Pages

Sunday 21 August 2016

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာပြည်ချန်ပီယံထွန်းထွန်းမင်း အလဲထိုးဖြင့်အနိုင်ရ ====

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာပြည်ချန်ပီယံထွန်းထွန်းမင်း အလဲထိုးဖြင့်အနိုင်ရ
================================================
၂၀၁၆ ပထမအကြိမ်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပရိသတ်စိတ်ဝင်စားမှုများသည့် အဓိကတွဲဆိုင်းဖြစ်သော (၈၀)ကီလိုတန်းတွင် မြန် မာ ပြည်အလွတ်တန်းချန်ပီယံထွန်းထွန်းမင်းက ထိုင်းမွေထိုင်းလက်ဝှေ့ကျော် ချူထိုင်းကို အလဲထိုးဖြင့်အနိုင်ရရှိကာရွှေခါးပတ်ဆုရရှိခဲ့သည်။ ထွန်းထွန်းမင်းသည် ချူထိုင်းကိုပထမအချီတွင်ပင် အပေါ်စီးမှထိုးသတ်နိုင်ခဲ့ပြီး ပထမအချီမပြီးဆုံးမီပင် ချူထိုင်းအနားတောင်းခဲ့ရသည်။ အနားတောင်းပြီးနောက် ဆက်လက်ထိုးသတ်ရာတွင်ထွန်းထွန်းမင်း၏ခေါင်းတိုက်ချက်ကြာင့် ချူထိုင်းဆက်လက်မထိုးသတ် နိုင်ခဲ့သဖြင့် ထွန်းထွန်းမင်းကအလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။ (၇၅)ကီလိုတန်းတွင် တူးတူးနှင့် ကနေဒါလက်ဝှေ့သမား ဒေ့ပ်လက်ဒပ်တို့ထိုးသတ်ခဲ့ကြပြီး ဒေ့ပ်လက်ဒပ်က ဒူးတိုက်ချက်၊ တံတောင်ချက်များဖြင့်အသာစီးထိုးသတ်နိုင်ခဲ့ကာ ငါးချီပြည့်သည်အ ထိအရှုံးအနိုင်မပေါ်ခဲ့သောကြောင့် ပူးတွဲသရေဖြင့်သာပြီးဆုံးခဲ့သည်။ ကျန်တွဲဆိုင်း များမှာ (၇၂)ကီလိုတန်းတွင် စောဂေါ်မူဒိုက ရှပ်ရှာကော့ဗ်အာတမ်(ရုရှား)ကိုအလဲ ထိုး၊ (၆၇)ကီလိုတန်းတွင် ဖျံသွေးက မာဆွတ်(အီရန်)ကိုအလဲထိုး၊ (၆၃)ကီလိုတန်း တွင် သားအသည်းတစ်ပွင့်က လီယိုနာ့ဒ်(ကင်ညာ)ကိုအလဲထိုး၊ (၆၀)ကီလိုတန်း တွင် ထွန်းလွင်မိုးက အုက(ဂျပန်)ကိုအလဲထိုး၊ (၅၇)ကီလိုတန်းတွင် ရဲသွေးနီက အယ်လ်ဂိုချော့ဗ်(ကာဇက်စတန်)ကို အလဲထိုးနှင့် (၅၄)ကီလိုတန်းတွင် ဆူပါဘော(လာအို)က စွမ်းထက်နိုင်ကိုအလဲထိုးတို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ကျော်ထက်ထွန်း

0 comments:

Post a Comment