Home
Maw Luu's Images
Home
Pages
Home
Sunday, 21 February 2016
Home
» » ဟဲနုချောင်းကူးတံတား မူလမှ၁ပေခွဲအမြင့်သို့တက်ပေးမည့်သတင်း
ဟဲနုချောင်းကူးတံတား မူလမှ၁ပေခွဲအမြင့်သို့တက်ပေးမည့်သတင်း
09:53
No comments
မော်လူးဒေသ၊ဟဲနုကျေးရွာ ချောင်းကူးတံတား လက်ရှိတည်ဆောက်နေတဲ့ ကြမ်းခင်းအမြင့်အား (၁)ပေခွဲသို့ ထပ်မြင့်ရန် သဘောတူညီမှုရ.... လက်ရှိတာဝန်ယူတည်ဆောက်နေသော ဟဲနုချောင်းကူး သံကူကွန်ကရစ်တံတားမှာ အင်မတန် နိမ့်လွန်းနေ၍ ရေဘေးအတွက် မော်လူးနှင့်ဟဲနုဒေသခံများစိုးရိမ်နေကြသည်။ အမြင့်ဆုံးရေပြင်ညီအမှတ် သတ်မှတ်ထားသည့်မျဉ်းမှာလည်း ဒေသခံတို့ နှင့်မေးမြန်းတိုင်ပင်ပြီးသတ်မှတ်ထားခြင်းမဟုတ်ပေ။ချောင်းရေမှ လူတစ်ရပ်ပင်မလွတ်သောအမြင့်မှာ ကွန်ကရစ်ယက်မကြီးများလောင်းရန် ပြင်ဆင်ထားလေသည်။လမ်းမျက်နှာပြင်နှင့်တံတားအမြင့်အား တစ်ညီတည်းထား၍ အောက်မှကွန်ကရစ်ယက်မများခံသောအခါ ချောင်းအထက်အမြင့်မှာ အင်မတန်နိမ့်လေသည်။ (4.2.2016) ရက်နေ့ ၀န်ကြီးချုပ်ဦးသာအေး ခရီးစဉ်တုန်းက (၂၀၁၀)လွှတ်တော်အမတ် ဦးတင်မြင့်မှ တင်ပြခဲ့ရာတွင် ပုံစံပြန်လည်ဆွဲခိုင်း၍ လုပ်ငန်းများရပ်ဆိုင်းထားခိုင်းဟု ကြားသိရသဖြင့် ဒေသသားတို့ အတန်ငယ်စိတ်အေးကြသည်။ (16.2.2016) ရက်နေ့ကတစ်ကြိမ် (၂၀၁၀) လွှတ်တော်အမတ် ဦးတင်မြင့်၊ တံတားကြီးကြပ် ကိုညီညီ နှင့်ဒေသခံများ တွေ့ဆုံ၍ မူလမှ (၃)ပေခန့်မြှင့်ပေးရန် သဘောတူညီမှု ရသည်ဟု သိရပြန်လေသည်။ ဒီရက်များအတောအတွင်း မော်လူးအာဏာပိုင်အဖွဲ့မှလည်း သွားရောက်ကြည့်ရှူပြီးဖြစ်သည်။ "နှစ်၄၀မှတစ်ခါရေကြီးခြင်းဖြစ်သည်" ဟူ၍သာ သမိုင်းဝင်စကားတစ်ခွန်းထွက်ပေါ်လာနိုင်၍ ထူးခြားမှု ရှိမလာပေ။ ကျနော်တို့ဒေသသာမက နိုင်ငံအ၀ှမ်း သဘာဝပတ်ဝန်းကျင်တို့ ပျက်ယွင်းကုန်သဖြင့် ရေဘေးမှာ အချိန်မရွေး၊ရာသီမရွေး ကျရာက်နိုင်ပြီး သဘာဝဘေးဆိုသည်မှာလည်း ရှေ့တိုးလေ ပို၍ဆိုးဝါးလေဖြစ်လာနိုင်ကြောင်း သတိမူသင့်သည်ကို ပြောလိုသည်။ (24.7.2015) ရေကြီးစဉ်က ဟဲနုရွာမှ အိမ်(၆)လုံးရေထဲမျှောပါကုန်သည်။ မော်လူးမှ ထင်သာသော ဆုံးရှူံးမှုအချို့မှာ တိုက်နယ်ဆေးရုံ မှ ကိုယ်ထူကိုယ်ထဝယ်ထားသောမီးစက်၊ ဓာတ်မှန်စက်၊ ECGစက်၊ အောက်စီဂျင်စက် များ ရေနစ်ပျက်စီးကုန်သည်။ဆေးရုံတံတိုင်းသုံးဖက် ဟဲနုနှင့်မော်လူး ဘုန်းတော်ကြီးကျောင်း တံတိုင်များပြိုကျကုန်သည်။ ကုန်စုံဆိုင်များ၊ဈေးဆိုင်များ၊ဆန်စက်များ၊လယ်များ၊အခင်းများ အတော်များများ ပျက်စီးဆုံးရှူံးကုန်သည်မှာလည်း ဒေသသားတို့အသိပင်။ ထိုခါးသီးသောအဖြစ်အပျက်များကို ကိုယ်တိုင်ကြုံခဲ့ရ၍လည်း တံတားနိမ့်နေခြင်းကို အလွန်အမင်းစိတ်ပူနေကြခြင်းဖြစ်သည်။ ဒေသသားတို့၏ အပူကို နှစ်သိမ့်စကားသာ ရံဖန်ရံခါကြားရ၍ ထိရောက်သော ပြုပြင်မှုမျိုး မရှိပဲ ဆက်လက်လုပ်ဆောင်နေကြသည်ကို တွေ့နေရသည်။ ထို့ကြောင့်လည်း (၂၀.