ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး
ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်ခုပင်။
မြန်မာနိုင်ငံတစ်ဝှမ်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အလေးထားအပ်သောသမိုင်းဝင်နေ့တစ်နေ့ပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အာင်ဆန်း၏ သွေး၊ချွေးတို့နှင့်ရင်းခဲ့ရသော အစဉ်မမေ့အပ်သောနေ့ဖြစ်သည်။
နှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်ခဲ့သော အင်္ဂလိပ်တို့်သည် မြန်မာပြည်ကို တောင်တန်းနှင့်ပြည်ပ ဟူ၍ နှစ်ပိုင်းခွဲကာ သွေးခွဲအုပ်ချုပ်ခဲ့လေသည်။
အကယ်၍လွတ်လပ်ရေးပေးရပါက တောင်တန်းဒေသကိုချန်ထားလိုသော ရည်ရွယ်ချက်ဖြစ်သည်။
ဤသည်ကိုသိ၍ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ဇန်နဝါရီ ၆ရက်နေ့မှာ ဗြိတိသျှနိုင်ငံ၊လန်ဒန်မြို့ကိုသွားရောက်ပြီး တစ်နှစ်အတွင်း မြန်မာပြည်လွတ်လပ်ရေးရရန် အရေးဆိုကြပါတယ်။
ဗြိတိသျှနန်းရင်းဝန် အက်တလီဦးဆောင်တဲ့ အဖွဲ့နဲ့ ဗိုလ်ချုပ်တို့ အကြိတ်အနယ်ဆွေးနွေးနေစဉ်မှာပဲ ရှမ်းပြည်မှ ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်လူထုကိုကိုယ်စားမပြု ပြည်မမှခေါင်းဆောင်တစ်ဦးသာဖြစ်တယ်ဆိုတဲ့ ကြေးနန်းစာရောက်လာလို့် ဆွေးနွေးပွဲတောင် ပျက်လုလု အခြေအနေရောက်ခဲ့ရပါတယ်။
နောက်နှစ်ရက်အကြာ မှာ ရှမ်းပြည်သူလူထုတစ်ရပ်လုံးက အကြွင်းမဲ့ထောက်ခံကြောင်း ရေးထားတဲ့ကြေးနန်းစာ ရောက်လာပြန်လို့ အောင်ဆန်းအက်တလီစာချုပ်ကို ဇန်နဝါရီ ၂၇ရက်နေ့မှာ အောင်မြင်စွာ လက်မှတ်ရေးထိုးလိုက်နိုင်ပါတယ်။
ထူးခြားချက်က လက်မှတ်မထိုးတာ ဂဠုန်ဦးစော နဲ့ မော်လူးပုံရိပ် အဖွဲ့သားများရဲ့ မွန်မြတ်စေတနာအလှူ
(၁၂.၂.၂၀၁၆)ပြည်ထောင်စုနေ့။
ကျနော်တို့မော်လူးဒေသ ဝန်းကျင်မှ မူလတန်းကျောင်းသူ/သားလေးများအား ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် အာဟာရအလှူကို နှစ်စဉ်ပြုလုပ်လာသည်မှာ
ယခုနှစ်နဲ့ဆို ၃နှစ်မြောက်ရှိပြီဖြစ်သည်။
ယခုနှစ် အာဟာရအလှူအဖြစ် (၄.၂.၂၀၁၆)ရက်နေ့က ကျောင်းသားဦးရေ (၅၆)ယောက်ရှိသော သက်ရင်းသာကျေးရွာမူလတန်းကျောင်းနှင့် (၈.၂.၂၀၁၆)ရက်နေ့က ကျောင်းသားဦးရေ (၆၀)ယောက်ရှိသော ကရင်ကျေးရွာမူလတန်းကျောင်းများသို့
သွားရောက်ကျွေးကြပါသည်။
ယခုနှစ်တွင်မူတန်းကျောင်းနှစ်ကျောင်းသို့ သွားရောက်နိုင်၍ အင်မတန် ကျေနပ်ဝမ်းမြောက်ရပါသည်။
ကျောင်းနှစ်ကျောင်းသို့ အာဟာရအလှူအဖြစ် ကြာဇံချက် ကျွေးပြီးပိုသည့်ငွေ (၂)သောင်းကျော်အား နှောင်နှစ်တွင်ကျွေးရန်အတွက် မော်လူးပုံရိပ်အဖွဲ့မှ ထိန်းသိမ်းထားရှိပါသည်။
