Pages

Friday 19 August 2016

ရသေ့တောင်မြို့နယ်တွင် ကျောင်းကူးတို့ စက်လှေမှောက် ကျောင်းသူ ၄ဦး ပျောက်ဆုံး ===================

ရသေ့တောင်မြို့နယ်တွင် ကျောင်းကူးတို့ စက်လှေမှောက် ကျောင်းသူ ၄ဦး ပျောက်ဆုံး
================================
၁၉..၈..၁၆
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ ကုန်းတန်းကျေးရွာမှ ရန်အောင်မြင်ကျေးရွာရှိ အထက်တန်းကျောင်းသို့ ကျောင်းသားကျောင်းသူ
များ စီးနှင်းလိုက်ပါလာသည့် ကူးတို့စက်လှေသည် သြဂုတ်လ ၁၉ရက်၊ နံနက် ၉နာရီခန့်က နစ်မြုပ်ရာတွင် ကျောင်းသူ ၄ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
-
“ကျွန်တော်တို့ အခုပဲ အခင်းဖြစ်ပွားရာနေရာကို Speed Boat နဲ့ လိုက်သွား
နေပါတယ်။ ကျောင်းသူ ၄ဦး ပျောက်ဆုံးနေတယ်လို့ ကျွန်တော်တို့ သတင်း
ရထားပါတယ်။ အခုချိန်မှာ ဘာတွေဆောင်ရွက်ပေးမယ် ဆိုတာတော့ အတိအကျမပြောနိုင်သေးပါဘူး။ ပျောက်ဆုံးကျောင်းသူတွေရဲ့ မိဘတွေကိုတော့ နှစ်သိပ်မှုပေးမယ်။ လိုအပ်တဲ့ ထောက်ပံ့ပေးမှုတွေ လုပ်ပါမယ်” ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။
-
အဆိုပါ ကျောင်းသားကျောင်းသူတင်ဆောင်လာသော စက်လှေတွင် ကျောင်းသားကျောင်းသူ ၁၇ဦး စီးနင်းလိုက်ပါလာပြီး နစ်မြုပ်ရာ ကျောင်းသူ ၄ဦးပျောက်ဆုံးလျက်ရှိပြီး ကျန် ၁၃ဦးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
-
ပျောက်ဆုံးလျက်ရှိသော ကျောင်းသူ ၄ဦးမှာ ပဉ္စမတန်းကျောင်းသူ မခိုင်ဖြိုးဝေနှင့် မတင်မေဦး၊ သတ္တမတန်းကျောင်းသူ မနီနီအေးနှင့် န၀မတန်းကျောင်းသူ မဦးတင်မေဦးတို့ ဖြစ်ပြီး ကျောက်စာတိုင်ရွာမှ ဖြစ်ကြောင်း သိရသည်။
-
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်
ဦးညီပု၊ လူမှုဝန်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်နှင့် သက်ရာဆိုင်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက်လျက်ရှိကြောင်းလည်း သိရသည်။
-
အလားတူ စက်လှေနစ်မြုပ်မှုတစ်ခုကို ပြီးခဲ့သော ဇွန်လ ၁ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီုပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး ကျောင်းသား
ကျောင်းသူ ၇ဦး သေဆုံးခဲ့သည်။
=============
�CentralNewsMyanmar�

0 comments:

Post a Comment