Pages

Friday 12 August 2016

မော်လူးဒေသ ပုန်းဟုန်အုပ်စု စဥ့်ခိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

မော်လူးဒေသ ပုန်းဟုန်အုပ်စု စဥ့်ခိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
###############
မော်လူး  Aug 12
၁၂.၈.၂၀၁၆ ရက်နေ့ ည(၂၂း၃၀)နာရီချိန်တွင် ပုန်းဟုန်ကျေးရွာအုပ်စု စဉ်ခိုးကျေးရွာနေ ဦးညွန့်ဝင်၏ နေအိမ်တွင် ပဲပေါင်းဖိုး မီးကြွင်းမီးကျန် မှတဆင့် မီးလောင်မှုဖြစ်ပွားရာ (၂×၃)ခန်း သက်ကယ်မိုး ထရံကာ (၂)ထပ်နေအိမ်နှင့် မြေစိုက်ဆီစက်ရုံမှာမီးလောင်ဆုံးရှုံးသွားခဲ့ပြီး ( ၂၃း၂၀)ချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်
    မီးလောင်ရာသို့ မော်လူးအုပ်မှူး ဦးစိုးမြင့်၊ ပုန်းဟုန်အုပ်မှူး ဦးမြင့်သိန်း၊ အုပ်စုစာရေး ဦးသန်းစိုးငြိမ်း ၊မော်လူးနယ်မြေရဲစခန်းမှ ရဲအုပ် မင်းမင်းနိုင် နှင့်တပ်ဖွဲ့ဝင်(၅)ဦး၊ မော်လူးမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးပါ ဦးညွန့်အောင်(မီးသတ်တပ်ခွဲမှူး)နှင့်တပ်ဖွဲ့ဝင်(၁၀)ဦး  ရွာသား (၁၃၅) ခန့်တို့စုပေါင်းကာ မီးငြိမ်းသတ်နိုင်ခဲ့မှုကြောင့် လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိ ဘေးအိမ်များသို့ကူးစပ်မှုမရှိကြောင်းနှင့်  မီးပေါ့ဆသော အိမ်ရှင်အား မော်လူးနယ်မြေရဲစခန်းမှ အမှု့ဖွင့်အရေး ယူဆောင်ရွက် ထားကြောင်း သိရှိရ
CD;S. Nyein

0 comments:

Post a Comment