Pages

Monday 8 August 2016

အရည်​အချင်းဆိုသည်​မှာ...

အခုတင်လေးဘဲ ဦးခင်ညွန့်ဝန်ကြီးချုပ်ဘ၀ က
ဂျပန်ပြည်ခရီးစဉ်သွား video အသံဖိုင်တစ်ခု
တက်လာတယ် ပို့တင်တဲ့သူက ဘယ်ဟာဝန်ကြီး
ချုပ်မှန်းကိုမသိဘူဆိုပြီးခေါင်းစီးတင်ထားတာ...
ဟုတ်ပ သူပြောလို့...တစ်ချိန်ကမြန်မာပြည်မှာ
အာဏာရှင်ဇာတ်အဖွဲ့ရဲ့ ဇာတ်စီးမင်းသာကြီးအလွမ်း
ပြေကြည့်မိတယ်...ဟုတ်ပဗျာ သတင်းထောက်တွေနဲ့
အတွေ့မှာ...ခွေးအကြီးလှည်းနင်းခံထားရသလိုကိုဖြစ်
လို့ တအစ်အစ်နဲ့ အားကိုးတကြီး စကားပြန်ကိုလှည့်ကြည့်
လှည့်ကြည့်...မျက်လုံးလေးပေကလပ်ပေကလပ်နဲ့...
အတော်ဒုက္ခရောက်နေတော့ဗျို့...စကားပြန်လုပ်သူကဘဲ
ပြောသွားတာ..ပို့တင်တဲ့သူပြောသလို ဗိုလ်ခင်ညွန့်မှန်း
မသိတဲ့လူတွေတော့ စကားပြန်ကိုဘဲမြန်မာပြည်ဝန်ကြီးချုပ်
မှတ်သွားလောက်တယ်.....
ဒါနဲ့ပတ်သက်လို့ ကျုပ်ပြောချင်တာကတော့ဗျာ..နိုင်ငံတကာ
နဲ့ဆက်ဆန်နေကြတဲ့ နိုင်ငံခေါင်းဆောင်တွေဖြစ်ကြတဲ့နောက်
ကမ္ဘာ့သုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုတော့ ကျွမ်းကျင်ပိုင်နိုင်
စွာပြောတတ်နေရမယ် နားလ်ာနေရမယ်လေ...ထားတော့
ဂျပန်လို မတတ်တာ ရုရှားလိုမတတ်တာ ပြင်သစ်လိုမတတ်
တာအပြစ်မပြောဘူး...အင်္ဂလိပ်လိုတော့ ပြောနိုင်ဆိုနိုင်နေရမယ် ဒါမှကိုယ်လိုရာ စကားအလိမ္မာသုံးပြီးပြောနိုင်မှာ
လေ စကားပြန်ချည်းအားကိုးနေလို့ မရဘူး..အခုတော့ဗျာ
လင်းတကြီးလည်လိမ်ထားသလို ခွေးအလှည်းခံရသလို
တောင်ကြည့်လိုက် မြောက်ကြည့်လိုက် ဟိုလူ့သွားဖြီးလိုက်
ဒီလူ့ပါကြီးပြဲပြလိုက်နဲ့..ကြည့်ရတာကိုက ဆွံ့အနားမကြား
တဲ့လူကြည့်ရသလိုဘဲ...
အခုကျုပ်တို့လက်သန်းတွေနဲ့ရွေးချယ်လိုက်တဲ့ nld
အစိုးရ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင်က ကမ္ဘာအဆင့်
မှီဘာသာစကား ၇ မျိုးလောက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ
ပြောနိုင်ဆိုနိုင်တယ်...နောက်ပြီး အရွေးအချယ်ကိုယ်စာလှယ်
တွေကိုလည်း အင်္ဂလိပ်စာ သီးသန့် သင်တန်းတက်စေပြီး
အရည်အချင်းစစ်လိုက်တယ်...တဆက်ထဲဘဲပွင့်ပွင့်လင်းလင်း
ဘဲပြောခဲ့ မှာခဲ့ တယ် နိုင်ငံခြားခရီးစဉ်တွေလွတ်တဲ့အခါ....
သူမပါလို့ ငါမပါလို့ မပြောကြနဲ့တဲ့...အဲ..မပါလို့မလိုက်ရတဲ့
သူတွေဟာ..ကိုယ်အရည်အချင်းကိုယ်သိပါတဲ့...ကိုင်းဗျာ
ဘယ်လောက်များ တရားနည်းလမ်းကျလိုက်ပါသလည်း...
နောက်ပြီး စကားဟာအလွန်အရေးကြီးပါတယ်..ချစ်အောင်
ပြောတာလည်းဒီစကား မုန်းစေအောင်ပြောတာလည်းဒီစကား
ဆိုတာလို...သူစကားကိုယ့်စကား နားလည်အောင်ပြေမှ
အရာအောင်မြင်မှာပါ မြန်မာစကားကြီး ဆယ်ခွန်းတောင်
ရှိပါတယ် ဆင်ဝှေ့ရန်ရှောင်ပြောနည်းတို့ ကောက်ပင်ရိတ်
လှည်းပြောနည်းတို့ဟာ...အင်တာနေရှယ် အင်္ဂလိပ်ဘာသာ
စကား ကျွမ်းကျင်မှာသာ လိုသလိုလှည့်ပြီးပြောနိုင်ကြမှာပါ
ဒါကိုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကောင်း
ကောင်းကြီးသိနေတယ်လေ..ဒါကြောင့်ဘဲ အင်္ဂလိပ်စာ
ရည်အချင်းစစ်ပြီး လူသန့်လိုက်တာ မသွားရတဲ့လူလည်း
ကိုယ့်အကြောင်းကိုယ်သိတော့ ဘာမှသံသယမဖြစ်တော့ဘူး
လေ....ပြောချင်တာလူဟာကိုယ်အဆင့်ကိုယ့်သိဖို့ကောင်း
တာဘဲ...အာဏာနဲ့အနိုင်ကျင့်ပြီးရလာတဲ့နေရာအတွက်
ငမ်းငမ်းတက် ပြန်လိုချင်နေကျတာ ကြည့်ရဆိုးလှတယ်
ကျုပ်တို့ကတော့ရှင်းတယ် ဖြစ်နိုင်ရင်ကျုပ်ရဲ့မျိုးဆက်ကို
မှာကိုထားခဲ့ချင်တာ..ငါသား ငါသမီးတို့ရေ...အဖေတို့..
လက်သန်းလေးတွေဟာ အနှစ်ငါးဆယ်ကျော်အာဏာရှင်
တွေကိုကျော်ပြီး ပထမဆုံးသော အရပ်သားအစိုးရသစ်
ကိုရွေးချယ်ခဲ့တဲ့ လက်သန်းလေးတွေဖြစ်လို့..အဖေတိုမျ့ား
ဘ၀တပါးပြောင်းသွားခဲ့ရင်..အဖေ့ရဲ့လက်သန်းလေးကို
ဖြတ်ပြီး ရွှေချပြီး အမှတ်တရသိမ်းထားကြပါလို့ မှာခဲ့ချင်
လှပါကြောင်း.....

ဆွေမိုး

0 comments:

Post a Comment