၂.၂၀၁၆)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီအချိန် မော်လူးနှင့် ဟဲနုကျေးရွာမှ ဒေသခံများစု၍ ဟဲနုတံတားကိစ္စအား တံတားအထူးအဖွဲ့(၄)နှင့်သွားရောက် ညှိနှိုင်းကြသည်။နှစ်ဖက်စလုံး တံတားကိစ္စအား ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြသည်။ တာဝန်ခံအင်ဂျင်နီယာမှ လမ်းတံတား ဘိုးတိုင်နှစ်နေရာစိုက်ထားပြီး ချောင်းဧရိယာကျယ်ကျယ်လုပ်ထားခြင်းကြောင့် ပြသနာရှိလာမည်မဟုတ်ကြောင်း၊(၃)ပေခန့် ဆက်မြင့်ပေးရမည်ဆိုက ပြည်ထောင်စုအဆင့်သို့်စာတင်ရမည်ဖြစ်ကြောင်း၊လုပ်ငန်းကစီမံကိန်းကာလ အပြီးသတ်အောင်လုပ်ဆောင်ရမည်ဖြစ်ပြီး၊မပြီးပါက ဘတ်ဂျက်ငွေ ပြန်လျှော်ရမည်ဖြစ်ကြောင်း၊ကျွမ်းကျင်လုပ်သားများမှာလည်း စံမံကိန်းရပ်နားခံရပါက ပြန်ရဖို့ရာမလွယ်ကြောင်း၊ယခုတံတားမှာ တံတားအဟောင်းအောက်(၁)ပေခန့်သာနိမ့်၍ သိပ်မဆိုးဝါးနိုင်ကြောင်း အစရှိသဖြင့် တံတားကိုဆက်လက်၍သာ ပြီးအောင်လုပ်ဆောင်မည့် သဘောသက်ရောက်သောစကားကိုသာပြောလေသည်။ ဒေသခံများဖက်မှလည်း တံတား၏ အမြင့်ဆုံးရေချိန်အမှတ်မှာ မှားယွင်းပြီးမိမိသဘောနှင့်သာမှတ်သောမျဉ်းဖြစ်ကြောင်း၊မော်လူးအ၀င်စီးမော်တံတားမှာမူ ဒေသခံတို့ကိုမေး၍ မူလတံတားထက်(၃)ပေကျော်လောက်မြင့်အောင်ဆောက်လုပ်ထားကြောင်း၊အကယ်၍ ဟဲနုတံတားအားမပြင်ပဲ ဆက်လက်လုပ်ဆောင်ပါက မိမိတို့်မှ စုပေါင်း၍ တံတားအားရပ်တန့်ခိုင်းထားရန် စာတင်မည်ဖြစ်ကြောင်း နှစ်ဖက်ပြေလည်မှုမရပဲ အခြေအတင်ဖြစ်ကြလေသည်။ အမတ်ကြီးဦးတင်မြင့်မှ လုပ်ငန်းတာဝန်ခံအား တံတား မမြင့်ပေးပါက ရပ်တန့်ထားစေလိုကြောင်း ဒေသခံများ၏ စုပေါင်းဆန္ဒပြုစာကိုသာ လာယူဖို့် မှာကြား၏။ ညနေ(၃)နာရီအချိန်မှာ ဆွေးနွေးသော ကိစ္စအားလုံးပြေလည်သွားလို့ တံတားယက်မကို လက်ရှိနေရာမှ အပေါ်သို့ (၁)ပေခွဲအမြင့် (မူလသစ်သားတံတားယက်မ အမြင့်ထိ) မြှင့်ပေးမည်ဟု အကြောင်းပြန်၍ ပြေလည်မှုရကြောင်း သိရလေသည်။ ထို့ကြောင့် မူလလျှာထားသော တံတားတည်ဆောက်ခြင်းအား ပြန်ပြင်ကာ (၁)ပေခွဲအမြင့်သို့ ယနေ့ညနေမှ ပြန်လည်စတင် လုပ်ဆောင်တော့မည်ဖြစ်သည်။မော်လူးဒေသသားများ ဟဲနုတံတားကိစ္စအား စိတ်အေးကြစေဖို့ မော်လူးပုံရိပ်မှ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.....။
Email This
BlogThis!
