Pages

Wednesday, 21 October 2015

လက်​မယားကြနဲ့ညယ်

တရားမ၀င် ဗွီစီဒီ၊ စီဒီ၊ ဒီဗွီဒီ ကူးယူသူများကို ဗိုက်ဘာဖြင့် တိုင်ကြားနိုင်
ပြည်တွင်းသတင်း

မြန်မာတိုင်းရင်းသားပိုင် ထုတ်လုပ်ဖြန့်ချိလျက်ရှိသော တေးသီချင်းများကို တရားမဝင် ကူးယူသူများ တွေ့ရှိပါက ဂီတအစည်းအရုံး၏ Viber နံပါတ် ဝ၉-၇၈၆၈၂ဝဝ၂၇ သို့ အောက်တိုဘာ ၂ဝ ရက်မှ စတင်တိုင် ကြားနိုင်ကြောင်း အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တာမွေမြို့နယ် ဂီတအစည်းအရုံး၌ ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။ မူပိုင်ခွင့် ချိုးဖောက်မှု ကာကွယ်တားဆီရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးဆွေက ''အရင်က ဥပဒေမှာ ခိုးကူးခွေတွေကို ဖမ်းမယ်ဆိုရင် ဗွီဒီယို အခြေခံပါမှ ဖမ်းလို့ရမယ်၊ အခုထပ်တင်ထားတဲ့ ဥပဒေမှာ ဗီဒီယို စိစစ်ကြီးကြပ်ရေးနဲ့ ပူးပေါင်းပြီး ဂီတနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဗီဒီယိုအခြေခံမလိုဘဲ မြန်မာနိုင်ငံ ဂီတအစည်းအရုံး နဲ့ပဲ ဖမ်းဆီးပြီး တရားစွဲဆိုကာ လိုအပ်သော လျော်ကြေးများ တောင်းလို့ရတဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြား ဗွီဒီယိုအက် ဥပဒေ တစ်ခုတည်း မကဘဲနဲ့ အခြားလိမ်လည်မှု၊ အတုအပပြုလုပ်မှု၊ ပုံနှိပ်ဥပဒေ စတဲ့ တည်ဆဲဥပဒေများနဲ့ ချိတ်ဆက်ပြီး အရေးယူလိုရအောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဆိုသည်။ မူပိုင်ခွင့် ချိုးဖောက်သူများထံမှ မူပိုင်ခွင့် နစ်နာကြေး လျော်ကြေးငွေများကို မူပိုင်ရှင်များ၏ တီထွင်ဖန်တီးမှု အသိဥာဏ် ပစ္စည်းများအပေါ် အကျိုးခံစား ခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ အသစ်ထွက်ရှိ လာမည့် ဂီတလောကသားများအတွက် လွှတ်တော် မှ မူပိုင်ခွင့်ဥပဒေ မပြဋ္ဌာန်းမီ ကာလအတွင်း လက်ရှိအချိန်တွင် အရေးယူ ဆောင်ရွက်နိုင်ရန် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ မူပိုင်ခွင့် ချိုးဖောက်သူများအတွက် ‘ဒဏ်ကြေးငွေ ပမာဏကိုလည်း တိုးမြှင့်သတ် မှတ်ထားကြောင်း သိရသည်ဟု ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။"

0 comments:

Post a Comment