Pages

Saturday, 24 October 2015

ခရီးသွားမိန်းက​လေးများသတိထား.......

ဆရာလေးတောင် မကျန်တဲ့ကောင်.....

လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့သော သားမယားပြုကျင့်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဖော်ပြခြင်း

 ရန်ကုန်၊ အောက်တိုဘာ ၂၃

၁၆.၁၀.၂၀၁၅ ရက်နေ့ ၁၇၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ အသက်(၂၄)နှစ်အရွယ် သီလရှင် ဒေါ်---- သည် မင်္ဂလာဒုံမြို့နယ်အတွင်း အလှူခံထွက်ခဲ့ရာမှ ပဲခူးသို့ပြန်ရန် အချိန်နှောင်းနေသဖြင့် အမှတ်(၃)လမ်းဆုံအနီး၌တွေ့ရှိသော ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ရဲဝင်းနိုင်၏ ဆိုင်ကယ်အား
ငှားရမ်းပြီး အနီးနားတွင်ရှိသော သီလရှင်ကျောင်း တစ်ကျောင်းသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ရဲဝင်းနိုင်မှ အမှတ်(၃)လမ်းဆုံအနီးရှိ သီလရှင်ကျောင်းသို့ လိုက်ပါပို့ဆောင် ပေးခဲ့သော်လည်း ၎င်းကျောင်းတွင် သီလရှင်များအား မတွေ့ရှိသဖြင့် အမှတ်(၃)လမ်းဆုံသို့ ပြန်လည်ခေါ်ဆောင်
လာခဲ့ကြောင်း၊ ယင်းနောက် ရဲဝင်းနိုင်မှ လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ လိုက်ပါ တည်းခိုရန်ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ပြီး အဆိုပါနေအိမ်တွင် ရဲဝင်းနိုင်တစ်ဦးတည်း နေထိုင်ကြောင်း၊ ယင်းနေ့ ၂၃၀၀ အချိန်ခန့်၌ ၎င်းမှနေအိမ်နောက်ဖေးခန်း၌ အိပ်ပျော်နေစဉ် ရဲဝင်းနိုင်မှ သားမယားအဖြစ်ပြုကျင့်
ခဲ့ကြောင်းတို့ကို တိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၆၆၁/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၇၆ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ ရဲဝင်းနိုင်၊ (၃၁)နှစ်အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

မုဒိမ်းမှုများ မဖြစ်ပွားစေရေး အတွက် အမျိုးသမီးများအနေဖြင့် အဖော်မဲ့ခရီးသွားလာစဉ် သူစိမ်းများအား ယုံကြည်မှုမလွန်ကဲရန်၊ နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အိမ် အ၀င်/အထွက် တံခါးနှင့် ပြူတင်းတံခါးတို့ကို လုံခြုံစွာပိတ်ထားရန်၊ မည်သူ့ကိုမဆို အားနာခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းဖြင့် နေအိမ်အတွင်းသို့
အလွယ်တကူဝင်ခွင့်မပြုရန်၊ အလုပ်သွား၊ အလုပ်ပြန်အချိန်နှောင်းလျှင် အဖော်ဖြင့် ကြို/ပို့ပြုလုပ်ရန်တို့ကို သတိပြုဆောင်ရွက်သင့်ပါကြောင်းနှင့် ကလေးသူငယ် အမျိုးသမီးငယ်များအတွက်ဖြစ်ပါက နေ့/ညအုပ်ထိန်းသူမရှိချိန်တွင် ကာကွယ်မှုအကူအညီရနိုင်သော ယုံကြည်ရသည့်မိန်းမဖော်နှင့် နေထိုင်ခြင်းဖြင့် အန္တရာယ်ကင်းနိုင်သည်ကို သတိပြုရန်၊ မည်သည့်အရွယ်ရှိ သမီးမိန်းကလေးငယ်ကိုမဆို နေအိမ်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း တစ်ဦးတည်းထားခဲ့ခြင်းဖြင့် အန္တရာယ်ရှိလာနိုင်သည်ကို သတိပြုဆင်ခြင်နိုင်ရန်
အတွက် အသိပညာပေးဖော်ပြအပ်ပါသည်။

ဖော်ပြပါ အလားတူမှုခင်းဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် ခရီးသွား လာစဉ် အကြောင်းအမျိုးမျိုးကြောင့် အချိန်နောက်ကျမှုများကြုံတွေ့ပြီး အခက် အခဲများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်အကူအညီ တောင်းခံသင့်ပါကြောင်း
ဖော်ပြအပ်ပါသည်။

0 comments:

Post a Comment