Pages

Friday 19 August 2016

ကြာအင်းဆိပ်ကြီး သြ ၁၉ ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ် (၂)ရပ်ကွက်၊ ဥဒေါင်းကန် (၈)လမ်းရှိ အောင်ခိုင်ဦး (ခ)ကတုံး၊ ၃၉နှစ်၊ (ဘ) ဦးသိန်းကြူ သည် မူးယစ်ဆေးဝါး များရောင်းချနေကြောင်း သတင်းအရ

ကြာအင်းဆိပ်ကြီး  သြ ၁၉
ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ် (၂)ရပ်ကွက်၊ ဥဒေါင်းကန် (၈)လမ်းရှိ အောင်ခိုင်ဦး (ခ)ကတုံး၊ ၃၉နှစ်၊ (ဘ) ဦးသိန်းကြူ သည် မူးယစ်ဆေးဝါး များရောင်းချနေကြောင်း သတင်းအရ ရဲအုပ် ကျော်စိုးသန်းဦးစီးအဖွဲ့၊ ရတခလရ (၂၄)မှ ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းဟိန်း ဦးစီးအဖွဲ့၊ ခစတ (၁၀၂၁)မှ ဗိုလ်စောကိုလေး ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် သက်ဝင်းသူ တို့ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၁၈-၈-၂၀၁၆ ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်တွင်၎င်းနေအိမ်အား ၀င်ရောက်ရှာဖွေရာ အဆိုပါနေအိမ် အတွင်းမှ အစ္စရေးနိုင်ငံထုတ် ရိုင်ဖယ် (၁)လက်၊ ၄င်းကျည်အိမ် (၁၂)ခု၊ သြစတြေးလျနိုင်ငံထုတ် (၉)မမပစ္စတို (၁)လက်၊ ၄င်းကျည်အိမ်အတို (၂)ခု၊ အရှည် (၂)ခု၊ (၉)မမကျည် (၄၅)တောင့်၊ ချက်စ်နိုင်ငံထုတ် ပွိုင့် ၂၂ စနိုက်ပါတပ် (၁)လက်၊ ၄င်းကျည်အိမ် (၂)ခု၊ကျည် (၂၀၀၀)တောင့်၊ ၅.၅၆ကျည် (၇၀၀)တောင့်၊   အမ် ၆၇ လက်ပစ်ဗုံး (၁)လုံး၊ ထိုင်းဘတ်ငွေ ၁၂၂၈၄၀၀၀ိ/-(တစ်ရာ့နှစ်ဆယ့်နှစ်သိန်းရှစ်သောင်းလေးထောင် ဘတ်)၊ မြန်မာငွေစက္ကူ  ၅၇၇၅၀၀၀ိ/- (ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်)၊ အရွယ်အစားအမျိုးမျိုးရှိ ရွှေတုံး (၁၁၃)တုံးနှင့် ရွှေထည်ပစ္စည်း အမျိုးအစားမျိုးစုံပါ(၄၅၃၄)ဂရမ်( ရွှေအရည်အသွေး ၉၆.၅%ရှိ အလေးချိန် ၁၅.၃၆၆ ပိဿာ) စုစုပေါင်းကာလတန်းဖိုးကျပ် (၁၅၇၈၉၆၃၀၀၀ိ/-) (ကျပ်သန်းတစ်ထောင်ငါးရာခုနှစ်ဆယ်ရှစ်သန်းကိုးသိန်းခြောင်းသောင်းသုံးထောင်)ကျပ် တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိ သဖြင့် လက်နက်ခဲယမ်းများအားလက်ဝယ်ထားရှိသဖြင့်  အောင်ခိုင်းဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၁၄/၂၀၁၆၊လက်နက်(ယာယီ)ဥပဒေပုဒ်မ၁၉-ကဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။

#ကရင်�ပြည်�နယ်�ရဲတပ်�ဖွဲ့

0 comments:

Post a Comment