Pages

Wednesday 17 August 2016

အဘိုးအဘွားတွေကို တောင်းရမ်းခိုင်းပြီး ခိုင်းစားနေတဲ့ နောက်ကွယ်က ဂိုဏ်းတခုကို ကျနောတို့် ဖော်ထုတ်ခဲ့ပြီ။

လေးစားစရာ Myanmar Helper ။

အဘိုးအဘွားတွေကို တောင်းရမ်းခိုင်းပြီး ခိုင်းစားနေတဲ့ နောက်ကွယ်က ဂိုဏ်းတခုကို ကျနောတို့် ဖော်ထုတ်ခဲ့ပြီ။

မနေ့ ည ၈နာရီခန့် တွင် ကျနော်တို့ Myanmar Helperအဖွဲ့လှည်းတန်းသို့ အလုပ်ကိစ္စတခုကြောင့် သွားခဲ့ပါတယ်။

လှည်းတန်းစင်တာအနီးးသို့ရောက်ရှိသောအခါ အဘွားအိုတဦး တောင်းရမ်းနေတာကို ကျနော်တွေ့လိုက်ပါတယ်။ ပထမတော့ ကျနော် အလှူငွေထည့်ဖို့  ရည်ရွယ်ချက်နဲ့ အဘွားအနားကို သွားလိုက်ပါတယ်။ အနားကိုရောက်ရှိသွားတဲ့အချိန်မှာ အဘွားး မျက်လုံးးမမြင်ရဘူးဆိုတာ ကျနော် သိသွားပါတယ်။

ကျနော်စဉ်းစားးတယ်။ အဘွားးက မျက်လုံးမမြင်ပဲ ဒီနေရာကို ဘယ်လိုရောက်ရှိလာတာလဲ။ အဘွား လမ်းလျောက်နိင်လား မေးတော့ ကားးတိုက်ခံပြီးကတည်း လမ်းမလျောက်နိုင်တော့ကြောင်း ပြောပြပါတယ်။ ကျနော်သိလိုက်ပါပြီ။ နောက်ကွယ်က ခိုင်းစေနေတဲ့ တစုံတဦးရှိနေပြီဆိုတာကို ကျနော် ခန့်မှန်းးမိပါပြီ။ ထို့နောက် ကျနော် အဘွားကို မြင်နိုင်မယ့် ခပ်လှမ်းလှမ်း နေရာတခုမှာ ရပ်နေပြီး အဘွားအိုကို ကျနော် စောင့်ကြည့်နေခဲ့ပါတယ်။ တနာရီခွဲခန့်ကြာသောအခါ အဘွားအိုကို ကလေးချီထားသော မိန်းမယောက် လာခေါ်ပါတယ်။ သူခေါ်မသွားခင်
ကျနော် သူတို့အနားကို ရောက်သွားပြီး  အောက်ပါ မေးခွန်းများကို စတင်မေးပါတယ်။

ခင်ဗျားက ဘယ်ကလဲ????  (အုတိကျင်းးမှာ နေထိုင်တယ်လို့ အဆိုပါအမျိုးသမီးက ဖြေပါတယ်)

အဘွားနဲ့ဘယ်လိုတော်တာလဲ?? (မြေးတော်ပါတယ်လို့ ဖြေပါတယ်)

ခင်ဗျား ဗျာ မျက်လုံးမမြင်ရတဲ့အဘွားကို ဘာလို့ ဒီလိုတောင်းစားခိုင်းတာလဲ???
(အကြွေးတွေ ဆပ်စရာရှိနေလို့ တောင်းခိုင်းတာပါ)

ဒါဆို ခင်ဗျားထွက်တောင်းးလေ ခင်ဗျားက မျက်စိမြင်ရတယ် အဘွားက ဘာမှမမြင်ရဘူးး

အဲ့ဒီအချိန်မှာ အဆိုပါမိန်းမက ကျနော့်ကို ကတိကတ်လန်အောင် ရန်တွေ့ပါတယ်။ (အမှန်က ဖြဲခြောက်တာပါ။ ကျနော်များ နောက်ဆုတ်သွားမလားးဆိုပြီး)

ကျနော်လဲ လူတွေ ဝိုင်းအုံနေတဲ့ကြားထဲ ထိုမိန်းမကို ခပ်တင်းတင်း ပြန်ပြောပါတယ်။ ပြီးတော့ အဘွားးကို မေးလိုက်တယ်၊ အဘွား ကျနော်နဲ့လိုက်မလားး?? လို့
အဘွားးက ခေါင်းညိတ်ပြပါတယ်။ အဘွားကို ကျနော်တို့ ဘိုးဘွားရိပ်သာ ပို့ပေးမယ် အဘွားလိုက်မယ်မလားးလို့ ထပ်မေးပါတယ်။ အဘွားးက လူလေးရယ် အဘွားလိုက်ချင်ပါတယ်၊ ဒါပေမယ့် အဘွားရိပ်သာ ရောက်သွားးရင် ခဏခဏတော့လာကြည့်ပေးပါလို့ ပြောပါတယ်။ ဟုတ်ပြီ အဘွားး ကျနော်တို့ တာဝန်ယူမယ်ဆိုပြီးတော့ ကျနော်အဘွားးကို ခေါ်ဆောင်ဖို့ လုပ်ပါတယ်။

