Pages
Wednesday 17 August 2016
ဖခင်ကို သားအရင်းဖြစ်သူက တုတ်နဲ့ ရိုက်သတ်မှု့  ဖြစ်ပွား
ဖခင်ကို သားအရင်းဖြစ်သူက တုတ်နဲ့ ရိုက်သတ်မှု့  ဖြစ်ပွား
ဓါတ်ပုံ  -  Ko Lu Pyo
ရေကျော်ကြီးကျေးရွာနေ သေဆုံးသူဦးသောင်းအေး (၆၂)နှစ်ကို သားအရင်းဖြစ်သူ ပိုင်စိုး (၂၈)နှစ်က ဖခင်ဖြစ်သူ ထမင်းစားနေစဉ် အနောက်မှ ၄×၂သုံးပေခန့် အရှည်ရှိ တုတ်ချောင်းနဲ့ ရိုက်သတ်လိုက်ရာ ဦးသောင်းအေးမှာ နေရာတွင် ဦးခေါင်းကြေမွ ဦးနှောက်ထွက် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်နေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကောကရိတ် ကယ်ဆယ်ရေး RESCUEအဖွဲ့မှ သွားရောက်ခဲ့ပြီး အလောင်းအား ကော့ကရိတ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ပါသည်။
တရားခံဖြစ်သူကိုလည်း ရွာအနီး လယ်တောအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖမ်းဆီးရှိခဲ့ ကြောင်း ကိုလူပျို (facebook) မှာ ရေးသားဖော်ပြချက်အရ သိရပါသည်။
0 comments:
Post a Comment