Pages
Thursday, 15 October 2015
ချက်​ချင်းလွှတ်​ဖို့ AI ​တောင်းဆို
ဖေ့စ်​ဘွတ်​ပေါ် ​ပုံ​တင်​လို့ ​ဖမ်း​ခံ​ရ​သူ​တွေ​ကို ​ချက်​ခြင်း​လွှတ်​ဖို့ AI ​တောင်း​ဆို
 Facebook ​လူ​မှု ​ကွန်​ရက် ​စာ​မျက်​နှာ ​ပေါ်​မှာ ​မြန်​မာ ​စစ်​တပ်​ကို ​သ​ရော်​တဲ့ ​ဓာတ်​ပုံ​နဲ့ ​စာ​သား​တွေ ​တင်​ခဲ့​လို့ ​ဖမ်း​ဆီး​ခံ ​ထား​ရ​သူ ၂ ​ဦး ​ကို ​ခွှင်း​ချက် ​မ​ရှိ ​ချက်​ခြင်း ​လွှတ်​ပေး​ဖို့ ​နိုင်​ငံ​တ​ကာ ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ​အ​ဖွဲ့ Amnesty International ​က ​တောင်း​ဆို ​လိုက် ​ပါ​တယ်။
အ​တိုက်​အ​ခံ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် NLD ​ကို ​ထောက်​ခံ ​အား​ပေး​သူ ​မ​ချော​စ​န္ဒီ​ထွန်း ​ဆို​တဲ့ ​အ​မျိုး​သ​မီး​ငယ် ​တစ်​ဦး ​နဲ့ ​က​ချင်​ပြည်​နယ် ​ငြိမ်း​ချမ်း​ရေး ​အ​တွက် ​တက်​ကွှ ​လှုပ်​ရှား​သူ ​ဖြစ်​တဲ့ ​ပက်​ထ​ရစ် ​ကွမ်​ဂျာ​လီ ​တို့​ဟာ ​အ​ခု ​သီ​တင်း​ပတ် ​ထဲ​မှာ ​ပဲ ​အ​ဖမ်း ​ခံ​ခဲ့​ရ​တာ ​ဖြစ်​ပါ​တယ်။
သူ​တို့ ၂ ​ယောက်​ကို ​အီ​လက်​ထ​ရော​နစ် ​ဥ​ပ​ဒေ ​နဲ့ ​ဆက်​သွယ်​ရေး ​ဥ​ပ​ဒေ ​ပုဒ်​မ​တွေ ​အ​သီး​သီး ​နဲ့ ​အ​မှု​ဖွင့် ​စွပ်​စွဲ ​ခံ​နေ​ရ​ပါ​တယ်။
အင်​တာ​နက် ​အွန်​လိုင်း ​က​နေ ​တ​ဆင့် ​ကိုယ်​ရဲ့ ​သ​ဘော​ဆ​န္ဒ ​တွေ​ကို ​လွတ်​လပ် ​စွာ ​ထုတ်​ဖော် ​ကြ​သူ​တွေ ​ကို ​နို​ဝင်​ဘာ ၈ ​ရက် ​ရွေး​ကောက်​ပွဲ ​နီး​ကပ် ​လာ ​ချိန်​မှာ ​မြန်​မာ ​အာ​ဏာ​ပိုင်​တွေ​က ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ဖြို​ခွဲ ​လာ​မှာ​ကို ​အ​ထူး ​စိုး​ရိမ်​တယ် ​ဆို​ပြီး AI ​အ​ဖွဲ့​က ​ပြော​ပါ​တယ်။
မြန်​မာ ​နိုင်​ငံ ​ရဲ့ ​အင်​တာ​နက် ​အ​သုံး​ပြု ​နိုင်​မှု ​နည်း​ပါး ​နေ​ရ​ဆဲ ​အ​ခြေ​အ​နေ ​မှာ ​လူ့ ​အ​ခွင့်​အ​ရေး ​သ​မား​တွေ၊ ​သ​တင်း ​ဌာ​န ​တွေ ​နဲ့ ​အ​စိုး​ရ ​အ​ရာ​ရှိ ​တွေ ​လို ​အင်​တာ​နက် ​အ​သုံး​ပြု ​သူ ​အ​များ​စု ​ဟာ Facebook ​လူ​မှု ​ကွန်​ရက် ​စာ​မျက်​နှာ ​ကို ​အ​ဓိ​က​ထား ​သုံး ​နေ​ကြ​ရ​တာ ​ဖြစ်​တယ် ​လို့ ​လည်း AI ​အ​ဖွဲ့ ​က ​ဆို​ပါ​တယ်
0 comments:
Post a Comment