မော်လူးသားများအတွက် သတင်းကောင်းပေါ့....ညယ်......
ရှေ့ပြေးသတင်း
ကျနော်တို့မော်လူးဒေသသားတွေ
သွားရေးလာရေးအဆင်ပြေချောမွေ့စေဖို့
အမှတ်(၅၇)အဆန်နှင့်အမှတ်(၅၈)အစုန် မလိခ-မန္တလာ အထူးရထား မနက်ဖြန်
(၂၆.၁၀.၂၀၁၅) ရက်နေ့မှစတင်ပြီး မော်လူးဘူတာ၌ ရပ်မည်ဖြစ်ပါသည်။မန္တလေး-မြစ်ကြီးနား ရထားများအနက် ကျနော်တို့မော်လူးဒေသသားများ အနေဖြင့်
ဒုတိယအမြန်ရထားနှင့်အထူးအမြန်ရထားနှစ်စီးသာ မော်လူးဘူတာ၌ ခုံရပြီးရပ်နားပေးပါသည်။ယခု
မလိခ-မန္တလာရထားမှာ ခရီးစဉ်တစ်လျှောက် ရပ်သောဘူတာလည်းနည်းပြီး၊သက်တောင့်သက်သာနှင့်မိမိလိုရာခရီးကိုအဆင်ပြေချောမွေ့စွာလိုက်ပါနိုင်တော့မှာဖြစ်၍
မော်လူးဒေသသားများအတွက်သတင်းကောင်းဖြစ်ပေသည်။မလိခ-မန္တလာရထားမှ ခရီးသည်များအတွက် ခုံနေရာ(၅)ခုရမည်ဖြစ်ပြီးမနက်ဖြန်(၂၆.၁၀.၂၀၁၅)ရက်နေ့ ရထားစတင်ရပ်သည့်အထိမ်းအမှတ်ကြိုဆိုပွဲအဖြစ် မော်လူး(အ.ထ.က)ကျောင်းမှ ကျောင်းသား/သူ များ၏ ဘင်ခရာတီးဝိုင်းများ၊မော်လူးသားများဖြင့်စည်းကားသိုက်မြိုက်စွာကြိုဆိုကြမည်ဖြစ်ကြောင်း သိရပါသည်။
Sunday, 25 October 2015
Home »
» မော်လူးသားများအတွက်သတင်းကောင်းပေါ့ညယ်
မော်လူးသားများအတွက်သတင်းကောင်းပေါ့ညယ်
00:28
No comments
0 comments:
Post a Comment