ဥတုသုံးလီ ရာသီစက်မောင်း လည့်ကာပြောင်း လည်းသူတို့တွေက ဟောင်းနေဆဲ။ဘယ်နည်း ဘယ်ပုံအတွေး နူံ တွေးဆယူ၍မရချေပြီ ။ သြော်း ……ခက်တော့နေပြီ ခက်နေ ပြီ။ ကျွန်တော်တို့တစ်ဖွဲ့ထဲပါပဲ ဘယ်လိုပြောရမလည်းတောင်မသိ တော့အောင် ခက်နေတာတော့အမှန်ပါဗျာ။ ဟို သူများတွေပြော သလို နှစ်ယောက်ရှိရင်သုံးဖွဲ့ကွဲ ဆိုသလိုများဖြစ်နေမလားတော့ မသိပါဘူးဗျာ။အချင်းချင်းတွေဆိုတော့ မကွဲချင်တာအမှန်ပါပဲ။ သိုသော်လည်း ကြာလာတော့စိတ်ပျက်မိပါတယ်။အားလုံးကသာ စိတ်သဘောထားပြည်ဝကြမယ်ဆိုရင် ဘယ်လောက်ထိကောင်း လိုက်မလည်းနော်။ ဒါကလည်းစိတ်ကူးယဉ် သက်သက်ပဲဖြစ်မှာ ပါ။ဘာလို့လည်းဆိုတော့ ကျွန်တော်ကလည်း ကျွန်တော်မှန်တာ ကိုလက်မလျှော့သတ်သလို သူတို့ကလည်း သူတို့မှန်တယ်ထင် ရင်လက်လျှော့မှာ မဟုတ်ဘူးလေ ဒါလည်းတစ်မျိုးတော့ကောင်း ပါတယ်လေ။သူ့နေရာနဲ့သူ သူ့အတွေးနဲ့သူ မှန်နေကြတာပဲကို ဟုတ်လားဗျာ။ဒါပေမဲ့လည်း တာဝန်ကျေနိုင်ကြရင်တော့ကောင်း တာပေါ့ဗျာ။ရာထူးနဲ့ အာဏာကိုအကြောင်းပြ အသုံးချပြီး တာ ဝန်ကြ တော့မယူချင် တာဝန်မခံချင်ပဲနဲ့ အထက်ကနေပဲအခွင့် အရေးယူပြီး အနိုင်ကျင့်တဲ့ပုံစံမျိုးကြတော့ ဘယ်လိုလက်ခံရမှာ လည်းဗျာ။ဟုတ်ရဲ့လား တစ်ချို့ဆိုရင် အထက်မှာ သုံးနှစ်သုံး မိုးနေရာယူပြီး တာဝန်မယူတာမျိုးတွေလည်း ရှိတတ်ရန်ကော လားဗျာ။တစ်ချို့ ကြတော့လည်း ဘိန်းစားခြင်းအတူတူ တစ်မူး ပိုရှူရမှဆိုတာတွေကြုံဖူးကြရောပေါ့ နော်။အဲ့ဒါတွေကြောင့်လည် သဘောထားကွဲလွဲမှု့တွေဆိုတာ ဖြစ်နေတာထင်ပါရဲ့ဗျာ။တကယ် တော့ကျွန်တော့အနေနဲ့ သဘောထားမကွဲချင်သာမို့ အတတ် နိုင်ဆုံး လိုက်လျောမှု့တွေလုပ်ခဲ့ပေမဲ့ မလုံလောက်လို့ လို့ပဲထင် ပါတယ်။ ဒီနေ့အထိလည်းကွဲလွဲနေသာပါပဲလားနော်။ဘယ်လိုလုပ်ရပါ့မ လည်းနော်။ဟင်…………တွေးရင်း……တွေးရင်း မောပါတယ် ကောဗျာ။
Sunday, 11 October 2015
Home »
» သုံးနှစ်သုံးမိုးတာဝန်အတွက်မှတ်ကျောက်တင်ကြည့်ခြင်း
သုံးနှစ်သုံးမိုးတာဝန်အတွက်မှတ်ကျောက်တင်ကြည့်ခြင်း
10:49
No comments
0 comments:
Post a Comment