မပြည့်သည့်အိုးများ.........
လူဆိုသည်မှာမိမိ၏အပြစ်ကိုမမြင်ပဲ သူတစ်ပါး၏အပြစ်ကိုသာ အပြစ်တင်ပြောဆိုလေ့ရှိကြသည်မှာ ဓမ္မတာပင်။သူတစ်ပါး၏အပြစ်ကိုမြင်နေသမျှမိမိမှာလည်းအပြစ်မကင်းနိုင်ပဲ၊မိမိအပြစ်ကိုလည်းသူတစ်ပါးမြင်မည်မှာမလွှဲဧကန်ပင်။လူလူချင်းပေါင်းသင်းဆက်ဆံရသောလူမှုဆက်ဆံရေးနယ်ပယ်တွင် အားနည်းချက်၊အားသာချက်တို့လူတိုင်းရှိကြသည်ကို သဘောပေါက်လက်ခံသင့်သည်။မိမိအပါအ၀င်လူတိုင်းအပြစ်နဲ့မကင်းသည်ကိုလည်းသိထားသင့်ပေသည်။ခွင့်လွှတ်တန်သောအပြစ်တို့ကိုခွင့်လွှတ်နိုင်အောင်လည်းကြိုးစားရမည်။အရာရာတိုင်းမိမိကသာအပေါ်စီးက အမြဲအသာရချင်နေလျှင် ပေါင်းသင်းဆက်ဆံရေး၌အဆင်မပြေဖြစ်တတ်သည်။အပြန်အလှန်လေးစားမှု၊တန်ဖိုးထားမှုရှိမှသာ လက်တွဲလုပ်ဆောင်ရသောအလုပ်၌ ပျော်ရွှင်စေ၍တိုးတက်အောင် ကြံဆောင်နိုင်ပေမည်။လူတိုင်း၏အားနည်းချက်များ၊အပြစ်များကိုသာကြည့်၍ခွဲခြားဆက်ဆံခြင်း၊အသုံးချခြင်းများပြုမူနေပါက တစ်ဖက်လူကလည်း မိမိကို ထိုသို့မဆက်ဆံလာနိုင်ဘူးလား ဟူ၍ မေးခွန်းထုတ်ရမည်။ကျနော်ကြုံဖူးသောဆရာများတွင်ထိုသို့သောအားနည်းချက်၊ချို့ယွင်းချက်ကိုသာကြည့်၍ အသုံးချဆက်ဆံတတ်သော ဆရာမျိုးလည်းရှိနေသည်။မိမိနှင့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ်တွင်လည်း နှုတ်၏စောင့်စည်းခြင်းမရှိ။စကားအသုံးအနှုန်း အောက်တန်းကျသည့်ဆရာမျိုး ပညာတတ် အသိုင်းအ၀ိုင်းတွင် ရှိနေသည်မှာလည်း အံ့သြဖွယ်ပင်။
ကျနော်တွေ့ကြုံရသောဆရာမှာ မိမိနောက်မှရောက်လာသော တစ်ဖွဲ့ထဲဖြစ်သောသူ့အပေါင်းအသင်းဆရာတစ်ယောက်ကိုအိမ်ပေါ်မှနှင်သည်အထိ စကားအသုံးအနှုန်း ရင့်သီးလေသည်။နောက်တွေ့ကြုံရသောဆရာတစ်ယောက်မှာကား.... "ကျနော်ကဘယ်သူ့မှအောက်မကျို့တတ်ဘူး.....မိမိအမှားရှိပါကလည်း...ဂရုမစိုက်" ဟုဆိုလာလေသည်။ ကောင်းပြီ....လူတိုင်းသည်သူ့မာနနဲ့သူရှိကြသည်သာဖြစ်၍ ထိုဆရာမျိုးကို ကျန်သည့်လူများကရော ဆယ်ကာပြန်အောက်မကျို့ပဲ မိမိနှင့်ထိုက်တန်သောစိတ်ရင်းအတိုင်းသာ တန်ပြန်သက်ရောက်နိုင်သည်ကို သိမှသိပါလေစ........ဟုသာမေးခွန်းထုတ်ချင်သည်။မပြည့်သည့်အိုးဆိုသည်မှာ အမြဲဘောင်ဘင်ခတ်တတ်သည့်သဘောရှိသည်......မဟုတ်ပေလော.......။
0 comments:
Post a Comment