ရောက်တတ်ရာရာ အတွေးများ
ရွေးကော်သင့်တာဝန်သင်ကျေပါ
လူဆိုတာကိုယ်ကသာချိန်တွင်
စိတ်ကောင်းမွေးနိုင်ကြသော်လည်း
သူများသာချိန်မှာတော့စိတ်ကောင်း
မမွေးနိုင်ကြတော့ပေ။
ထိုနိမ့်ကျသောစိတ်ဓာတ်မျိုးကို
ဒီနေ့စည်းရုံးရေးကာလတွင်ပြည်သူပြည်သားတွေမြင်တွေ့ကြရပေ
မည်။၂၀၁၅အထွေထွေရွေးကောက်
ပွဲကြီးသည်တရားဥပဒေကတရားဝင်
ခွင့်ပြုထားသောပြိုင်ပွဲဖြစ်သည်။
ထိုတရားသောရွေးကောက်ပွဲ
တွင်တရားသဖြင့်ယှဉ်ပြိုင်ခြင်းမပြုပဲ
တရားဥပဒေကခွင့်မပြုသည့်ကောက်ကျစ်ယုတ်မာသည့်ညစ်ပတ်စုပ်ပဲ့ သည့်အပြုအမူတွေနှင့်ပြိုင်ပွဲဝင်ဖို့ကြိုး
စားလာကြသည်။
ထိုစိတ်ဓာတ်မျိုးပိုင်သောလူတို့
သည်ကိုယ့်အရည်အချင်းကိုမယုံ
ကြည်သောလူမျိုးဖြစ်သည်။ထိုလူမျိုး
တိုင်းပြည်ထူထောင်လိုသည်ဆိုတာ
ကိုမည်ကဲ့သို့ယုံကြည်ကြရမည်
နည်း။
၂၀၁၅အထွေထွေရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလ
တွင်အာဏာရပါတီတံဆိပ်တွေတပ်
ပြီးကိုယ့်ထက်ပြည်သူလည်းချစ်ယုံ
ကြည်ကိုးစားမှုရနေသောNLDအဖွဲ့
ဝင်များကိုအမျိုးမျိုးနောက်ယှက်ကြ
သည်။မဲမပေးကြဖို့တရားမ၀င်စာ
ရွက်စာတမ်းများဖြန့်ဝေကြသည်။
လာဘ်ပေး၍စည်းရုံးသိမ်းသွင်းကြ
သည်။
ထိုထိုသောအခြင်းအရာများ
ကိုကြည့်ခြင်းဖြင့်ထိုသူများသည်အစစအရာကိုယ့်အရည်အချင်းကိုယ်
မယုံကြည်သူဟုယူဆရပေမည်။
ထိုကြောင့်မနာလိုဝန်တိုကာလိုက်လံ
နောက်ယှက်ကြခြင်းဖြစ်သည်
များပြည်သူတို့သိဖို့လိုအပ်ပေပြီ။
ကိုယ်ပြိုင်ဘက်ကိုယှဉ်ပြိုင်ရာ၌ကိုယ့်
အရည်အချင်းပင်ကိုယ်စိတ်ချယုံ
ကြည်မရှိသူတို့ကတိုင်းပြည်
အပြောင်းအလဲကိုမည်ကဲ့သို့ဆောင်ရွက်နိုင်ကြမည်နည်း။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment