Pages

Tuesday 2 August 2016

တာဝန်ယူကြမှာလား၊နေရာဦးထားကြတာလား" *****************************

"တာဝန်ယူကြမှာလား၊နေရာဦးထားကြတာလား"
*****************************

        July ၂၂ ရက်နေ့ကမပြီးပြတ်တဲ့ အလုပ်အမှုဆောင်
ရွေးချယ်ပွဲ၊မနေ့ နေ့လည် ၁၁ နာရီကပြန်စလိုက်တာ ညနေ
၃ နာရီထိုးခါနီးမှ ပြီးသွားပေတော့တယ်။လစ်လပ် ၄ နေရာ
ပေမဲ့ ကြာမြင့်ချိန်က ၅ နာရီလောက်ရှိတော့ အဲ့ဒီနေရာ
ဘယ်လောက်ထိအရေးပါတယ်ဆိုတာ စဉ်းစားသာကြည့်
ပေတော့။
      ကိုယ့်အဖွဲ့ထဲ လူသစ်ဝင်လာမဲ့အရေးဆိုတော့လည်း
သေသေခြာခြာစီစစ်ရပေ မပ။မတော်...အတွေးအခေါ်မ
တူသူတွေ၊သာကူးတွေဝင်လာရင်ဘယ်နဲ့လုပ်မလဲ...နော့။
      မဲပေးရွေးချယ်မှုနဲ့ပတ်သက်ပြီး လက်ရှိအမှုဆောင်တစ်
ဦးချင်းစီက အမှန်တကယ်အလုပ် လုပ်သူများကိုသာရွေး
ချယ်မဲ့အကြောင်း သူတို့သဘောထားအမြင်လေးတွေကို
၂ မိနစ်ပြောကြားမှုကလည်း "သံချို " ကဗျာလေးတွေဖတ်
ရသလို နာဝင်ပီယံရှိလိုက်တာ...."ဂွတ်" ပဗျာ။တစ်ဦးစ၊
နှစ်ဦးစဆိုရင် နားအဝင်မပီယံမှာစိုးလို့ထင်ရဲ့ ၂ မိနစ်စာမိန့်
ခွန်းတော်ကြီးကို စာရွက်လေးပေါ်မှာတောင်ရေးလာသေး..
.....အ...ဟေး....ဟေး....။ကျွန်တော်တို့အလုပ်အမှု
ဆောင်များ အဲ့သလောက်ထိ တိကျ တာ၊တွေ့ဖူးပါစ။
     လစ်လပ် အလုပ်အမှုဆောင် ၄ နေရာအတွက်
လျှောက်လွှာတင်သူစုစုပေါင်း ၁၆ ဦးရှိပြီး၊ ၄ ဦးကတော့
လျှောက်လွှာတွေကိုမစီစစ်ခင်မှာ မိမိတို့သဘောဆန္ဒအ
လျောက်ပြန်ရုတ်သိမ်းသွားကြပါတယ်။ ၂ ဦးကတော့
လျှောက်လွှာတွေစီစစ်တဲ့အချိန်မှာ ပြန်ယူသွားကြပါတယ်။
ဘာ့ကြောင့်ပြန်ယူသွားသလဲဆိုတာတော့ ကာယကံရှင်
တွေကိုယ်တိုင်ပဲသိပါလိမ့်မယ်။
      အေးလေ....ကိုယ့်ကိုယ် ကိုယ်သိသူတွေဟာ ပညာရှိ
တွေမဟုတ်လား.....လေးစားစရာပ။
     ကျန်တဲ့အရွေးခံသူ ၁၀ ဦးကိုမဲပေးကြတော့"ကိုဝင်း
နိုင်" က ၉ မဲရပြီး၊ဦးဝင်းထိန်က ၈ မဲရပါတယ်၊ကိုရဲဝင်းနဲ့
ဦးကျော်အေးက ၇ မဲစီရတော့ လစ်လပ် ၄ နေရာပြည့်
သွားပါပြီ။ကျန်သူများကတော့ အဲ့ဒီလူ ၄ ယောက်ရတဲ့မဲ
အရေအတွက်ကို မသာတော့ အရွေးမခံရပါဘူး။အဲ့ဒီမှာ....
တော်တော်အံ့သြစရာကောင်းတာက ၄၃၆ ကာလ၊ဗိုလ်
ချူ ပ်ရာပြည့်ပွဲတော်၊အောင်နိုင်ရေးကာလ၊အမေစုမွေးနေ့
သစ်ပင်စိုက်ပွဲအချိန်တွေတုန်းက ဟုတ်ဟုတ်ငြားငြားပါမ
