စည်ပင်၏ ငွေစာရင်း ရှင်းတမ်းကို ကော်မတီဝင်များပင် သိရှိခွင့်မရကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီဝင် ဦးခင်လှိုင် (ဇောတိက)က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ နှစ်စဉ် ဘတ်ဂျက်ငွေစာရင်းရှင်းတမ်းကို ကော်မတီဝင်အဖြစ် ရွေးချယ်ခံရ သည့်အချိန်ကတည်းက တောင်း ယူခဲ့သော်လည်း ယနေ့အချိန်ထိ ကြည့်ရှုခွင့်မရဘဲ ကော်မတီဝင် များကိုကျော်၍ လုပ်ထုံးလုပ်နည်း မကျဘဲ စာရင်းစစ်ချုပ်ထံသို့ တိုက် ရိုက်ပေးပို့သည်ဟု ၎င်းကအောက်တိုဘာ ၁၉ ရက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် စည်ပင်သာယာရေး ကော်မတီ အခြေအနေနှင့်ပတ်သက်၍ ပြောသည်။
‘‘ကျွန်တော်က အဲဒီဘတ် ဂျက်စာရင်းတောင်းတော့ မပေး ဘူး။ စာရင်းစစ်ချုပ်တင်လိုက်ပြီ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်စာ ရင်းစစ်ချုပ်ဆီစာရေးပြီး အခုတင် လိုက်တဲ့စာရင်းမှာ ကျွန်တော့်မှတ် ချက်မပါဘူး ပြောထားတယ်။ နောက်တော့ ကျွန်တော်ကိုင်တဲ့ ဌာနနှစ်ခုနဲ့ဆိုင်တဲ့ ဘတ်ဂျက်စာ ရင်း အနှစ်ချုပ်နှစ်ခုပဲ ပေးတာ။ ကျန်တာသိခွင့်မရဘူး’’ဟု ၎င်းက ပြောသည်။
ထို့အပြင် စည်ပင်သာယာ ရေးကော်မတီအတွင်း လုပ်ငန်းအ ချို့ ပွင့်လင်းမြင်သာမှုများရှိလာ စေရန် ထပ်မံလုပ်ဆောင်ရန်လို အပ်နေပြီး ဘဏ္ဍာငွေရှာဖွေရာ တွင်လည်း လိုအပ်ချက်များစွာရှိ နေသေးသည်ဟု ကော်မတီဝင်အ ဖြစ် တာဝန်ယူပြီး ၁၀ လအကြာ တွင် ကြုံတွေ့ရသည့် အခြေအနေ နှင့်ပတ်သက်၍ ၎င်းကဆက်လက် ပြောကြားသည်။
‘‘ဈေးဌာနဆိုရင်လည်း သိမ် ကြီးဈေးက ဆိုင်ခန်းတော်တော် များများကို တစ်လ ငါးသိန်း လောက်နဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်း ရှင်တွေ ငှားထားတာရှိတယ်။ အဲ ဒီလိုနေရာကောင်းမှာ ဒီလောက် ဈေးနဲ့ငှားထားတာကတော့ ဘဏ္ဍာ ၀င်ငွေလျော့တာပေါ့။ ပြီးတော့ လည်း အဲဒီနေရာဆိုင်ခန်းတွေ ကြည့်ကြည့်လိုက်ရင် စည်ကားမှု လည်းမရှိဘူး။ ဈေးစည်ပင်သာ ယာအောင် မလုပ်နိုင်တာတွေ တွေ့နေရတာပဲ’’ဟု ဦးခင်လှိုင်က ဆိုသည်။
၎င်းသည်၂၀၁၄ စည်ပင်သာ ယာကော်မတီအဆင့်ဆင့်ရွေး ကောက်ပွဲတွင် ကော်မတီဝင်နေ ရာအတွက် အနောက်ပိုင်းခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ရွေးချယ်ခံရပြီးနောက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးလုပ်ငန်းများကို တိုးတက်၍ ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ် မည်ဟု ကြွေးကြော်ထားသူတစ်ဦး လည်း ဖြစ်သည်။
0 comments:
Post a Comment