Pages

Wednesday, 10 February 2016

"လုပ်​ပိုင်​ခွင့်​နှင့်​အလွှဲသုံးစား"

"လုပ်​ပိုင်​ခွင့်​နှင့်​ အလွှဲသုံးစား"

အောက်​တိုဘာလ အတွင်းကျ​နော်​တို့​မော်​လူး မှာ ​မြေဂရံလုပ်​​ပေးဖို့ စီမံချက်​နဲ့ ​မြေတိုင်းအဖွဲ့​တွေ ​ရောက်​လာကြတယ်​ဗျ......။

အိမ်​​ခြေ (၇၀၀)ကျော်​ရှိ​သော ​မော်​လူးရပ်​ကွက်​အချို့ သို့ ​မြေဂရံလုပ်​ဖို့ ​မြေအကျယ်​အဝန်း နှင့်​ အိမ်​ပုံစံ​တွေကို ဓာတ်​ပုံရိုက်​ခြင်း၊​တိုင်းတာခြင်း​တွေ လုပ်​​ဆောင်​ ကြတယ်​​ပေါ့ဗျာ......။

ဓာတ်​ပုံ(၄)ပုံပတ်​ပတ်​လည်​(​၄​)နေရာ ရိုက်​ခအတွက်​ (၂၀၀၀)စ​ပေးရပါပြီ.....။
ထား​တော့ ဒါက ဓာတ်​ပုံဖိုး..........။

(၂၀.၁.၂၀၁၅)ရက်​​နေ့က ဆယ်​အိမ်​မှူး​တွေ ရပ်​ကွက်​အလိုက်​ ​ငွေ​ကောက်​ခံကြတယ်​.......(၈၅၀၀)ကျပ်​​ပေးရပါတယ်​။ချလံမ​ပေး၊ဖြတ်​ပိုင်းမ​ပေးပဲ အိမ်​ဂရံ လာလုပ်​​ပေးတဲ့အတွက်​ လုပ်​ခသက်​သက်​သာ ​ဖြစ်​​ကြောင်း သိရပါတယ်​....။

သ​ဘောက ​မြေဂရံအတွက်​​ပေးရတဲ့​ငွေမဟုတ်​ပဲ ဂရံလာလုပ်​​ပေးတဲ့ ​မြေတိုင်းအဖွဲ့​တွေနဲ့ အုပ်​ချုပ်​​ရေးပိုင်းကလူ​တွ အသုံးစာရိတ်​ကုန်ကျ​​မှုအတွက်​ ကျခံခိုင်းတာဖြစ်​ကြောင်းသိရပါတယ်။

မြေ​ဂရံရပါက ​နောက်​ထပ်​ပေးရမည်​သ​ဘောဖြစ်​သည်​။

မော်​လူးကို ​မြေဂရံစီမံချက်​အ​နေနဲ့ အုပ်​ချုပ်​​ရေးပိုင်းက ပုဂ္ဂိုလ်​များ(၁၅)ရက်​​လောက်​ ​​နေသွားကြပါတယ်​။မြေစာရင်းအဖွဲ့မှ ဝန်​ထမ်းများက ​တော့ (၂)လနီးပါး​နေသွားကြပါတယ်​။

မြေတိုင်းအဖွဲ့​တွေက ​မော်​လူးအ​ရှေ့​ကျောင်းမှာတည်းခိုပြီး လုပ်​ကိုင်​​ဆောင်​ရွက်​ကြတာပါ။စားစရိတ်​အ​နေနဲ့လည်း ဘုန်း​တော်​ကြီး​ကျောင်းမှာတည်းလို့ အဆင်​​ပြေမယ်​ထင်​ပါ့...။

သို့​သော်​ အုပ်​ချုပ်​​ရေးပိုင်းမှ ပုဂ္ဂိုလ်​များနှင့်​​မြေစာရင်းအဖွဲ့မှဝန်​ထမ်းများ ၏ အသုံးစရိတ်​ ကုန်​ကျ​မှု
 စာရင်းတက်​လာ​တော့ လန့်​စရာ​ကောင်းလှသည်​။

အသုံးစာရိတ်​(၁၆)သိန်း​ကျော်​ဟု စာရင်းတက်​၍ ထို​ငွေကို ​မော်​လူးမှ​မြေဂရံလုပ်​​သော အိမ်​​ထောင်​စုများမှ တစ်​အိမ်​လျှင်​ (​၈၅၀၀​)ကျပ်​ ကောက်​၍ ကျခံ​စေ​လေသည်​။