လာတဲ့ "ကိုဝင်းနိုင်" ကြီးက ၉ မဲတိတိရသွားဆိုတော့....
အင်း.....ဒီလူကြီး "မိတ္တဗလ" ကျမ်းကိုအရည်ကျို သောက်
ထားလို့ ဂလောက် လူချစ်လူခင်များထင်ရဲ့....ဟဲ...ဟဲ...။
နပိုလီယန်တောင် သာမန်စစ်သားလေးဘဝကနေဧကရာဇ်
မင်းကြီးဖြစ်သွားတဲ့သမိုင်းသက်သေရှိသေးတာပဲ။ကိုဝင်းနိုင်
ကိုလည်း ဘယ်...အထင် "စမော" လို့ဖြစ်ပါ့မလဲ။ဒီနေရာ
မှာအကြောင်းတိုက်ဆိုင်လို့နည်းနည်းပြောခြင်တာက အ
ထက်ပါကာလတွေတုန်းက ကိုဝင်းနိုင်တင် မကပါဘူး။
လက်ရှိအလုပ်အမှုဆောင်ဟောင်းတွေလည်း အဲ့ဒီပွဲတွေမှာ
လေးငါးရှစ်ယောက်ထက် ပိုမပါခဲ့ပါဘူး။အဲ့သလို အလုပ်မ
လုပ်၊တာဝန်မကျေ တဲ့သူတွေ မြို့နယ်အလုပ်အမှုဆောင်ထဲ
နေရာမြဲနေဆိုတော့ ဆရာကြီးသခင်ဘသောင်းရဲ့ "ခြေ
လေးချောင်းတော်လှန်ရေး" ဝတ္ထု ကြီးထဲက "ဗန္ဓု လ" ရဲ့
အကြံဥာဏ်လို လိုအပ်တဲ့နေရာထုတ်သုံးဖို့ပဲလား...စဉ်းစား
မိတာပါ။နေရာယူမထားတဲ့ပြည်သူတွေကပဲဝိုင်းဝန်းလုပ်ခဲ့
ကြတာတော့ အားလုံးအသိပါပဲ။သူတို့တစ်တွေကတော့ လူ
အားလည်းမပါ၊ငွေအားလည်းမစိုက် ဘယ်နေရာမှာသွား
ငိုက်နေကြသလဲတော့မသိပါဘူး။အခုကြမှ အစည်းအဝေး
ခန်းထဲက ရှေ့ဆုံးတန်းမှာ "မိန့်မိန့်ကြီး" တွေထိုင်နေတာ
တွေ့ရတော့ ဝါးလုံးကွဲပဲရီလိုက်ပစ်လိုက်ရမလား၊နေရာ
ဟောင်းကိုတွယ်တာတတ်တာ လူ့သဘာဝပဲလေဆိုပြီးခွင့်
လွှတ်နားလည်ပေးလိုက်ရမလား၊ကျွန်တော်တော့ မဝေခွဲ
တတ်တော့ဖူး။
      အေးလေ.....ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းအပြည့်
ရှိလို့ အဆုံးအဖြတ် "မဲ" တစ်ပြားပိုင်ဆိုင်တာဖြစ်မှာပေါ့။
ကျွန်တော်တို့ဥာဏ်မမှီလို့အကဲမဖြတ်နိုင်တာပဲဖြစ်ပါလိမ့်
မယ်။အပြစ်တင်စောလို့တော့ မဖြစ်သေးဘူး။
  အနည်းငယ်အဆင်မချောတာဆိုလို့ အလုပ်အမှုဆောင်
တွေ ဒု.ဥက္ကဌ ရွေးချယ်မဲပေးပုံနဲ့ပတ်သက်ပြီး အထာမကျ
လို့ တိုင်းစည်းကမ်းထိမ်းသိမ်းရေးက "မြို့နယ်အလုပ်အမှု
ဆောင်တွေဖြစ်ပြီး မဲလေးမှ မှန်အောင်မပေးတတ်ဘူးလား"
လို့ ခပ်ပျော့ပျော့ဟောက်သွားတာကလွဲပြီး ရွေးချယ်ပွဲကြီး
အောင်မြင်စွာပြီးစီးသွားပါပြီ။
       ရှေ့လျောက် မြို့နယ်ပါတီလုပ်ငန်းစဉ်တွေမှာ အဲ့ဒီလူ
တွေ ဘယ်လောက်ထိလုပ်သလဲဆိုတာ စောင့်ကြည့်ယုံ
ပါပဲ...........။

0 comments:

Post a Comment