Pages

Monday 1 August 2016

အထဲမှာ လူသေလား လူရှင်လား **************

အထဲမှာ လူသေလား လူရှင်လား
***********************
ကားကိုစမြင်လိုက်ကထဲက
ရင်ထဲမှာ ခိုးလိုးခုလုကြီးဖြစ်လာသည်
ဘာမှတော့မပြောသေး
ကားဆရာက လိုင်စင် ဝှီးတတ်တို့ ထုတ်ပြသှ်
အားလုံးကတော့အမှန်
ကားထဲသို့ တစ်ချက်ဝှေ့ပတ်ကြည့်မိသည်
နောက်ဖုံးထဲမှာ ၄ ယောက်
အလယ်ခုံမှာကလေးတွေနဲ့ ၅ယောက်
ရှေ့မှာ ၂ ယောက်
မိသားစုလိုက် ခရီးထွက်ခဲ့ကြသည်ဟုဆိုသည်
အလယ်ဆိုဖာခုံအိအိများကိုမြင်တော့ ပြောချင်တဲ့စကားတွေကထိန်းမရတော့
ပြောင်းလဲနေသောကျွန်တော့်မျက်နှာ အမူအရာများကို ကားပေါ်ပါမိသားစု သတိပြုမိလာကြသည်
ရိုင်းတယ်လို့ ထင်ချင်ထင် စပြောမိသည်
အထဲက လူသေတွေလား လူရှင်တွေလား ဟု
ကားဆရာကခေါင်းကလေးငုံ့နေသော်လည်း ကားထဲကလူများက
ခေါင်းပြူ၍ ပိုထွက်လာကြသည်
အလောင်းစင် ဘယ်မှာလဲဟု ထပ်မေးလိုက်တော့ ပို၍မျက်လုံးပြူးလာကြသှ်
သေချာသည်
ကားဆရာနားလည်နေသည့်တိုင် အထဲမှ မိသားစုတို့ နားလည်ကြမည်မဟုတ်ဟု ကျွန်တော်အတတ်သိလိုက်သည်
ထို့ကြောင့် အစချီ၍ ရှင်းမိပြန်ပါတော့သည်
အကိုတို့ အားလုံးပေါ့ဗျာ
ဒီကားက အလောင်တင်ဖို့အတွက် တရားဝင် ချပေးထားတဲ့ HSE( hearse = နိဗ္ဗာန်ယာဉ်)ပါ
လူစီးယာဉ်မဟုတ်ပါဘူး
ဒီကားမှာ အထဲက ဆိုဖာခုံတွေမပါရဘူး
ယာဉ်မောင်းခုံ နောက်ကျောကနေ
အကျယ် ၉ ပေ ရှိရပီး အထဲမှာ အလောင်စင် ပါရှိရပါ့မယ် ဘေးဆွဲတံခါးမဖြစ်ရဘူး
နောက်ဖုံးဖွင့်တံခါးဖြစ်ရပါ့မယ်
ဘေးတဘက်တချက်မှာ ဆေးသားနဲ့ ရေးထားရမဲ့ နိဗ္ဗာန်ယာဉ်ဆိုတဲ့ စာသား ပါရှိရပါ့မယ်
ဒါကို ယာဉ်မောင်းသူသိပါတယ်
သိသိကြီးနဲ့ ဒီလို အိမ်စီးကားပြောင်းစီးနေတာ
နိုင်ငံသားတစ်ယောက်အနေနဲ့ရှက်သင့်ပါတယ်
ကျွန်တော်တို့တွေ ခောတ်ပညာတတ်တွေပါ
အကောင်း အကျိုး အဆိုး အကောင်း ဒါလောက်လေးတော့ အသိရှိသင့်ပါတယ်ဗျာ
ကိုတစ်ယောက်အဆင်ပြေဖို့အတွက် အရှက်နဲ့ သိက္ခာကို ထည့်မတွက်ပဲ တစ်ကိုယ်တော်အကျိုးကို ရှေ့ရှုလုပ်ဆောင် နေတာတော့ အသိတရားနဲ့ ပြန်ထိန်းစေချင်ပါတယ်
ဒီကားကို အဝေးကစမြင်ကထဲက အထဲမှာ အလောင်စင်နဲ့ လူသေတွေပဲ ရှိမှာလို့ နားလည်တဲ့သူတွေ အဲ့လိုမြင်နေတဲ့အချိန် ရုတ်တရက် လူရှင်တွေ တပြုံကြီးတွေ့လိုက် ရတော့ မြင်တဲ့သူတွေရော ကားထဲမှာရှိနေတဲ့ သူတွေရော ဘယ်လိုဖြစ်ကုန်မလဲ
အသေအချာတွေးကြည့်ရင် ဘယ်လိုမှ မဖြစ်သင့်တဲ့အရာတွေပါ
ငါ့အကိုတို့ အသိလေးတွေ ပြန်စုပေးပါ
ဖမ်းခြင်း မဖမ်းခြင်း
အရေးယူခြင်း မယူခြင်းထက် ပင်ကိုယ်အသိ ရှိစေချင်တာပါ
အကိုတို့ကြည့်ရတာ တတ်နိုင်တဲ့သူတွေပါ
ကားလေးပြောင်းစီးကြပါတော့
ရှည်လျှားစွာကျွန်တော်ရှင်းပြတော့ ကားထဲကလူတွေ အခုမှသိရတာပါဟုဆိုပီး
နားလည်ကြောင်းပြောပြ တောင်းပန်ကြသည်
ကျွန်တော့်ကိုတောင်ပန်၍ ကျွန်တော်က ခွင့်လွတ်သည်ထား
နိဗ္ဗာန်ယာဉ်ကို အိမ်စီးယာဉ်အဖြစ်ပြောင်းလဲ အသုံးပြုနေသည်ကိုတော့ ကိုစောင့်နတ်က ခွင့်လွတ်လိမ့်မည်မဟုတ်
ဤ post ကို ဖတ်ပီးရင် ကျွန်တော့်မိတ်ဆွေတွေလည်း ဤကဲ့သို့သော အမှာမျိုး မဖြစ်ပေါ်ရအောင် ဖြစ်ပေါ်ခဲ့လျှင်လည်း အချိန်မှီပြုပြင်နိုင်အောင်
ထိုထိုသော ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြလိုပ်ရခြင်း ဖြစ်ပါတယ်ဗျာ။
( နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓဂယာလမ်းခွဲ
  1.8.2016  13:35 အချိန်)
            ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
                           1.8.2016

0 comments:

Post a Comment