Pages

Thursday 18 August 2016

ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် NLD ပါတီဝင်များ အကျင့်ပျက် ခြစားပါက ပြင်းထန်စွာ အရေးယူမည် ==============

ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် NLD ပါတီဝင်များ အကျင့်ပျက် ခြစားပါက ပြင်းထန်စွာ အရေးယူမည်
================================
၁၈..၈..၁၆
-
NLD ပါတီဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ အကျင့်ပျက် ခြစားမှု ဖြစ်ပေါ်လာလျှင် ပြင်းထန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။
-
''ဗဟို စည်းကမ်းထိန်းက စည်းကမ်း ဖောက်တဲ့သူ မှန်သမျှကို စုံစမ်း စစ်ဆေးပြီး ဥပဒေအရ ထိရောက် ပြင်းထန်စွာ အရေးယူမှာ၊ အကျင့်ပျက်တာ၊ အဂတိ လိုက်စားတာတွေ အကုန် အကျုံးဝင်တယ်'' ဟု ဆိုသည်။
-
NLD ပါတီဝင်များသည် ပါတီ စည်းကမ်း ဖောက်ဖျက်ခြင်း၊ အကျင့်ပျက် ခြစားမှု ဖြစ်ပေါ်ခြင်းများကို ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး ပြင်းထန် ထိရောက်စွာ အရေးယူသွားမည်
ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံ မှ သိရသည်။
-
''လူထုပါတီဆိုတဲ့ သတ်မှတ်ချက်ကို ခံယူထားရင် NLD ပါတီက လာဘ်စားတဲ့ သူတွေ အာဏာ အလွဲသုံးစား လုပ်သူတွေကို တိတိကျကျ အရေးယူပြဖို့ လိုတယ်၊ အရေးယူတဲ့ နေရာမှာ ပါတီစည်းကမ်း သာမကဘဲ တည်းဆဲ ဥပဒေနဲ့ပါ ဆောင်ရွက်ရမယ်'' ဟု မန္တလေးမြို့ခံ ရှေ့နေကြီး တစ်ဦး ဖြစ်သူ ဦးသိန်းသန်းဦးက မှတ်ချက်ပေးသည်။
========
the voice

0 comments:

Post a Comment