Pages

Friday 19 August 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြိုနယ် ပါလောပါကယ်ကျေးရွာအုပ်စု နောင်ဆံဗတ်ကျေးရွာ မှာ(9-8-2016)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဒုတိယတန်း ကျောင်းသူကလေး မနန်းစိမ်းအား မုဒိန်းကျင့်ပြီးလည်ပင်းအားကြိုးဖြင့်ရစ်ပြီး မသေမချင်း

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြိုနယ်
ပါလောပါကယ်ကျေးရွာအုပ်စု နောင်ဆံဗတ်ကျေးရွာ
မှာ(9-8-2016)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဒုတိယတန်း
ကျောင်းသူကလေး မနန်းစိမ်းအား မုဒိန်းကျင့်ပြီးလည်ပင်းအားကြိုးဖြင့်ရစ်ပြီး
မသေမချင်း
လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုကိုကျူးလွန်ခဲ့တဲ့တရားခံအားယနေ့(18-8-2016)ရက်နေ့မှာဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါပြီ။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး 9 ရက်
အကြာမှာဘန်းယဉ်နယ်မြေရဲစခန်းမှူးဦးစိုင်းမောင်ထွေးနဲ့အဖွဲ့က ကြိုးပမ်းဖော်ထုတ်နိုင်ခဲ့ကြပါတယ်။အသက်(22)နှစ်အရွယ်ရှိ #တရားခံခွန်ကျော်သန်း ခေါ်တသန်း(ဘ)ဦးခွန်အောင်ဆား နောင်ဆံဗတ်ကျေးရွာနေသူအား
သူကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်များကို ယနေ့ညနေ5:30 နာရီခန့်ကလိုက်လံသရုပ်ပြစေခဲ့ပါတယ်။
မနန်းစိမ်းကဲ့သို့အသက်အရွယ် နုနယ်သောကလေး
ငယ်များအားမိဘများအနေဖြင့်မိဘအုပ်ထိမ်းမှုမပါဘဲဝေးလံသောနေရာများ၊ လူရှင်းသောနေရာများ၊ ညအချိန်မတော်သောအချိန်များမှာ စေလွှတ်ခြင်း၊အဖော်မပါဘဲသွားရောက်စေခြင်းများမပြုလုပ်ကြဖို့ အထူးလိုအပ်လှပါတယ်။

Credit to San Win
#SueSue@Via

0 comments:

Post a Comment