Share to X
Share to Facebook
← Newer Post
Older Post →
Home
0 comments:
Post a Comment
Social Profiles
About
Popular
Tags
Blog Archives
၂၀၁၅-၂၀၁၆ ပညာသင် နှစ် အတွက် ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် ဝင် ခွင့် အမှတ်သတ်မှတ်ချက်များ
၂၀၁၅-၂၀၁၆ ပညာသင် နှစ် အတွက် ရန်ကုန် နှင့် မန္တလေး တက္ကသိုလ် ဝင် ခွင့် အမှတ်သတ်မှတ်ချက်များ
စည်းကမ်းအစ စာသင်ကျောင်း..က
စည်းကမ်းအစ စာသင်ကျောင်းက အတွေးအမြင် နိုဝင်ဘာ ၂၈၊ ၂၀၁၅ က အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွ...
"ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး"
ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်ခုပင်။ မြန်မာနိုင်ငံတစ်ဝှမ...
စာကျက်နည်း
စာကျက် နည်း ------------------------------------------------------------------ ကျောင်းသားအရွယ် လူငယ်တွေအတွက် ဥာဏ်ကောင်းဖို့... ကျက်သမ...
Ministry of Education, Myanmar မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ်စာရင်းတောင်းခံလွှာ (နမူနာပုံစံ) 2016 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများအတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဇွဲကပင်ဆောင်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့ တို့တွင် နေ့ချင်းပြီး ထုတ်ပေးနေပါသည်
Ministry of Education, Myanmar မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ်စာရင်းတောင်းခံလွှာ (နမူနာပုံစံ) 2016 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင...
၂၀၁၆မတ်လတွင်ဖြေဆိုမည့်..... တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများအတွက် စာမေးပွဲ အချိန်ဇယား ထွက်ပြီ ညယ်....
၂၀၁၆မတ်လတွင်ဖြေဆိုမည့်..... တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများအတွက် စာမေးပွဲ အချိန်ဇယား ထွက်ပြီ ညယ်....
.. ... ... ... ... ကျောက်စိမ်းအကြောင်း သိကောင်းစရာ ===============
... ... ... ... ... ကျောက်စိမ်းအကြောင်း သိကောင်းစရာ =============================== ... ကျောက်စိမ်း ဟာ ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ ရပါတယ်...
၂၀၁၆ ခုနှစ် မတ်လကဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁ ။ ပြည်နယ်နှင့်တိုင်းအလိုက် အောင်ချက်ဇယား
၂၀၁၆ ခုနှစ် မတ်လကဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁ ။ ပြည်နယ်နှင့်တိုင်းအလိုက် အောင်ချက်ဇယား ၂ ။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှု့စာရင်း နှ...
ပါဠိနဲ့ အထာကျအောင်...ဒါတော့ဆောင်.........
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင် ဘာစီးတီး)ရဲ့ ၂၀၁၆ ခုနှစ် ဝင် ခွင့်အမှတ်မှာ ကျား -463 မှတ် မ -466 မှတ်ဖြစ်ပါတယ်
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင် ဘာစီးတီး)ရဲ့ ၂၀၁၆ ခုနှစ် ဝင် ခွင့်အမှတ်မှာ ကျား -463 မှတ် မ -466 မှတ်ဖြစ်ပါတယ်
Kategori
Kategori
Powered by
Blogger
.
Blog Archive
►
2018
(3)
►
August
(1)
►
June
(2)
►
2017
(81)
►
October
(2)
►
September
(10)
►
August
(7)
►
July
(13)
►
June
(4)
►
March
(9)
►
February
(9)
►
January
(27)
▼
2016
(435)
►
November
(3)
►
October
(2)
►
September
(33)
►
August
(80)
►
July
(84)
►
June
(77)
►
May
(49)
►
April
(36)
►
March
(15)
▼
February
(34)
တောပန်း
ရှေ့ဆက်မလားနောက်ဆုတ်မလား
ကိုးတိုက်နယ်သဘင်
ဗဟုသုတစစစ်တမ်း
စားသုံးရန် မသင့်သောဆီများ
ဟဲနုချောင်းကူးတံတား မူလမှ၁ပေခွဲအမြင့်သို့တက်...