အိမ်​​ခြေ(၇၀၀)ကျော်​ရှိ​သော ​မော်​လူးမှ တစ်​ချို့အိမ်​များဂရံမလုပ်​ကြ​ပေ.....ထိုအိမ်​များသို့ ​ငွေကောက်​မ​ခံရပါ........။

ပြောလိုသည်​မှာ ထို​ကောက်​ခံသည့်​​ငွေ(၈၅၀၀)မှာ အသုံးစရိတ်​ကိုသက်​သက်​ကျခံခိုင်းခြင်းဖြစ်​၍ တရားမဝင်​ပါ။

မြေဂရံစီမံကိန်းအတွက်​ဘတ်​ဂျက်​ သီသန့်​(၄၉)သိန်းချထား​ပေးပြီးဖြစ်​​ကြောင်းလည်းကြားသိရပါသည်​။ထို့်ုပြင်​ ​မြေစာရင်းဌာနမှ အနှီဝန်​ထမ်းများကား လခမရပဲ လာကူညီခြင်းလားဟုသာ​ မေးချင်​ပါသည်​။

နိုင်​ငံဝန်​ထမ်းတစ်​​ယောက်​အ​နေဖြင့်​ နိုင်​ငံ​တော်​လစာစားပြီး မိမိတာဝန်​ကို ​ကျေပွန်​​အောင်​ လုပ်​ကိုင်​​ပေးဖို့ရန်​မှာ ၎င်း၏တာဝန်​သာ ​ဖြစ်​သည်​။

အဘယ့်​အတွက်​​ကြောင့်​ စားစရိတ်​ ကုန်​ကျစရိတ်​ပြ၍ ​တောင်းခံရတာလဲ နားမလည်​နိုင်​ပါ။

မော်​လူးမှ အစာမ​ကျေသောလူတစ်​ချို့ တိုင်​တန်းမှု​ကြောင့်​ (၃၀.၁.၂၀၁၆)ရက်​​နေ့ အားချင်းပင်​ အိမ်​​ခြေ (၈၉)အိမ်​အတွက်​ ​မြေဂရံများ လာ​ရောက်​ ​ပေးအပ်​​လေသည်​။

ဇီးသီးဗန်း​မောက်​မယ်​ကြံပြီးမှ ပြန်​​ကောက်​ထည့်​​ပေးသည့်​ သ​ဘောပင်​။
အားမနာတမ်း​ပြောရလျှင်​ အစိုးရသစ်​မတက်​ခင်​ အာဏာမလွှဲခင်​ လုပ်​စား​လို့ရတာမှန်​သမျှ လာကျစ်​ကြသည့်​သ​ဘောဖြစ်​သည်​။

မြေဂရံများလာလုပ်​​ပေး​သော ထို​အောက်​တိုဘာလ အတွင်း၌​ လက်​မည်းကြီးအ​ကြောင်း ကြားသိရသဖြင့်​လည်း အံသြမိ​လေသည်​။

မော်​လူးမြို့၊မြို့သစ်​ရပ်​ကွက်​တွင်​​ နေထိုင်​ကြ သူများထံမှ ​မြေဂရံအတွက်​ တစ်​အိမ်​လျှင်​ (​၅)သောင်းစီ ​ပေး​ဆောင်​ကြရ​ကြောင်း ကြားရပြန်​သည်​။

အနှီလက်​မဲကြီးမှ ရပ်​ကွက်​မှူးတစ်​​ယောက်​အား ​ကောက်​ခံခိုင်း​ကြောင်းနှင့်​ (၅)သောင်းထည့်​ဝင်​ရ​သော အိမ်​ထောင်​စု (၄)အိမ်​ ရှိ​ကြောင်း ခိုင်​လုံ​သောသတင်းအရ သိရပါသည်​။

အစိုးရသစ်​မတက်​ခင်​ ခါ​တော်​မှီလုပ်​စား​နေကြ​သော အကျင့်​ပျက်​ ခြစားမှုများ ၊အလွှဲသုံးစားလုပ်​ခြင်းများ အား "​ပြောင်းလဲချိန်​တန်​ပြီ" ဖြစ်​၍ ပြုပြင်​နိုင်​ကြ​စေရန်​ တင်​လိုက်​ပါတယ်​ခင်​ဗျာ...........။


0 comments:

Post a Comment