ကျနော်တို့ မော်လူးပုံရိပ်အဖွဲ့၏ထူးခြားချက်မှာ ကုန်ကျငွေ နှင့်အလှူခံရရှိငွေစာရင်းအား လိုက်ပါကြသူနှင့်ကျောင်းအုပ်ကြီးများသို့် ကျွေးသည့်နေ့တွင်ပင် အများသိစေရန် ထုတ်ပြန်ဖြန့်ဝေပေးပါသည်။
မည်သည့်နှစ်မှ ထုတ်ပြန်ရန်နောက်ကျခြင်း၊ မထုတ်ပြန်ပဲ အသိမပေးပဲနေခြင်းများမရှိပါ။
ယခုလည်းကျနော်တို့်မော်လူးပုံရိပ်အဖွဲ့၏ အာဟာရအလှူမှ လက်ကျန်ငွေ နှစ်သောင်းအား ဆက်လက်လှူဒါန်းရန် အကြောင်းဖြစ်ပေါ်လာပုံကို တင်ပြပါမည်။
ှမော်လူးအုပ်စု၊အမျိုးသားမိုကရေစီ အဖွဲ့ချုပ်မှ နာယကကြီးတစ်ဦးဖြစ်သူ ဦးတင်ငွေသည် အသက်အရွယ်ကြီး၍ နာမကျန်းဖြစ်နေသည်ဟု ကြားသိရသောကြောင့် မော်လူးပုံရိပ်မှ အဖွဲ့ဝင်များနှင့်တိုင်ပင်၍ လက်ကျန်ငွေ(၂)သောင်းကို ယနေ့နေ့လည်(၁၁း၃၀)အချိန်တွင် သွားရောက်ဂါဝရပြုပေးအပ်ကြပါသည်။
မော်လူးပုံရိပ်သို့ အာဟာရအလှူအတွက် ထည့်ဝင်ကူညီသော အလှူရှင်များနှင့်အဖွဲ့ဝင်များအား သာဓုခေါ်ဆို၍ ကုသိုလ်မျှဝေရရှိစေဖို့ရာ မော်လူးပုံရိပ် မှ ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။
ပါဝင်ကြသူများအား ကျေးဇူးတင်လျှက်....................။
ဗဟိန်း နှစ်ယောက်သာ ကျန်တယ်။
အင်္ဂလိပ်တို့်ထံမှ မြန်မာပြည်လွတ်လပ်ရေးပေးသောအခါ တောင်တန်းဒေသ၏ သဘောထားကို ရယူရန်လိုကြောင်း အမှာစကား
ပါးလိုက်ပါတယ်။တစ်နည်းအားဖြင့် ဗိုလ်ချုပ်ရဲ့ စည်းရုံးရေးစွမ်းရည်နဲ့ လုပ်ရည်ကိုင်ရည်ကို စမ်းသပ်လိုက်တဲ့သဘောပါ။
ဗိုလ်ချုပ်တို့ကိုယ်စားလှယ်အဖွဲ့  ဖေဖော်ဝါရီ၂ရက်နေ့မှာမြန်မာပြည်ပြန်ရော်ပြီး၊တိုင်းရင်းသားတို့ နှင့်ညီညွတ်မှုကိုရဖို့ လုပ်ဆောင်ကြရပြန်ပါတယ်။
ဖေဖော်ဝါရီ ၈ရက်နေ့မှာ ခရီးပန်းသည့်ဒဏ်ကိုမမှုနိုင်ပဲ တိုင်းရင်းသားခေါင်းများနှင့်ဆွေးနွေးရန် ရှမ်းပြည်တောင်ပိုင်း၊ပင်လုံမြို့သို့ ပင်လုံညီလာခံ တက်ရောက်ရန် သွားရောက်ရပြန်ပါတယ်။
တိုင်းပြည်လွတ်လပ်ရေးအတွက် မိုင်းပေါင်းများစွာဝေးသောခရီးကိုမမှု၊ချမ်းအေးလှသောရာသီဥတုကိုဂရုမထားနိုင်ပဲ လမ်းခရီးကြမ်းကြမ်းကို အဲဒီခေတ်ကပေါ်သော ကားစုတ်လေးစီး၍ ခရီးဆက်ရပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့ည မှာ တိုင်းရင်းသားတို့ထံမှ ယုံကြည်မှု နှင့် သဘောတူညီမှုတို့ ရရှိပြန်ပါတယ်။
ဒါကြောင့် ဖေဖော်ဂါရီ ၁၂ရက်နေ့မနက်၁၀နာရီအချိန် ပင်လုံစာချုပ်ကို တိုင်းရင်းသားခေါင်းဆောင် ၂၂ဦး စုစုပေါင်း ၂၃ဦးတို့ဖြင့် အောင်မြင်စွာ လက်မှတ်ရေးထိုးလိုက်နိုင်ပါတယ်။
အင်္ဂလိပ်တို့ပင် ထင်မှတ်မထား၍ ဗိုလ်ချုပ်၏ကြိုးပမ်းမှုကို အံ့သြချီးမွမ်းရလေသည်။
