Pages

Saturday 13 August 2016

ပြည်သူတွေ အမှန်အကန် ရွေးချယ်ခဲ့တဲ့ လက်ရှိ NLD အစိုးရ ခမျာလည်း သနားစရာတောင် ကောင်းနေပြီဗျာ။

ပြည်သူတွေ အမှန်အကန် ရွေးချယ်ခဲ့တဲ့
လက်ရှိ NLD အစိုးရ ခမျာလည်း
သနားစရာတောင် ကောင်းနေပြီဗျာ။

၂၀၀၈ ခြေ /ဥ အရ ရာနှုန်းပြည့် အာဏာလည်း မပိုင်။

ယခင်အစိုးရ ကလည်း အကြွေးတွေ ရယ်
အရှုပ်အထုပ် စီမံကိန်းတွေရယ်ပဲ
အမွေ ပေးခဲ့။

ဒါ့အပြင် အစိုးရ ယန္တရား ကို မောင်းနှင်ပေးရမယ့်
ဝန်ထမ်း အကြီးပိုင်းတွေ ကြည့်ပြန်တော့လည်း
အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား နေကြ
မိုးကျ ရွှေကိုယ်တွေရယ် ။

စတုတ္ထ မဣိုင် ကို ကြည့်ပြန်တော့လည်း
အချွန်နဲ့ မတဲ့ ဂျာနယ်တွေရယ်
နောက်ကြော ဓားနဲ့ ဖွက်ထိုးတဲ့ အယ်ဒီတာ တွေရယ် ။

တိုင်းရင်းသား အဖွဲ့တွေ ကြည့်ပြန်တော့လည်း
ငါ့နယ်မြေ သူ့နယ်မြေ
ငါ့နယ်မှာ ငါဘုရင် ငါ အာဏာရှင် လုပ်ချင်နေတဲ့
စီးပွားဖြစ် တော်လှန်ရေးသမားတွေရယ် ။

အရေးထဲ
ဒီမိုကရေစီ ရဲ့ အနှစ်သာရ ဖြစ်တဲ့
အရည်အသွေးပြည့် အတိုက်အခံ ပါတီကလည်းမရှိ။
အတိုက်အခံ လုပ်ရမယ့် ပါတီကလည်း
ပညာသားပါပါ အတိုက်အခံလည်း မလုပ်တတ်။
ကိုယ်ကဖြင့် ဘောင်းဘီ မပါ ဖင်တုန်းလုံး
သူများ ပုဆိုး ပေါက်နေတာကို
ဝေဖန် သုံးသပ် ဦးမတဲ့ ။

အင်း
ရသစုံ
ဇာတ်ပွဲကြီးပဲ ။
ပတ်မကြီး မပေါက်ရင်တော့
မိုးအလင်း အိပ်မငိုက်ရမယ့်
ဇာတ်ပွဲ ကြီးပဲ ။

0 comments:

Post a Comment