Pages

Thursday, 23 August 2018

“တရားမဝင်သစ်စက်ကိုဓါတ်ပုံရိုက်ခြိမ်းခြောက်တဲ့ လူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ” နန္ဒ တစ်ကိုယ်တော် General Life ၂၀၁၈ ၊သြဂုတ် ၂၃။ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့မံထုံအုပ်စု သောင် ကြီးကျေး ရွာအနီး တော ထဲက တရားမဝင်သစ်စက် တစ်လုးံကို အင်တော်မြို့မှာနေတဲ့ တစ်ဦးကဓါတ် ပုံရိုက်ခြိမ်းခြောက် ငွေတောင်း ခံမှု ပြုလုပ်ခဲ့တာ နဲ့ ဆက်နွယ်ပတ်သက်လို့ ခေါင်းဖြတ်အသတ် ခံခဲ့ရ.......

“တရားမဝင်သစ်စက်ကိုဓါတ်ပုံရိုက်ခြိမ်းခြောက်တဲ့ လူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ”

နန္ဒ တစ်ကိုယ်တော်
General Life
၂၀၁၈ ၊သြဂုတ် ၂၃။

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့မံထုံအုပ်စု သောင် ကြီးကျေး ရွာအနီး တော ထဲက တရားမဝင်သစ်စက် တစ်လုးံကို အင်တော်မြို့မှာနေတဲ့ တစ်ဦးကဓါတ် ပုံရိုက်ခြိမ်းခြောက် ငွေတောင်း ခံမှု ပြုလုပ်ခဲ့တာ နဲ့ ဆက်နွယ်ပတ်သက်လို့ ခေါင်းဖြတ်အသတ် ခံခဲ့ရ.......


Monday, 11 June 2018

စစ်မှန်တဲ့ ပရဟိတ....

စစ်မှန်တဲ့ ပရဟိတ

သူကလေးတွေကိုစာသင်ပေးနေတယ်
သူကလေးတွေကို စာကျက်စောင့်ပေးရှာတယ်
၆နာရီမှ ၈နာရီထိ

သူ ကျူရှင်မရှိတဲ့ရွာမှာ အခမဲ့လာကူညီတယ်
အဲ့ရွာကလေ တစ်ချို့လည်း မူလတန်း.,.
အလယ်တန်းဆို မော်လူးကျောင်းတက်ရတယ်........

အိမ်ခြေကနည်းနည်း ရပ်တည်မှုက ပညာသည်အဓိကမဟုတ် ၊ လယ်လုပ် အမဲလိုက် ဝါးခုတ် သစ်ဆွဲ လက်တွေ့ကပေးသော သင်ခန်းစာများသာ အားကျနေတဲ့ရွာ.......

နှစ်စကတည်းက သူ သွားစောင့်ကြပ်ပေးတယ်....
သူ့မှာအဖော်မရှိ ၄တန်းမှ ၆တန်းအထိ......
သူနေ့တိုင်းသွားတယ်.....
သူ..လစာမရဘူး....
သူဖြစ်စေချင်တယ်... ,
ခင်ဗျားတို့ ပရဟိ ဆိုတာ ကိုယ့်ကိုထင်ပေါ်စေတာမျိုးဆိုရင်တော့....
ဆော်ရီး....

ဝိုင်းကြပါအုံး မော်လူးသားတွေ....,
#မော်လူးပုံရိပ်


မော်လူးဒေသအတွင်း လှည့်လည်ခိုးယူနေသော ဆိုင်ကယ်သူခိုးအား ဝိုင်းဝန်းနှိမ်နှင်းကြပါစို့

11.6.2018
မော်လူး

မော်လူးဒေသအတွင်း ဆိုင်ကယ်သူခိုးသောင်းကျန်းနေခြင်း.......

7.6.2818ရက်နေ့ နေ့လည် ၂နာရီအချိန်
မော်လူး ရုံးလမ်းနေ ကိုရေခဲ+မဝိုင်း နေအိမ်ရှေ့ရပ်ထားသောဆိုင်ကယ် ခိုးယူမှုဖြစ်ပွား.......

အိမ်ရှင်မှာ ဆိုင်ကယ်အားအိမ်ရှေ့ရပ်ထားပြီး အိမ်ထဲအလုပ်လုပ်နေစဉ် ဆိုင်ကယ်သူခိုးမှာ ဆိုင်ကယ်အား သော့တုဖြင့်ဖွင့်၍ ဘုရားကြီးကျောင်းဘက်သို့ မောင်းနှင်သွားသည်။

အိမ်မျက်စောင်းထိုးရှိ ရွှေဆိုင်မှ CCTVမှတ်တမ်းများအရ ဆိုင်ကယ်သူခိုးမှာ လျှာထိုးဦးထုပ်ဆောင်းထားပြီး မိုးကာအင်္ကျီအပြာဝတ်ထားသည်ဟု သိရသည်။

ခိုးယူခံရသောဆိုင်ကယ်မှာ Canbo R အစိမ်းရောင်ဖြစ်ပြီးလိုင်စင်ပါရှိသည်ဟုလည်း သိရသည်။

လွန်ခဲ့သောတစ်ပတ်ခန့်ကလည်း သူရောင်းကျေးရွာ ဦးကျော်ရင် နေအိမ်မှလည်း ညမိုးရွာနေစဉ် ဆိုင်ကယ်ခိုးယူခံရကြောင်း ကြားသိရသည်။

မော်လူးမြို့ပေါ် နှင့်အနီးပါတ်ဝန်းကျင်ရွာများမှ ဆိုင်ကယ်များအများအပြား ခိုးယူခံရသည့်သတင်း ဆက်တိုက်ဆိုသလိုကြားရသော်လည်း ပြန်ရသည့်သတင်းမှာ မကြားရသလောက်ပင်။ဝ

သူခိုးမှာလည်း နေ့ ည မရှောင် အတင့်ရဲစွာခိုးယူနေခြင်းဖြစ်၍ ဆိုင်ကယ်ကောင်းကောင်းရှိသူများ သတိထားကြရန်နှင့် မိမိအိမ်ရှေ့ ၌ဆိုင်ကယ်ရပ်ထားမည် ဆိုလည်းစိတ်ချလုံခြုံမှုမရှိကြောင်း ရေးသားဖော်ပြအပ်ပါသည်။
#မော်လူးပုံရိပ်