Pages

Friday 19 August 2016

မြစ်ဆုံကိစ္စအမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးချုပ်တောင်းဆို

မြစ်ဆုံကိစ္စအမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးချုပ်တောင်းဆို
###########################

ဩဂုတ် (၁၈)

မြစ်ဆုံကိစ္စကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံဝန်ကြီးချုပ်က ဒီကနေ့တောင်းဆိုပြောလိုက်သည်။

တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ပြုအဖွဲ့များနှင့်ကြိုဆိုအပြီး တွေ့ဆုံဆွေးနွေးရာမှာ ယခုကဲ့သို့ တောင်းဆိုပြောခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် တရုတ်သတင်းဌာနဖြစ်သည့် Phoenix သတင်းဌာန၏သတင်းဖော်ပြချက်အား ဘာသာပြန်သိရှိရသည်။

���� နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ကာ၊ ယင်းအဖွဲ့ကထွက်ရှိလာမည့် အဖြေကိုစောင့်ဆိုင်းဖို့ တုန့်ပြန်ပြောဆိုခဲ့ကြောင်း ယင်းသတင်းကဖော်ပြသည်။����

ယင်းသတင်းဌာနက တရုတ်နိုင်ငံရေးသုံးသပ်သူတစ်ဦးနှင့် မြစ်ဆုံကိစ္စတွေ့ဆုံမေးမြန်းမှုကိုဖော်ပြရာတွင် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် မြစ်ဆုံကကိစ္စနှင့်ပက်သက်ပြီး လက်မခံသော်လည်း တိကျသည့်အဖြေမျိုးမရှိကြောင်း၊ ယခုအစိုးရသစ်ဖွဲ့စည်းထားသည့် ကော်မရှင်၏သုံးသပ်ချက်ကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ကော်မရှင်၏သုံးသပ်ချက်ကထွက်ပေါ်လာမည့်အဖြေအရ ကောင်းခြင်း ဆိုးခြင်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသည်။

ဧရာဝတီမြစ်ဆုံကိစ္စနှင့်ပက်သက်ပြီး နိုင်ငံတော်သမ္မတဦးထင်ကျော်က ဩဂုတ်လ (၁၂)ရက်နေ့တွင် အဖွဲ့ဝင် (၂၀)ဦးနှင့် ဧရာဝတီ မြစ်ဆုံ၊မြစ်ညှာ၊မြစ်ဝန်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပြီး စတင်၍စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကိုလည်းချုပ်ဆိုလက်မှတ်ထိုးခဲ့ကြသည်။

��������တရုတ်က ဒေါ်အောင်ဆန်းစုကြည်ဖော်ဆောင်နေသည့် (၂၁)ရာစုပင်လုံညီလာခံကိုထောက်ခံကြောင်းလည်းပြောဆိုခဲ့သည်။��������

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်တွင် တရုတ်နိုင်ငံ သမ္မတနှင့်တွေ့ဆုံမည်ဖြစ်သည်။

Credit:စောဖိုးခွား

**** အမေစု လက်ရှိ ရင်ဆိုင်ဖြေရှင်းနေရသည့် အနေအထားအား Ko Zin Thaw Naing ဧ။် သုံးသပ်ချက်လေး ******

◾️ဒေါ်အောင်ဆန်း စုကြည် လတ်တလော လုပ်နေတာ အများစုက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လုပ်နေတာလို့ နားလည် ထားတယ်။ တိုင်းရင်း သား ခေါင်းဆောင် တွေကို ဒူးတိုက် ဆွေးနွေးတာက အစ၊ ကချင်ပြည် နယ်ထဲက ကျောက်စိမ်း ပါမစ်တွေ ပိတ်တာ အဆုံး ငြိမ်းချမ်းရေးနဲ့ ပတ်သက်နေတယ်။ အစည်းအဝေး တက်တာ မဟုတ်တဲ့ state visit သက်သက်ကို တရုတ်နိုင်ငံ သွားဖို့ ရွေးတာကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ပဲ။

တရုတ်ဟာ မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ သုံးဖွဲ့ ထက် မနည်းကို တရားမ၀င် အထောက်အပံ့ ပေးနေတယ်လို့ လုံလောက်တဲ့ အထောက် အထား ရှိနေတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဒီအဖွဲ့တွေကို စည်းရုံးတဲ့ နေရာမှာ တရုတ်ရဲ့ ဆန္ဒက အရေးပါ လာတယ်။ တရုတ်ဘက်က မီးစိမ်းမပြရင် တစ်ပြည်လုံး ငြိမ်းချမ်းရေး ရဖို့ မလွယ်ဘူး။ တရုတ် ဘက်ကလည်း ဒီအခြေ အနေကို နားလည်တော့ မြစ်ဆုံကို အပေးအယူ သဘောမျိုး ပြန်တောင်းဖို့ ရှိနေတယ်။

ဒေါ်အောင်ဆန်းစုကြည် လတ်တလော ခင်းနေတဲ့ ဗျူဟာကတော့ မြစ်ဆုံ ကိစ္စ အချိန် ရနိုင်သလောက် ဆွဲထားပြီး တစ်ဘက်မှာ ငြိမ်းချမ်းရေး ကိစ္စကို ပြီးပြတ်အောင် လုပ်လိမ့်မယ်လို့ မြင်တယ်။ ဒါကြောင့် တရုတ် ခရီးစဉ် မသွားခင် လေးမှာ မြစ်ဆုံ ပြန်လည် သုံးသပ်ရေး ကော်မတီကို အမြန်ဖွဲ့ပြီး တရုတ် အစိုးရနဲ့ တွေ့တဲ့အချိန် မျက်နှာပန်း လှအောင် လုပ်ခဲ့တာ။ တရုတ်က မေးတဲ့အချိန် ကော်မတီ ဖွဲပြီး လုပ်နေ ပါတယ်လို့ အချိုသပ် ထားပြီး တစ်ဘက်မှာ ၂၁ ရာစု ပင်လုံနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ အမြန် လက်စသတ်ဖို့ ရှိတယ်။ ငြိမ်းချမ်းရေး ကိစ္စ ပြီးရင်တော့ မြစ်ဆုံကို ပုံစံ တစ်မျိုးနဲ့ ရှင်းလိုရပြီ။
Opinion by Zin Thaw Naing

0 comments:

Post a Comment