လွမ်းမောဖွယ်ငယ်စဉ်ကာလများ
သမိုင်းဝင် ဇလုံတောင်တော်သို့ အလှူပွဲသွားရအေ...
အိပ်မက်လေလံ
သီချင်းနဲ့အတူစီးမျှောခြင်း
လက်ပံကုန်းရွာကမြန်မာ့ရိုးရာစည်တော်လုပ်ငန်း
ဗဟုသုတစစ်တမ်း
ဗဟုသုတစစစ်တမ်း
ဘာလင်တံတိုင်းနေ့
ဗဟုသုတစစစ်တမ်း
ကရင်ကျေးရွာသို့်အာဟာရအလှူ
"ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး"
"မော်လူးပုံရိပ်ရဲ့စေတနာအလှူ"
၆၉နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပ
ဗဟုသုတ စစ်တမ်း
ဗဟုသုတ စစ်တမ်း
"လုပ်ပိုင်ခွင့်နှင့်အလွှဲသုံးစား"
ရောက်တတ်ရာရာအတွေးများ
ဗဟုသုတစစ်တမ်း
မမျှတမှုအားခွဲတမ်းပြစ်ခြင်း
ဗဟုသု တစစ်တမ်း
အချစ်မွန်းတည့်ချိန်မှာဝင်တဲ့ နှလုံးသား`နေ´
လမ်းကောင်းခြင်းနှင့်သတိထားထားစရာများ
ဗဟုသုတစစ်တမ်း
ဗဟုသုတစစ်တမ်း
မင်္ဂလာပါ
မှုခင်းသတင်း
မော်လူးပုံရိပ်၏အာဟာရအလှူ
ဗဟုသုတစစ်တမ်း
►
January
(22)
►
2015
(285)
►
December
(46)
►
November
(44)
►
October
(139)
►
September
(56)
Recent Comments
Label
Fb မှ မလာသည်
About Me
Unknown
View my complete profile
Formulir Kontak
Name
Email
*
Message
*
Labels
Fb မှ မလာသည်
Blog Archive
►
2018
(3)
►
August
(1)
►
June
(2)
►
2017
(81)
►
October
(2)
►
September
(10)
►
August
(7)
►
July
(13)
►
June
(4)
►
March
(9)
►
February
(9)
►
January
(27)
▼
2016
(435)
►
November
(3)
►
October
(2)
►
September
(33)
►
August
(80)
►
July
(84)
►
June
(77)
►
May
(49)
►
April
(36)
►
March
(15)
▼
February
(34)
တောပန်း
ရှေ့ဆက်မလားနောက်ဆုတ်မလား
ကိုးတိုက်နယ်သဘင်
ဗဟုသုတစစစ်တမ်း
စားသုံးရန် မသင့်သောဆီများ
ဟဲနုချောင်းကူးတံတား မူလမှ၁ပေခွဲအမြင့်သို့တက်...
လွမ်းမောဖွယ်ငယ်စဉ်ကာလများ
သမိုင်းဝင် ဇလုံတောင်တော်သို့ အလှူပွဲသွားရအေ...
အိပ်မက်လေလံ
သီချင်းနဲ့အတူစီးမျှောခြင်း
လက်ပံကုန်းရွာကမြန်မာ့ရိုးရာစည်တော်လုပ်ငန်း
ဗဟုသုတစစ်တမ်း
ဗဟုသုတစစစ်တမ်း
ဘာလင်တံတိုင်းနေ့
ဗဟုသုတစစစ်တမ်း
ကရင်ကျေးရွာသို့်အာဟာရအလှူ
"ပြည်ထောင်စုနေ့ဂုဏ်ပြုဆောင်းပါး"
"မော်လူးပုံရိပ်ရဲ့စေတနာအလှူ"
၆၉နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပ
ဗဟုသုတ စစ်တမ်း
ဗဟုသုတ စစ်တမ်း
"လုပ်ပိုင်ခွင့်နှင့်အလွှဲသုံးစား"
ရောက်တတ်ရာရာအတွေးများ
ဗဟုသုတစစ်တမ်း
မမျှတမှုအားခွဲတမ်းပြစ်ခြင်း
ဗဟုသု တစစ်တမ်း
အချစ်မွန်းတည့်ချိန်မှာဝင်တဲ့ နှလုံးသား`နေ´
လမ်းကောင်းခြင်းနှင့်သတိထားထားစရာများ
ဗဟုသုတစစ်တမ်း
ဗဟုသုတစစ်တမ်း
မင်္ဂလာပါ
မှုခင်းသတင်း
မော်လူးပုံရိပ်၏အာဟာရအလှူ
ဗဟုသုတစစ်တမ်း
►
January
(22)
►
2015
(285)
►
December
(46)
►
November
(44)
►
October
(139)
►
September
(56)
Blogroll
BTemplates.com
0 comments:
Post a Comment