မဲစာရင်းအမှားကို အတိအကျတိုင်ရင် အရေးယူပေးမယ်
လာမယ် ၁၀ ရက်ကျော် အတွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးနိုင်မယ့် မဲစာရင်းမှာ အမှားပြင်ဆင်ဖို့ လုပ်ပြီး ထပ်မှားတာကို အတိအကျ တိုင်တန်းနိုင်ရင် အရေးယူမှု လုပ်ပေးမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
မဲစားရင်းမှာ မပါခဲ့လို့ တင်ပြတဲ့အခါ မဲစာရင်းမှာ နာမည် ထပ်မပါဘူးလို့ တိုင်ကြားလာမယ်ဆိုရင် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ကို အရေးယူပေးမယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း ဗွီအိုအေ သတင်းမှာ ဖော်ပြထားတာပါ။
စာရင်းကို အရင်တုန်းက နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး အမှားတွေ ဆက်ပါနေတဲ့အတွက် စိတ်ပျက်နေကြပါတယ်။
အမှန်မှာတော့ မဲစာရင်းကို မနေ့တုန်းက ထုတ်ပြန်မှာ ဖြစ်ပြီး အခုလောလောဆယ် အချိန်အထိ အမှားပြင်ဆင်ပေးဖို့ လျှောက်လွှာတွေ ရှိနေသေးတဲ့အတွက် နိုဝင်ဘာလ ၂ ရက်နေ့ မတိုင်ခင် ထုတ်ပြန်ဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်း ပြောပါတယ်။
ချင်းပြည်နယ် မဲစာရင်းမှာ ပြည်ပကို အလုပ်သွားလုပ်နေကြတဲ့ လူတွေရဲ့ နာမည်တွေနဲ့ တခြားဒေသမှာ သေပြီးသား လူတွေရဲ့ နာမည် ပါနေတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး အဲဒီ နာမည်ကို ဖျက်ပေးဖို့ တရားဝင် တောင်းဆိုလာရင် လုပ်ဆောင်ပေးမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ပြည်ပက မြန်မာသံရုံးမှာ ကျင်းပခဲ့တဲ့ ကြိုတင်မဲတွေမှာလည်း အမှားတွေ များခဲ့တဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြပြီး ဒီကိစ္စမှာတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အမှားသာ ဖြစ်ကြောင်း ဝန်ခံထားပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက အများဆုံး ပစ္စည်းတွေ၊ ငွေကြေးတွေပေးပြီး မဲဆွယ်လို့ဆို
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အခါ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပစ္စည်းနဲ့ ငွေကြေးတွေ ပေးပြီး မဲဆွယ်တာကို အများဆုံး တွေ့ရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
People’s Alliance for Credible Elections လို့ခေါ်တဲ့ ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေးအတွက် ပူးပေါင်း
လှုပ်ရှားမှုအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တာပါ။
စက်တင်ဘာ ၈ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ နိုင်ငံတ၀န်းက မြို့နယ်ပေါင်း ၁၂၉ မြို့နယ်မှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ အကြိမ် ၂၆၀၀ ကျော် တွေ့ဆုံမှုတွေအပြင် မဲဆွယ်ဟောပြောမှုပေါင်း ၁၆၀၀ ကျော်ကို စောင့်ကြည့်ခဲ့ပြီးနောက် ကနဦး တွေ့ရှိချက်တွေအရ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဒီဗွီဘီကို ပြောပါတယ်။
စောင့်ကြည့်လေ့လာတဲ့အခါမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် အခြားပါတီကြီး ပါတီငယ်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကိုပါ စောင့်ကြည့်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်မဲဆွယ်တာထက် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက မဲဆွယ်စည်းရုံးတာ တခြားပါတီတွေထက် ပိုများတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်တွင်းအဖွဲ့အစည်း ၉ ဖွဲ့နဲ့ ပြည်ပအဖွဲ့အစည်း ၅ ဖွဲ့ကို တရားဝင် ခွင့်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။
Wednesday, 28 October 2015
Home »
» မဲစာရင်းအမှားသေချာမှတ်ပြီးတိုင်ပါ....အရေးယူပေးမယ်လို့ပြောလို့..ညယ်
မဲစာရင်းအမှားသေချာမှတ်ပြီးတိုင်ပါ....အရေးယူပေးမယ်လို့ပြောလို့..ညယ်
01:16
No comments
0 comments:
Post a Comment