Pages

Sunday 14 August 2016

စင်္ကာပူတွင် မြန်မာအိမ်ဖော်မလေးကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် အမှု၏ နောက်ဆက်တွဲအဖြစ် ရဲဝန်ထမ်းဖြစ်သူ ကီဗင်ချာလ်ဗမ်ကို ဖမ်းဆီး ========

စင်္ကာပူတွင် မြန်မာအိမ်ဖော်မလေးကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့်
အမှု၏ နောက်ဆက်တွဲအဖြစ် ရဲဝန်ထမ်းဖြစ်သူ ကီဗင်ချာလ်ဗမ်ကို ဖမ်းဆီး
================================
၁၄..၈..၁၆
-
မြန်မာအမျိုးသမီး အိမ်အကူ အလုပ်သမလေး ပြောင်ငိုက်ဒွန်း (၂၄) နှစ်ကို သတ်မှုဖြင့် အမှုရင်ဆိုင်နေရသော မူရှုဂါယန် (၃၆) နှစ်၏ ခင်ပွန်းဖြစ်သူ (၃၇) အရွယ် ရဲဖြစ်သူ ကီဗင်ချာလ်ဗမ်ကို သက်သေခံပစ္စည်း ဖျောက်ဖျက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ သြဂုတ်လ (၁၁) ရက်နေ့က ဖမ်းဆီးလိုက်ပြီး စင်္ကာပူတရားရုံးတွင် တရားစွဲဆိုလိုက်ပါတယ်၊ ၄င်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ထဲက အလုပ်တာဝန်မှ ရပ်စဲထားတာဖြစ်ပါသည်။
-
အိမ်အကူအလုပ်သမလေး မသေဆုံးမီ ဇွန်လ ၂၄ ရက်နေ့က ကီဗင်ချာလ်ဗမ်
သည် ကောင်မလေးကို ခြေထောက်လွတ်အောင် ဆံပင်ကနေ ဆွဲကိုင်
မြှောက်ပြီး ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ခဲ့ခြင်း၊ ဇွန်လိုင်လ ၂၃ ရက်နေ့က သူမ၏ ပုခုံးကို ဘတ်တံဖြင့် ရိုက်ပြီး နှိပ်စက်ခဲ့ခြင်း၊ ရဲအရာရှိကို မမှန်မကန်
ထွက်ဆိုခြင်းနှင့် သက်သေခံပစ္စည်းဖြစ်သော CCTV ကင်မရာနှင့် အချက်
အလက်များကို ဖျောက်ဖျက်ခြင်း စသည့် စွဲချက် ၄ ချက်ဖြင့် တရားစွဲဆိုခဲ့တာ
ဖြစ်ကြောင်း သိရှိရပါသည်။
-
CCTV ကင်မရာနှင့် အချက်အလက်များကို ဖျောက်ဖျက်ရာတွင် ယောက္ခမ
ဖြစ်သူ ပရီမာအက်နာရေနာဆာမီနှင့်အတူ ပူပေါင်းဖျောက်ဖျက်ခဲ့တာ
ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲအရာရှိထံ အစစ်ခံရာ၌ ထို CCTV ကင်မရာဟာ လွန်ခဲ့တဲ့ ခြောက်လထဲက နေရာတွင် မရှိပါဟု လိမ်ညာထွက်ဆိုခဲ့
တယ်လို့ဆိုပါသည်။
-
သေဆုံးသူ အိမ်အကူ အလုပ်သမလေး ပြောင်ငိုက်ဒွန်းရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ အတွင်းကြေဒဏ်ရာတွေအရ သူမဟာ အကြိမ်ကြိမ် နှိပ်စက်
ညှဉ်းပန်းခံခဲ့ရပြီး သေဆုံးခဲ့တယ်ဆိုတာ ဖေါ်ပြနေတယ်လို့ စင်္ကာပူသတင်း
ဌာန CNA က သိရှိကြောင်းတင်ပြထားပါသည်။
-
သူရဲ့ ဇနီးဖြစ်သူ မူရှုဂါယန် (၃၆) နှစ်နှင့် ယောက္ခမဖြစ်သူ ပရီမာအက်နာ
ရေနာဆာမီ (၅၈) နှစ်တို့ဟာလည်း မြန်မာအမျိုးသမီး အိမ်အကူ အလုပ်
သမာလေးကို သတ်မှုဖြင့် တရားရင်ဆိုင်နေရပါသည်။
-
ထိုအမှုကို စင်္ကာပူရဲတပ်ဖွဲ့အနေနဲ့ စံပြအနေဖြင့် ဆောင်ရွက်မှာဖြစ်ကြောင်း သိရှိရပါတယ်၊ စင်္ကာပူတွင် လူသတ်မှုကျူးလွန်ရင် သေစားသေစေ စီရင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် သတ်သည်ဟု ပြစ်မှုထင်ရှားလျှင် ပြစ်မှုကျူးလွန်သူ သားအမိသည် သေဒဏ် (သို့) ထောင်ဒဏ် တသက် ကျခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။
=======
CNA News

0 comments:

Post a Comment