ထိုပင်လုံစာချုပ် ချုပ်ဆိုလိုက်နိုင်၍လည်း မြန်မာတစ်ပြည်လုံးကို အင်္ဂလိပ်တို့ တစ်နှစ်အတွင်းလွတ်လပ်ရေးပေးရပါတော့တယ်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွှတ်မှုကိုပြသခဲ့ကြသော ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်၍ ကျွန်တ်ာတို့အားလုံး ပြည်ထောင်စုကို အစဉ်အလေးထားသင့်ပေသည်။
ပြည်ထောင်စုနေ့ကို အစဉ်သတိရလျှက် စည်းလုံးညီညွှတ်မှုဖြင့် မြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့အောင် လိုက်နာ ကျင့်ကြံရမည်ဟု မော်လူးပုံရိပ်မှ ရေးသား ဖော်ပြအပ်ပါသည်။
Friday, 12 February 2016
Home »
» "ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး"
"ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး"
21:14
No comments
Related Posts:
မှုခင်းသတင်းမှုခင်း သတင်း ကော့ကရိတ် – မြ၀တီလမ်းဟောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး ဓာတ်ပုံ - ကျော်စွာ ကရင်ပြည်နယ် ကော့ကရိတ် – မြ၀တီလမ်းဟောင်းပေါ်မှာရှိတဲ့ စောဟဲစခန်းမှာ မနေ့ အောက်တိုဘာ ၆ ၇က်နေ့က နေ့ခင်း ၂ နာရီမှာ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆ… Read More
စည်းကမ်းမဲ့အမှိုက်ပစ်သူများ၊အမှိုက်သိမ်းကားများ ဆင်ခြင်ကြပါ။မော်လူးဒေသနှင့်ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရန် စည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်ကြပါ။ … Read More
အမှတ်ပေးဇယား အမှတ်ပေးဇယား မိခင်တစ်ဦးအနေနဲ့ ရင်သွေးတွေလှမျက်နှာကို ဘယ်လောက်များကြည့်ချင်ရှာမလဲ။ ရင်သွေးမျက်နာထက် မြန်ပြည်သူဒုက္ခမျက်နာတွေ မျှော်လင့်ချက်… Read More
၂၀၁၅/၂၀၁၆တက္ကသိုလ် ၀င်ခွင့်များစတင်လျှောက်ထားနိုင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်များ စတင်လျှောက်ထားနိုင် တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို အောက်တိုဘာလ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်ထားသောနှုန်းထား များဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသ… Read More
ဖွတ်တွေယုတ်ကုန်ပြီ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD ကို မဲမပေးရန် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်ပြီး ရေးသားထားသော လက်ကမ်းစာစောင်များ ဝေငှခဲ့သည့် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား အမှုဖွင့… Read More
0 comments:
Post a Comment