Pages

Sunday 21 August 2016

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး အရေးယူခြင်းကို စီစစ်ပေးရန် လိုအပ် ---------------------------

သို့/
စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး သိရှိနိုင်ပါရန်. . . . .

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး အရေးယူခြင်းကို စီစစ်ပေးရန် လိုအပ်
---------------------------------------------

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာမှာ သြဂုတ်လ ၁၅ ရက်နေ့ က အပြစ်မဲ့ ပြည်သူများအား မတရား ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ပါတယ် ။

"အဲဒီနေ့က ကိုသိန်းတန် အနေနဲ့ ဗန်းမောက်မြို့နယ် စီးမော်ရွာ အနီးမှာ ပုံစံ(၈)သစ်လေလံ ရရှိထားတဲ့အတွက် သစ်တွေရှိမရှိ သွားရောက် ကြည့်ရှုခဲ့ ပါတယ် ။ သစ်တွေသယ်ယူဖို့ သစ်တော ဘိနယ် တာဝန်ခံ တောအုပ် မြင့်ကိုကိုထွေး ရောက်မလာသေးတဲ့ အတွက် ကိုသိန်းတန်အနေနဲ့ စီးမော်ကျေးရွာ ဥက္ကဌ ဦးငြိမ်းရွှေ အိမ်အောက်မှာ စကားပြောရင်း ထိုင်နေခဲ့တာပါ။ စီးမော်ရွာ က ကိုဝေယံလင်း၊ ကိုဝင်းကို၊ ကိုဝင်းအောင် တို့ကို သစ်ပုံကြည့်ခိုင်း လိုက်ပါတယ် ။ အဲဒီမှာ ဗန်းမောက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဦး ရောက်လာပြီး သစ်ပုံသွားကြည့်တဲ့ ကလေးတွေကို သစ်ပုံမရောက်ခင် လမ်းမှာ ဖမ်းထားခဲ့တာပါ ။ တရားမဝင် သစ်မှောင်ခိုသမား ဟုတ်ခြင်း မဟုတ်ခြင်းကို သေချာစွာ စီစစ်ခြင်း မရှိပဲ ဖမ်းခဲ့တာပါ။ ကိုသိန်းတန်ကို တော့ စီးမော်ရွာ ဥက္ကဌ အိမ်မှာ လာဖမ်းခဲ့ ပါတယ် ။ အမှန်တကယ်ဆို သစ်ပုံကို သယ်ယူ ရွှေ့ပြောင်းနေတာလဲ မဟုတ်ပါဘူး။ ပုံစံ(၈) သစ်လေလံ ရရှိထားတဲ့ သစ်ပုံကို ရှိ မရှိ သွားကြည့်ရုံနဲ့ ဖမ်းခံရတာဟာ စခန်းမှူးအနေနဲ့ အာဏာကို တလွှဲအသုံးချသလို ဖြစ်နေပါတယ်" ဟု ပြောသည် ။

အဆိုပါ ဗန်းမောက်မြို့နယ်အတွင်း ပုံစုံ ၈ သစ်လေလံ ဝယ်ယူ ရရှိထားသူများ အနေဖြင့် နိုင်ငံတော်ကို တရားဝင် အခွန်တင်သွင်းထားသူများ ဖြစ်သော်လည်း ဖမ်းဆီးအရေးယူခံရခြင်း မှာ အပြစ်မဲ့ပြည်သူတွေ အတွက် အလွန်ပင် နစ်နာနေကြရသဖြင့် အဏာကို တလွှဲအသုံးချနေသော ဗန်းမောက်မြို့မ စခန်းမှူးအား သက်ဆိုင်ရာ မှ သေချာစွာ စီစစ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ပြောကြားသူများ     - 

ကိုမောင်မောင်  ၅/မမန(နိုင်)၀၆၁၃၁၄
နေရပ် - ဈေးကုန်း အမှတ်(၂)ရပ်ကွက် ထီးချိုင့်မြို့။

ဦးသိန်းအောင်    MYG - 056893
နေရပ်    စစ်ကိုင်းမြို့

ကိုနေအောင်    ၅/မမန(နိုင်)၀၆၇၄၄၄
နေရပ် -   မဟာမြိုင်  မန္တလေး 

ဆက်လက်ပြီး  ပုံစံ - ၈  အတွက် လက်မှတ်ရေးထိုးရာတွင် ကုန်ကျသည့် လာဘ်စားမှုများအား ထုတ်ဖော်ပါမည်။
CD;ံမြင့်လွင်

0 comments:

Post a Comment