Thursday, 15 October 2015
Home »
» အတွက်ခက်သည့်ပုစ္ဆာ
အတွက်ခက်သည့်ပုစ္ဆာ
18:28
No comments
ေ၇ာက်တတ်ရာရာအတွေးများ
အတွက်ခက်သည့်ပုစ္ဆာ
ယနေ့လူမှုစာမျက်နာဟုတင်စားခေါ်ဝေါ်နေကြသောfacebookသည်
မြန်မာပြည်သူတွေ၏လူမှုဘဝနင့်စိတ်ရင်းစိတ်ဓာတ်ကိုထင်ဟပ်နေသည်။ထို့အတူစိတ်စေတနာနင့်
အတွေးအခေါ်အမြော်အမြင်တွေကို
လည်းမြင်ကြရသည်။
မြန်မာပြည်သည်ဗုဒ္ဓဘာသာဝင်
အများဆုံးနေထိုင်သောနိုင်ငံဖြစ်သည်။မြတ်ဗုဒ္ဓ၏အဆုံးအမကိုခံယူ
ကြသောမြန်မာပြည်သူုပြည်သားများ
ယဉ်ကျေးသိမ်မွေ့ကြသည်ဟုကမ္ဘာ့
အလယ်ဝင့်ထည်ခဲ့ကြသည်။
သို့သော်ကမ္ဘာ့အလယ်ဂုဏ်ယူဝင့်ကြွားခဲ့သောမြန်မာလူထုယနေ့အချိန်ရိုင်းစိုင်းနေကြပြီလော။ကျောက်ခေတ်ကအတွေးအမြင်သာသာဖြစ်နေကြပြီလော။
ယနေ့လူမှုကွန်ယက်စာမျက်နာခေါ်Facebookကိုကြည့်ပါ။တစ်ဦး
နှင့်တစ်ဦးဆဲကြဆိုကြကိုယ်ကိုး
ကွယ်သည့်မြတ်ဗုဒ္ဓမှအားမနာဆဲဆို
သံတွေကမိုးမွှန်နေသည်။
မြန်မာပြည်လူမှုဘဝအခြေနေ
ကိုလေ့လာစောင့်ကြည့်ပြီးစိတ်မချမ်း
သာစရာမြင်ကွင်းတွေကြောင့်ပြောင်း
လဲလိုသူတွေပြောင်းလဲချိန်တန်ပြီလို့
ကြွေးကြော်ကြသည်။တဖက်က
လည်းအပြောင်းလဲကိုမမြင်လိုသူတွေကကန့်လန့်တိုက်ကြသည်။
ပြောင်းချင်သူနဲ့မပြောင်းချင်သူတွေ
ဆဲကြဆိုကြပိုလို့အသံကျယ်လောင်
လာသည်။
ဒါကိုကြည့်ခြင်းဖြင့်မြန်မာ့စိတ်
ဓာတ်တွေအောက်တန်းကျလာသည်။လူတစ်ဖက်နှင့်တစ်ဖက်အရည်
အချင်းယှဉ်ပြိုင်စဉ်အရည်အချင်းမမီ
သူတွေကအရည်အချင်းသာသူတွေ
ကိုအမနာပစကားတင်းတွေနဲ့တိုက်ခိုက်ဆဲကြဆိုကြသည်။ဒါသည်ပင်
မြန်မာတွေ၏တွေးခေါ်မြော်မြင်မှုနိမ့်
ကျခြင်းကိုပြသနေသည်။
တွေးခေါ်မျှော်မြင်မှုနိမ့်ကျသူ
သည်ကိုယ့်အရည်အချင်းမပြည့်မီ
မ္ဗုကိုမမြင်ပဲသူတစ်ကိုသာအပြစ်တင်လေ့ရှိသည်။
နိမ့်ကျသည့်ပညာရေးစနစ်ဖြင့်ဖျက်
ဆီးခံထားရသောကျွန်တော်တို့မြန်မာတွေစိတ်ဓာတ်မြင့်မြတ်မှုဆိုတာ
နည်းပါးလာသည်။
ကိုယ့်ရဲ့ပြိုင်ဘက်ကိုတရားသောနည်းဖြင့်နိုင်အောင်ကိုယ့်
ကိုယ်ကိုအရည်အချင်းတွေဘယ်လို
ဖြည့်သွင်းရမလဲဆိုတာမစဉ်းစား
ယုတ်မာကောက်ကျစ်မှုဖြင့်သာခြေထိုးချင်ကြသည်။
ဒါသည်ယနေ့မြန်မာလူမှုနယ်
ပယ်တွင်မြင်တွေ့နေကြရသည့်ုမြန်မာ့စိတ်ရင်းအမှန်တွေဖြစ်နေသည်။
ထိုသို့သောစိတ်ဓာတ်တွေဖြင့်မည်
ကဲ့သို့တိုင်းပြည်ထူထောင်ကြမည်
နည်း။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment