Pages

Friday 19 August 2016

ပခုက္ကူ၌ ဘောလုံးပြိုင်ပွဲအတွင်း အချင်းများရာမှ နေအိမ် ၅၀ခန့် ဖျက်ဆီးခံရ ..............................................

ပခုက္ကူ၌ ဘောလုံးပြိုင်ပွဲအတွင်း အချင်းများရာမှ နေအိမ် ၅၀ခန့် ဖျက်ဆီးခံရ
..............................................

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာ သုံးပြည်ဘွဲ့ရပေါ်တော်မှုမြတ်စွာဘုရားပွဲ၌  သြဂုတ် ၁၈ရက် ညနေ ၅နာရီခန့်က ဆင်မင်းကျေးရွာဘောလုံးအသင်းနှင့် ပြည်ထဲရေးအသင်းဗိုလ်လုပွဲယှဉ်ပြိုင်ကြရာတွင် အချင်းများခဲ့ပြီး ဆင်မင်းကျေးရွာအိမ်ခြေ ၅၀ခန့် ဖျက်ဆီးခံရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

"ကွန်းရွာကျေးရွာ ပေါ်တော်မှုမြတ်စွာဘုရားပွဲ ဘောလုံးပွဲမှ ခဲနဲ့ပစ်ပေါက်ရာကအချင်းများကြတယ်လို့ကြားတယ်။ အဲဒီ့နောက်ပိုင်းရွှေတန်တစ်ကျေးရွာက လူအုပ်ကြီးက ဆင်မင်းကျေးရွာရောက်လာပြီး လမ်းမဘေးမှာရှိတဲ့ နေအိမ်တွေနဲ့ အိမ်တွင်းပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ဖျက်ဆီးသွားတယ်" ဟု နေအိမ်ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဖျက်ဆီးခံရသည့်ပစ္စည်းများနှင့် တန်ဖိုးကို စာရင်းကောက်ယူလျက်ရှိကြောင်း၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးက ပြောဆိုသည်။

လက်ရှိ ည ၁၂ နာရီကျော်သည်အထိ ရွှေတန့်တစ်ကျေးရွာသားများနှင့် ဆင်မင်းကျေးရွာသားများ၏ပဋိပက္ခမှာ ပြီးဆုံးခြင်းမရှိသေးဘဲ တုတ်၊ ဓား လက်နက်များဖြင့် တစ်ရွာနှင့် တစ်ရွာ အချင်းများနေဆဲဖြစ်၍ ရဲအင်အား ၅၀ ခန့်က ထိန်းသိမ်းနေရဆဲဖြစ်သည်ဟု The Voice သတင်းထောက်က သတင်းပေးပို့သည်။

ဓာတ်ပုံ - နေလင်းဖြူ

The voice

0 comments:

Post a Comment