Pages

Saturday 27 August 2016

"KIAသောင်းကြမ်းသူများမှ ကာမိုင်းဒေသရှိ ကားလမ်းဘေးများတွင် မိုင်းများထောင်ထား" သြဂုတ် ၂၇

ကာမိုင်းမြို့နယ်ခွဲ ယုဇနလမ်းပိုင်းတွင် ယနေ့ညနေ ၃ နာရီမှ ၅ နာရီအတွင်း KIAသောင်းကြမ်းသူများထောင်ထားသော မြေမြုပ်မိုင်းနှစ်လုံးကို ကာမိုင်း ဌာနေပြည်သူ့စစ်က ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည် ။

သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း မအူပင်ကျေးရွာနှင့် ရေကာတာ ကျေးရွာကြား လမ်းပိုင်းတွင် မြေမြုပ်မိုင်း တစ်လုံးကို ဌာနေပြည်သူ့စစ်အဖွဲ့က ရှင်းလင်းနိုင်ခဲ့ပြီး သြဂုတ်လ အတွင်းမိုင်းငါးလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

KIAသောင်းကြမ်းသူများမှ ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရစေရန် နှင့် နယ်မြေမညိမ်မသက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆိုးရွားစွာလုပ်ဆောင်လျှက်ရှိသည်။

###မြစ်ကြီးနာသတင်း

0 comments:

Post a Comment