်ပါတယ်…။ဒီလို စည်းကမ်းပိုင်းကိုလဲ အသင်းကိုင်တွယ်သူတွေက မှာကြားထားသင့်ပါတယ်…။ကိုယ်က အဝါထိထားရင် ကိုယ်လုပ်သင့် …မလုပ်သင့်သတိထားရပါတယ်…။ပြိုင်ပွဲက နောက်တစ်ပွဲကျန်သေးတယ်မဟုတ်လား…။ပါဝင်ခွင့် ဆုံးရှုံးတာပေါ့…။

ယနေ့ပွဲအခြေအနေအရ ကိုယ့်အသင်း အားလျော့သွားရော…။တစ်ယောက် အကျနဲ့ ကစားရတဲ့ အခါ…ပြိုင်ဘက်ဟာ ခြေစွမ်းပိုင်းမနိမ့်တဲ့ အသင်းဖြစ်နေတာကြောင့် ကိုယ့်ဘက်က အချိန်ပိုမှာ အနိုင်ရဖို့ထက် ဂိုးမပေးဖို့သာ ဦးစားပေးဖြစ်သွားအောင် အရေးနိမ့်မှုဖြစ်စေသွားတယ်…။

တကယ်ဆို နှစ်ဂိုးပြန်သွင်းကတည်းက ငုယင်တွေ စိတ်ဓတ်ကျသွားတာတွေ့ရပါတယ်…။ကျနော်လဲ ဆက်ကန် မြန်မာပဲ နိုင်တော့မယ်တွက်ထားတာပါ…။နောက်ဆုံး အချိန်ပိုကန်ဦး မြန်မာဟာ လူထုတ်မခံရရင် စိတ်ဓတ်ကော…ပရိတ်သတ်ပါ အသာစီးရနေတဲ့အတွက် ပယ်နယ်တီထိတောင် မျှော်လင့်စရာ မလိုဘူးလို့ မြင်မိပါတယ်…။

ဒါကြောင့်…စည်းကမ်းပိုင်း ကွင်းတွင်းအပြုအမူပိုင်း ဗျူဟာတွေပါ …အသင်းသားတွေကို အုပ်ချုပ်သူတွေက နားလည်အောင်…နားဝင်အောင်လည်း သင်ကြားထားသင့်ပါတယ်…။

အနီကဒ်ဖြစ်သွားချိန်မှာလဲ ချက်ခြင်းမထွက်ပဲ…နဲနဲပေနေသေးတာကြောင့် ဒိုင်ကို ပိုဖိအားဖြစ်စေပါတယ်…။

ဘယ်လိုဖြစ်လဲဆိုတော့…အိမ်ရှင်ဝိတ်ကြောင့် ဘက်လိုက်တယ်…စောနတင် မတင်မကျ ပယ်နယ်တီမျိုးကိုလဲ …သူပေးခဲ့မိထားတယ်…။အချိန်ဆွဲတာတွေလဲ…သိသာနေတာကြောင့်…ဘက်လိုက်တယ် မမြင်အောင်…အချိန်ကို ပိုးတိုးပြီး ငုယင်တွေကို ကြိုးစားခွင့် ပိုပေးလိုက်သလို သူပြုမှုလိုက်ရပါတော့တယ်…။အဲဒါက ဒိုင်ကို ကိုယ်ပေးမိတဲ့…ဖိအားပါပဲ…။

ငုယင်တိုက်စစ်က ကျွံထွက်လာချိန်မှာ
အန်ကယ် ကျဉ်းနေပါတယ်…ဟန်ချက်လဲ မမှန်ပါဘူး…။ဒီလို အခြေအနေမျိုးကို ဂိုးသမားက ကန်ခွင့်ပြုရင် ဂိုးဖြစ်နိုင်ခြေက ပယ်နယ်နီဘောထက် ရာနှုန်းနဲပါတယ်…။ဒါကို ဥပဒေပြင်ပ ပြုမှုလိုက်တဲ့အတွက် ငုယင်တွေကို အသက်ရှုပေါက်ပိုပေးလိုက်သလိုဖြစ်သွားပါတယ်…။ဂိုးသမားလက်စွမ်းက မဆိုးပါဘူး…။သူတော်တော်ကာကွယ်ခဲ့ပါတယ်…။

ဒါပေမယ့် ဆုံးဖြတ် ဖြစ်နိုင်ချေတွက်ချက်မှု အပိုင်းမှာ စိုးရိမ်စိတ်လွန်ကဲတာကြောင့် အမှားကျူးလွန်မိသလို ဖြစ်သွားတာပါ…။
အဲ့လို အချက်လေးတွေကို ပြုပြင် သင်ကြားပေးသင့်ပါတယ်…။

-----
တကယ်တော့ ဒီပွဲဟာ နိုင်သင့်တဲ့ ပွဲမျိုးပါပဲ…။လက်ကျန်အချိန် မိနစ်ပိုင်းလေးကို စိတ်တည်ငြိမ်စွာ ထိန်းချုပ်တတ်ရင်…အောင်ပွဲရမှာပါ…။

ဒါပေမယ့်…
ဘောလုံးပွဲရော
နိုင်ငံပုံရိပ်ပါ ရှုံးရတဲ့ အတွက်တော့
ဝမ်းနည်းမိပါတယ်…။

ဘာပဲဖြစ်ဖြစ်ပါ…
မိန်းကလေးတွေပေမယ့်…
အစွမ်းကုန် အနိုင်မခံ အရှုံးမပေး စိတ်ဓတ်နဲ့ ကြိုးစားယှဉ်ပြိုင်သွားတဲ့…

မြန်မာ အမျိုးသမီး ဘောလုံးအသင်းကိုယ်စား…
ဂုဏ်ယူမိပါတယ်…။

တာဝန်ကျေပါတယ်…
အမျိုးသမီးတို့…

ဒီတစ်ပွဲမနိုင် နောက်တစ်ပွဲပေါ့…
5thing

:)
----
#zeroneo

0 comments:

Post a Comment