ထိုအချိန်မှာ အဆိုပါ ကလေးချီထားတဲ့မိန်းမက အဘွားးကို အခေါ်မခံပါဘူး။ သူတို့ဒီတခေါက်ပဲ တောင်းးခိုင်းးတာဖြစ်ကြောင်း၊ နောက်တခါ မတောင်းခိုင်းတော့ဘူးဟု ပြောလာပါတယ်။ ကျနော် မယုံပါ။ ထို့ကြောင့် ကျနော်တို့ ရဲစခန်းးကို သွားးပါတယ်။ ရဲအရာရှိကို ကျနော် ဖြစ်ကြောင်းကုန်စင် အကုန်ပြောပြပါတယ်။

ရဲအရာရှိမှ မေးမြန်းစရာရှိသည်များးကို မေးမြန်းပြီး အဘွားးဘယ်သူနဲ့ လိုက်မလဲ?? ဟု နောက်ဆုံးး မေးခွန်းမေးလိုက်ပါတယ်။

အဘွားး ၃မိနစ်လောက်ငြိမ်ပြီးး ကျနော့်အသံလာရာဘက်ကို တလှည့် အဆိုပါအမျိုးသမီးဘက်ကို တလှည့် နားထောင်ပါတယ်။ ထို့နောက် လူလေးးနဲ့ လိုက်မယ်ဟု ဖြေလိုက်ပါတော့တယ်။ ကျနော်တော်တော်လေးးကို ပျော်သွားးခဲ့တယိ။

ထို့နောက် ရဲစခန်းးမှ အဆိုပါအမျိုးသမီးကို ဆက်လက်မေးးမြန်းနေစဉ်မှာပဲ ကျနော်တို့ ကားပေါ်ကို အဘွားကို တင်ပြီး ကျနော်တို့အိမ်ကို ပြန်ပါတယ်။ ထိုစဉ် လမ်းမှာ ကားးပေါ်မှာ အဘွားးကို မေးလိုက်ပါတယ်။

အဘွားးရဲ့မြေးအရင်း ဟုတ်ရဲ့လား အဘွားးရယ်ဟု မေးးလိုက်ပါတယ်။ အဘွားးက ပြန်ဖြေပါတယ်။ အဘွားးမှ အိမ်ထောင်လဲ မရှိပါဘူး။ သားသမီးလဲ မရှိပါဘူးး တကောင်ကြွက်ပါ။ ပခုက္ကူမှာ မီးးလောင်လို့ ရန်ကုန်ကို တယောက်ထဲ ထွက်လာတာပါတဲ့။

ရနိကုန်ရောက်တော့မှ အဆိုပါဂိုဏ်းရဲ့ ခိုင်းစေခြင်းးကို ခံရပြီး လမ်းးဘေးးမှာ တောင်းရမ်းနေရပါတော့တယ်ဟု ဖြေပါတယ်။

အဘွား အဲ့စကားတွေကို ဘာလို့  ခုနက ရဲစခန်းမှာ မပြောတာလဲဟု မေးးသောအခါ လူလေးရယ် အဘွားး သူတို့ကို ကြောက်တယ်၊ အဘွားးကို ခေါင်းလဲ ရိုက်တယ်၊ လိမ်လဲဆွဲတယ်၊ ခြေထောက်နဲ့လဲ ကန်တယ်လို့ ပြောပါတယ်။

ကျနော် ချက်ချင်းး ရဲစခန်းးကို ဖုန်းဆက်ပြီး အဆိုပါ အမျိုးသမီးး ရှိသေးလားဟု မေးပါတယ်။ ရဲအရာရှိမှ ရှိသေးကြောင်း ပြန်ဖြေပါတယ်။ ကျနော်လဲ အဘွားးပြောတာတွေ အကုန်ပြန်ပြောလိုက်ပါတယ်။ ရဲအရာရှိဘက်မှလဲ ဥပဒေအရ ဆက်လက်စုံစမ်းပြီး လုပ်စရာရှိတာတွေ လုပ်ဆောင်မည်ဟု သိရပါတယ်။

ပြီးခဲ့တဲ့ညကတော့ အဘွား ကျနော့်အိမ်မှာ အိပ်ပါတယ်။ ခုမနက် ဟင်္သတမြို့မှ မသင်းရွှေစင်လှိုင် (ခိုလှုံရာပရဟိတ) က တာဝန်ယူပြီးး လှည်းကူးမှ သဘာဝတရားရိပ်သာသို့ ပို့ဆောင်ပေးပါမည်။ ဘာပဲပြောပြော အဘွားကတော့ အဆင်ပြေသွားတာပေါ့ဗျာ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ အဆိုပါ အဘွားကဲ့သို့ တောင်းရမ်းးနေရတဲ့အဘွားအိုတွေ အများကြီးပါ။  အားးလုံးးဝိုင်းဝန်းစောင့်ရှောက်ကြပါခင်ဗျာ။ ကျနော်တောင်းးဆိုတာပါ။ မိမိ အစအဆုံး တာဝန်မယုနိုင်ရင်တောင်မှ ပရဟိတအဖွဲ့ တခုခုထံ ဖုန်းဆကိပြီး အကူအညီ တောင်းးပေးလိုက်ပါ။ လမ်းပေါ်က အသက်တွေကို ကယ်တင်ပေးကြပါလို့ တောင်းးဆိုပါရစေ။

Myanmar Helper

09423665966

0 comments:

Post a Comment