Pages

Saturday, 20 February 2016

လွမ်း​မောဖွယ်​ငယ်​စဉ်​ကာလများ

ရောက်​တတ်​ရာရာအ​တွေးများ ~~~~~~~~~~~~~~~~~~ ကျွန်​​တော်​တို့​မော်​လူး​ဒေသရှိ ဒီပင်္ကရာဗုဒ္ဓပူဇနိယဘုရားပွဲ​တော်​ ကြီး​ရောက်​ပြီဆိုကြည်​နူး​ပျော်​ရွှင်​ခဲ့ ​ကြ​သောလွမ်း​​မောဖွယ်​ငယ်​ဘဝကို လွမ်းဆွတ်​မိပါရဲ့.. ။ ကျွန်​​တော်​တို့ငယ်​စဉ်​ကား၊ဆိုင်​ကယ်​ စက်​ဘီးစသဖြင့်​လူစီးယဉ်​​တွေက သိပ်​မထွန်းကား​သေး။ လှည်း၊​ခြေကျင်​(ကုန်း​ကြောင်း)​တွေ ဖြင့်​သွားကြလာကြရပါတယ်​။ ကျွန်​​တော်​တို့ငယ်​စဉ်​အရမ်း​ပျော်​စရာ ​ကောင်းတယ်​လို့ခံစားမိတယ်​။အ​ရှေ့ လမ်း၊​အ​နောက်​လမ်း လမ်းနှစ်​ကြား ဖြတ်​စီး​နေတဲ့​လေးတန်​​ချောင်းဟိုဖက်​ ဒီဖက်​ဘုရားပွဲသွားသူ​တွေစကြ​နောက်​ကြ​ ပြောင်​ကြ​လှောင်​ကြနဲ့ ဘုရားပွဲသွားလှည်း​တွေကတအီအီ နွားခြူ သံတလွင်​လွင်​ဆူညံသံ​တွေက ကျွန်​​တော်​တို့​တောဓ​လေ့​တွေရဲ့ ချစ်​စရာအလှတမျိုး​ပေါ့။ ခု​တော့အဲတာ​တွေကလွမ်းစရာ့ပုံ ပြင်​​တွေဖြစ်​ကုန်​ပါပြီ​လေ။ အဲဒီတုန်းကဆို​ချောင်းဟိုဖက်​ဒီဖက်​ ​ယောက်​ဖလို့စ​ခေါ်သံချစ်​ချစ်​လို့စ​ခေါ် သံက​ချောင်းရိုးတ​လျှောက်​ညံလို့​ပေါ့။ ညဆိုချမ်းလို့ခြုံစရာ​စောင်​ထုပ်​ကြီး ​တွေ​ကျောမှာပိုးလို့ဖုန်​တ​ထောင်း ​ထောင်းထ​နေတဲ့လမ်းတ​လျှောက်​ မ​မောတမ်းမပန်းတမ်းသီချင်​သံတ အီအီကခု​တော့လွမ်းဆွတ်​ဖွယ်​​ပေပ။ ဘုရားပွဲ ​ရောက်​လုနီးပြီဆိုရုပ်​ရှင်​ရုံ ကရုပ်​ရှင်​ပြဖို့ကြည်​နူးဖွယ်​ဖွင့်​သံကြား ရင်​​ပြေးလိုက်​ရတာများ​တွေကြည့်​ မိရင်​ရင်​ထဲမှာ​မောသလိုလိုခံစား​နေ ရ​သေး..။ သို​သော်​လည်း​ပြေးလွှားရလို့ဘယ်​ ​လောက်​​မောမောရယ်​​မော​ပျော်​ရွှင်​ ကြရတဲ့အရသာကခုချိန်​ထိမပယ်​​သေးဘူး။ အဲ...သွားတုန်းကတက်​ကြွလန်းဆန်း သ​လောက်​အပြန်​မှာ​တော့အိပ်​​ရေး ငတ်​တဲ့ဒဏ်​​ကြောင့်​​ခေါင်းငိုက်​ဆိုက်​ အသွား​ခြေလှမ်းသွက်​သလိုအပြန်​ ​ခြေလှမ်း​တွေက​​လေးလံ​နှေး​ကွေး လို့ရယ်​​ပေါ့။ ​ဒါ​ပေမဲ့....​စောင်​ကြီး​တွေခြုံ ၀ါးလုံး မီးရှူး​တွေကိုင်​ပြန်​ကြပုံ၊တချို့ကမိုး လင်း​နေမြင့်​မှပြန်​တတ်​ကြပုံ​တွေ၊ အပျို လူပျို ချ စ်​သူရီးစား​တွေက​ခြေကျင်​​လျှောက်​ ချစ်​စကား​တွေတ၀ ကြီး​ပြောပြီးပြန်​ကြပုံ​တွေက..ခုလို ဘုရားပွဲ​ရောက်​​လေတိုင်းကျွန်​​တော်​ တို့ငယ်​ဘ၀များလွမ်းဆွတ်​မိပါရဲ့ဗျာ။ ခုများ​တော့မဟုတ်​​တော့ပါဘူး။ လူစီးယဉ်​​တွေကဒီလိုချိုအီသည့်​အရ သာကိုဖယ်​ထုတ်​ခဲ့ပြီ။ကျွန်​​တော်​တို့ အသက်​တွေရလာလို့​ပေလားမ​ပြော တတ်​သွားသုတ်​သုတ်​ပြန်​သုတ်​သုတ်​နှင့်​​ အတူသွားသူငယ်​ချင်း​တွေ နှင့်​လည်းစုစည်းစွာမသွားရ၊တကွဲ တပြား​..ဒီလိုဆို​တော့​ပျော်​ရွှင်​မှုအရ သာကိုဘယ်​လိုဖမ်းယူအရသာခံစား ကြသလဲ။ ​အေး​လေ...သူတို့အရွယ်​နဲ့သူတို့ကာ လကြံဖန်​​ပျော်​ကြမှာ​ပေါ့။ကျွန်​​တော်​ က​တော့ကျွန်​​တော်​တို့ငယ်​စဉ်​သီချင်း သံ၊စသံ၊​နောက်​သံ၊​လှောင်​သံ​ပြောင်​ သံပြီး​တော့ခြူ သံတလွင်​လွင်​ တအီ အီမြည်​​နေတဲ့ကာလကို...ခု​ခေတ်​ တဖုတ်​ဖုတ်​ဆိုင်​ကယ်​သံ၊ကားသံ ​တွေထက်​ပိုပြီးလွမ်း​မောမိပါရဲ့...။ ဘဝအ​မော​တွေ​ပြေကြပါ​စေ ဘဝခရီးသည်

0 comments:

Post a Comment