Pages

Tuesday 2 August 2016

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ သြဂုတ် ၂
သြဂုတ် ၁ ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ အမှတ်(၁၅)နေ မအားဒို ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ တင်မောင်လွင်၊ ရဲဇော်ဇော် နှင့် ကျော်မြင့်နိုင် တို့အား တွေ့ရှိပြီး အိပ်ခန်းကုတင်ဘေး ကော်ဗူးအတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၈ ပြား၊ အိုက်စ် ၁၂၅ ဂရမ် နှင့် ကတ္ထူဗူးအတွင်းမှ 38 SPL AP 15 ကျည် ၁၈ တောင့် တို့ကို သိမ်းဆည်းရမိသဖြင့် မအားဒို (၄၆)နှစ်၊ တင်မောင်လွင်(ခ)ပါကျယ်(၂၃)နှစ်၊ ရဲဇော်ဇော်(၂၀)နှစ်နှင့် ကျော်မြင့်နိုင်(ခ)ဘီလား(၂၁)နှစ် တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိပါသည်​​။

0 comments:

Post a Comment