Pages

Tuesday 30 August 2016

ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးသိန်း(၆၀)ကျော် ဖမ်းဆီးရမိအရေးယူထား

ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးသိန်း(၆၀)ကျော် ဖမ်းဆီးရမိအရေးယူထား
မုံရွာ၊ ဩဂုတ်လ ၃၀ ရက်
၂၀၁၆ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန် ဝန်းသိုမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းကျော်သူ နှင့်အဖွဲ့၊ ဂျိုးတောင်ရဲကင်းရဲစခန်းမှ ရဲအုပ် မောင်သင် နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝန်းသိုမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနေ မခင်ပြုံး၊ ၄၂နှစ်၊ (ဘ)ဦးစောမောင်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းဒေါင့်မှ ကြွပ်ကြွပ်အိပ်ဖြင့်ထည့်လျှက် Love Is Flower စာတမ်းပါ ဆပ်ပြာခွက်များအတွင်း ပလပ်စတစ်ဖြင့်ထုပ်လျှက် ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန်(၁၂.၀၅)ဂရမ်ခန့်စီပါဆပ်ပြာခွက် (၂)ခွက် (၂၄.၁၀)ဂရမ်၊ အလေးချိန်(၁၂.၄၃)ဂရမ်ခန့်စီပါ ဆပ်ပြာခွက်(၂)ခွက် (၂၄.၈၆)ဂရမ်၊ အလေးချိန် (၁၂.၇၉) ဂရမ်ခန့်ပါ ဆပ်ပြာခွက်(၁)ခွက်၊ စုစုပေါင်းဘိန်းဖြူအလေးချိန်(၆၁.၇၅)ဂရမ်၊ တန်ဖိုး(၆၁၇၅၀၀ဝိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ထိုသို့ရှာဖွေ စစ်ဆေးတွေ့ရှိစစ်မေးခဲ့ရာ တရားခံ မခင်ပြုံး၏အစစ်ခံထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား ခဲအိုတော်စပ်သူ အောင်စိုး၊ ၄၁နှစ်၊ (ဘ)ဥိးဖိုးထောင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း (လိပ်စာတူ)၏ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်စိုးအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မခင်ပြုံး နှင့် အောင်စိုးတို့(၂)ဦးအား အရေးယူပေးရန် ၂၀၁၆ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရဲအုပ် ဝင်းကျော်သူမှ တရားလိုပြုလုပ်၍ ဝန်းသိုမြို့မရဲစခန်း မယ(ပ)၄၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုရေးဖွင့်ကာ အမှုစစ် ရဲအုပ် မောင်သင်မှ တရားခံများဖမ်းဆီးရမိ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit - ပင်လည်ဘူးမြို့

0 comments:

Post a Comment