ရောက်တတ်ရာရာအတွေးများ
တခုခုတော့လွဲနေပြီ
လွဲတာတော့လွဲနေတယ်ဗျ။ဘာလွဲ
တာလဲတော့မသိဘူး။ဒါပေမဲ့လွဲကို
လွဲနေလေရဲ့။
ကမ္ဘာကရောမြန်မာ့ပညာရှင်
တွေရောမြန်မာပြည်ဟာဘာမှ
ပြောင်းလဲမလာဘူးလို့တသံတည်း
အော်နေကြတာလေ။ဒါကိုအာဏာ
ရပါတီကမြန်မာပြည်ပြောင်းလဲနေ
ပါပြီတဲ့။
ကျွန်တော်ခေါင်းကိုက်သွားတယ်။
အာဏာရပါတီပြောသလိုဘာတွေ
ပြောင်းလဲပြီလဲ။စဉ်းစားကြည့်တယ်။
မြန်မာပြည်ရဲ့အသက်ဖြစ်တဲ့၂၀၀၈
ပြင်လို့ပြီးပလား။ဒါအဓိကပဲ။ပြီး
တော့ပညာရေး၊တရားစီရင်ရေး၊
လာဘ်ပေး၊လာဘ်ယူအကျင့်ပျက်
ခြစားမှုဒါတွေဒါတွေတကယ်သိသာ
ထင်ရှားပြင်ပြီးပြုပြီကြပြီလား။
မြန်မာပြည်အဆင်းရဲဆုံးအခြေ
အနေကို၂၆ရာခိုင်နုန်းမြှင့်တင်ပြီး
ပြီလို့သမ္မတကပြောပေမဲ့၊ကမ္ဘာ့
ဘဏ်ရဲ့ကြေငြာချက်မှာ၃၂ရာခိုင်
နုန်းဆင်းရဲနေကြသတဲ့။
အကျင့်ပျက်ခြစားမှုက. တွက်
ချက်ထားတဲ့နိုင်ငံပေါင်း၁၇၄နိုင်ငံ
မှာကျွန်တော်တို့က၁၅၆ဆိုပဲ။
ဒါဆိုဘာပြောင်းလဲတာလဲ။အာဏာ
ရပဲမှားသလား။ကမ္ဘာနဲ့မြန်မာ့ပညာ
ရှင်တွေကပဲမှားနေသလား။တခုခု
တော့လွဲနေပြီဗျို့။ဟုတ်တယ်လွဲနေ
တယ်။မသိနားမလည်သူတွေကို
လက်ဆောင်ငွေကြေးနဲ့ဖျားယောင်း
ပြီးမမှန်မကန်အသိတွေသွတ်သွင်း
မေကြတယ်။ဒါလွဲတာပဲ။
ဖုန်းလေးကိုင်နိုင်ရုံ၊မီးလေး
တပွင့်လင်းလာရုံ၊လမ်းလေးတမိုင်
ခင်းရုံ ဒါပြောင်းလဲတာလား။ဒါ
ကိုမဟာ့မဟာအပြောင်းအလဲလို့
မြင်ကြရင်တော့မှားကြပေတော့
မပေါ့။ဒါသည်နမ်းဖြူုးခြင်း၊ပျားရည်
ဆမ်းခြင်းပဲ။
ဒါတွေထက်မြန်မာပြည်အတွက်အလိုအပ်ဆုံးဆိုတာတွေ
ဒါတွေထက်နက်နဲတဲ့အရာတွေဟာ
အရင်ကထက်နစ်ဝင်သွားတယ်
ဆိုတာပြောင်းလဲနေပါပြီဆိုပြီး
ဘာတွေပြောင်းလဲမှန်းမသိသေး
သူတွေထပ်လေ့လာကြဦးဗျို့။
လွဲတော့လွဲနေတယ်။
မင်းတို့ပဲလွဲသလား။ငါတို့ပဲလွဲနေ
သလား။လွဲတာတော့လွဲနေလေ
ရဲ့။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment