Pages

Friday 5 August 2016

ကသာမြို့လမ်းခွမောင်းတံဂိတ်မှာလှည့်၍ထွက် ပြေးသောယာဉ်လိုက်လံစစ်ဆေးရာ မူးယစ်ဆေး ဝါးနှင့် စိတ်ကြွဆေးပြားတွေ့ရှိဖမ်းမိ ***********************

ကသာမြို့လမ်းခွမောင်းတံဂိတ်မှာလှည့်၍ထွက်
ပြေးသောယာဉ်လိုက်လံစစ်ဆေးရာ မူးယစ်ဆေး
ဝါးနှင့် စိတ်ကြွဆေးပြားတွေ့ရှိဖမ်းမိ
*******************************************
ကသာမြို့နယ်လမ်းခွမောင်းတံဂိတ်တွင် မူးယစ်
တပ်ဖွဲ့စု (၆)မှ ရဲအုပ်နိုင်နိုင်ဦး ဦးစီး၍တပ်ဖွဲ့ဝင်များ
ဖြင့် ရှောင်တခင်စစ်ဆေးရှာဖွေနေစဉ် အမျိုးသား
တစ်ဦးမောင်းနှင်လာသောဆိုင်ကယ်တစ်စီး လှည့်၍ထွက်ပြေးပြီး လမ်းခွကျေးရွာတွဲဖက်
အလကခွဲစာသင်ကျောင်းအလွန်းလမ်းဘေးတွင် ဆိုင်ကယ်ရပ်၍လယ်ကွင်းအတွင်းသို့ ဆင်းပြေး
သဖြင့် လိုက်လံဖမ်းဆီးရမိကြောင်း သတင်းသိရ
သည်။
ထိုနောက်သြဂုတ်လ (၅) ရက်နေ့၁၁း၃၀အချိန်တွင်
သက်သေများနှင့် SHAYAN အမျိုးစား၁၂၅ ဆိုင်ကယ်
စီးနင်းလာသူ လွယ်ထားသော Ladi Zulo
စာတမ်းပါ အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ
ဘိန်းဖြူထည့်ထားသောရောင်စုံဆပ်ပြာခွက် (၄)ခွက်
အလေးချိန် ၄၂ ဂရမ်ခန့် ကာလတန်ဖိုး (၄၂၀၀၀၀၀ိ/-)
ကပ်ခွာအိတ် (၂)အိတ်အတွင်းမှာ စိတ်ကြွရှုး
သွတ်ဆေးပြား (၃၈၆ )ပြား ကာလတန်ဖိုး
၁၁၅၈၀၀၀ိ/- တို့အားတွေ့ရှိသဖြင့် နိုင်လင်း (ဘ)
ဦးမောင်ရီ ၃၂/၁၆ နှစ် တောင်သူ တုံးတော်ကျေး
ရွာ နံသာကျေးရွာအုပ်စု အင်းတော်မြို့နယ် ကသာမြို့မရဲစခန်း မယ(ပ)၃၄/၁၆
မူး/စိတ်ပုဒ်မ -၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထား
ရှိကြောင်းသတင်းသိရသည်။

ငွေအိုး (ကသာ)

0 comments:

Post a Comment