Pages

Saturday 6 August 2016

အလင်း​ကြောက်​သူများ.............

အလင်း​ကြောက်​သူများ.............

အိုခရီးသည်​.......
ဘယ်​ဆီ​မျှော်​မှန်း
လမ်းရယ်​လို့များရှိလိမ့်​...........

ဘ၀ထိုထို ​နေညိုရင်​ဖြင့်​.........
အရင်းစစ်​ခံနိုင်​ကြဖို့
ကြိုးစား​ကြပါစို့........

သံသရာတစ်​​ကွေ့ ဆုံ​တွေ့ခဏ
တွဲကြ တဏှာ........
ရာဂနဲ့ ဣသာ....မိစ္ဆရိယ
စိတ်​ ဆိုသမျှကို
တိုးကြွ....မသယ်​​ဆောင်​ရာ..........

ခရီးက​ဝေး........
အနီးက​လေးလို့လဲ မမှတ်​​လေနဲ့
အ​ကြွေး ရှိက ​ပေးရတတ်​လင့်​........
မုသားစကား မုန်းထား၊​ချောပစ်
သ​ဘောမစစ်​ရင်.........
ရင်​၀ယ်​ပိုက်​ အမိုက်​ဖန်​တရာ......
ထိုထိုရာ အပိုသာများလှ
မှားကြတဏှာ.............

တရားရ​စေဖို့ဌာ
မေ့လို့မဖြစ်​တန်​ရာ........
သံသရာတစ်​​ကြော
မျှောကြဧကန်​........
ကုသိုလ်​အထုပ်
သိမ်းထုပ်​​သေချာ.........
ပိုပိုသာသယ်​​ဆောင်​ဖို့ရာ
ကြိုးထုတ်​ကြပါ............

နေကွယ်​လျှင်
သေနယ်​သို့သွားရမယ်​...........
အလင်း​ပျောက်​လို့ အ​မှောင်​ဖုံး
ဘ၀ စ,လယ်​,ဆုံး.........
မိုးစုန်းစုန်းချုပ်​လျှင်​ဖြင့်
ခုချိန်​ခဏ ဆွဲလို့မရ..............

အမှားသံသရာဝဲဂယက်
စွဲမက်​​နေပါ​​ပေါ့လား..........
အရှူံးမဖက် ရုန်းထွက်​နိုင်​​ကြ​စေ........
ဘ၀အ​မောများ ​ပြေပါ​စေ​ကြောင်း
တောင်းဆု​ချွေ...............။

0 comments:

Post a Comment