Pages

Thursday 25 August 2016

မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ဝန်းသို သြဂုတ် ၂၄

ကသာခရိုင် ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုများ ပပျောက် စေရန်ရည်ရွယ်၍ သြဂုတ် ၂၂ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများ၊ NGO အဖွဲ့အစည်းများပူးပေါင်းပြီး မူးယစ်ဆေးဝါးအသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ စာစောင်များပါဝင်သည့် ပြခန်းယာဉ်အား မြို့နယ် အတွင်းရှိ လူစည်ကားရာ ရပ်ကွက်၊ ကျေးရွာ စာသင်ကျောင်း၊ ဈေး၊ လမ်းဆုံ များသို့လှည့်လည်ကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                         

လှိုင်မျိုးထွန်း(ဝန်းသို)

0 comments:

Post a Comment