Pages

Thursday 11 August 2016

အိမ်​ယာမဲ့.......များ

အိမ်​ယာမဲ့.......များ

အင်း​တော်​မြို့နယ်​၊​မော်​လူးမြို့​ပေါ်ရှိ ဘူတာလမ်း၊လမ်းမ​တော်​လမ်း ​ဘေးဝဲယာတစ်​​လျှောက်​ ဈေးဆိုင်​များအများအပြား​ဖွင့်​လှစ်​​ရောင်းချကြသည်​မှာ ​မော်​လူးသား​တော်​​တော်​များများးအသိပင်​။

ဈေးဆိုင်​​ရှေ့အဖီချထား​သော​နေရာ၊ဆိုင်​ခန်းအမိုး​အောက်​တို့၌ ညအချိန်​စည်းကမ်းမဲ့လွတ်​ထား​သောနွားများဝင်​​ရောက်၍ နွား​ချေးများ၊အညစ်​အ​ကြေးများ​ စွန့်​ထားတတ်​သည်​။

မနက်​ဆိုင်​ခန်းခင်းလျှင်​ဆိုင်​ရှင်​တို့အ​တော်​ဒုက္ခ​ရောက်၊​​စိတ်​ညစ်​ကြရသည်​။ ထို့ပြင်​ ညအချိန်​ ကားလမ်းများ​ပေါ်၌အုပ်​စုလိုက်​အိပ်​စက်​ကြေ​သာ​ကြောင့်​ လမ်းရှင်းသည်​အထင်ြ​ဖင့်​​မောင်းနှင်​လာ​သောကားများ၊ဆိုင်​ကယ်​များလည်းစိတ်​အ​နှောက်​အယှက်​ဖြစ်​၊ဒုက္ခ​ရောက်​ကြရ​လေသည်​မှာအမြဲပင်​။မ​တော်​တဆတိုက်​မိလျှင်​သာ နွားပိုင်​များ နစ်​နာ​ကြေး​တောင်းတတ်​ကြသည်​။မိမိနွားကိုမူထိန်းသိမ်းရ​ကောင်းမှန်းမသိ။ညအချိန်​လိုက်​မသိမ်းပဲလွှတ်​ထားသည်​မှာကျ​နော်​တို့လူမျိုးတို့၏ပြုပြင်​ရမည်​ဖြစ်​​သော အားနည်းချက်​တစ်​ခုပင်​။

အဆိုပါနွားများမှာ​မော်​လူးမြို့​ပေါ်လည်​သွားလာလျက်​​တွေ့ရာဆိုင်​များ၌၀င်​​ရောက်​အိပ်​တတ်​ကြသည်​။
ဆိုင်​ရှင်​များ မိမိဆိုင်​​နွားမ၀င်​​အောင်​ ၀ါးလုံးများ၊ထိုင်​ခုံများဖြင့်​ ကာရံကြရသည်​မှာ အလုပ်​တစ်​ခုပင်​။
သို့​ပေမဲ့မိုးရွာလျင်​ဖြစ်​​စေ၊ညအချိန်​​ရောက်​တိုင်းလွှတ်​ထား​သောနွားများကား ၀င်​တိုးကာ အိပ်​မြဲအိပ်​၍အညစ်​အ​ကြေးများစွန့်​မြဲပင်​။ရပ်​ကွက်​မှူးများမှ အဆိုပါ ညအချိန်​လွှတ်​ထား​သောနွားများအား ထိန်းသိမ်း​ပေးဖို့ နွားပိုင်​ရှင်​များ​အားသတိ​ပေး ​ဆောင်​ရွက်​ကြရန်​ တိုက်​တွန်းအပ်​ပါသည်​။

မိမိ​ဒေသအား စည်းကမ်းရှိရှိဖြင့်​ဖွံ့ဖြိုးတိုးတက်​​စေရန်​ နွားပိုင်​ရှင်​များ သတိထားနိုင်​ကြဖို့​ တင်​လိုက်​ပါတယ်​ခင်​ဗျာ....

0 comments:

Post a Comment